Breaking News

ရဲရင့်သက်ဇွဲ - ကပ်ကမ္ဘာထဲက ရခဲလှတဲ့ လူ့ဘဝ

google.com
ကပ်ကမ္ဘာထဲက ရခဲလှတဲ့ လူ့ဘဝ
ရဲရင့်သက်ဇွဲ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၀

စိုးရိမ်ထိတ်လန့်မှုတွေဟာ
လူသူကင်းမဲ့တဲ့ လမ်းတွေအပေါ်
ကြောက်လန့်တကြား ပြေးလွှားလို့နေတယ်။
မမြင်ရတဲ့ ရန်သူဟာ
တို့လူသားတွေရဲ့ အသက်ဓာတ်
ဆွဲဖြတ်လို့နေတယ်......

အပြင်မထွက်ရဆိုတဲ့ တားမြစ်မိန့်က
သေခြင်းတရားကို ဆင်ချင်နိုင်ဖို့နဲ့
ဘုရားဟောထားတဲ့ တရားထဲက
ရခဲလှတဲ့ လူ့ဘဝကို သတိတရရိဖို့ပါပဲ.....

ရာထူး အာဏာ စည်းစိမ်
ဆင်းရဲ ချမ်းသာ အယုတ် အလတ် အမြတ်မရွေး
အဆင့်အတန်းမခွဲခြား 
ဗိုင်းရပ်စ်က ကိုက်ဝါးသွားမှာပဲ.....

အသိတရား အရှိတရားနဲ့
ရခဲလှတဲ့ လူ့ဘဝကို
ကျားကုပ် ကျားခဲဖက်တွယ်ထားဖို့
အကြောက်တရားနဲ့ချောက်ချားမနေကြဖို့ပါပဲ

လူသားရဲ့ရခဲလွတဲ့ လူ့ဘဝကို
ထုံးလိုချေ ရေလိုနှောက်နိုင်တဲ့
ဒီဗိုင်းရပ်ဆိုးကို 
ဘယ်လိုခုခံကာကွယ်ကြမှာလဲ......

ဟောဒီ ကပ်ကမ္ဘာမှာ
ရခဲလှတဲ့လူ့ဘဝကို
ကုပ်ကပ်တွယ်ထား တို့လူသားတွေ
သတိ တမာန် ဉာဏ်မြေကတုတ်
ကြောက်စိတ်ကို ချွန်းအုပ်လို့
အသက်ကို ဉာဏ်စောင့်နိုင်ကြပါစေ.....။

၁၃ ၀၄ ၂၀၂၀