Breaking News

မောင်လူပေ - ကိုရိုနာ တသန်းပြည့်ပြီ (၀၂/၀၄/၂၀)





မောင်လူပေ - ကိုရိုနာ တသန်းပြည့်ပြီ (၀၂/၀၄/၂၀)

(မိုးမခ) ဧပြီ ၃၊ ၂၀၂၀

ကူးစက်ခံ တစ်သန်းပြည့်ခဲ့ပြီ။
သေဆုံးသူလည်း ငါးသောင်းတစ်ထောင်ကျော်ပြီ။


အမေရိကန်ပြည်ထောင်စု
ကူးစက်ခံ နှစ်သိန်သုံးသောင်းကျော်
သေဆုံး (၅၇၀၀)ကျော်

အီတလီ
ကူးစက်ခံ တစ်သိန်းတစ်သောင်းကျော်
သေဆုံး (၁၄၀၀၀)နီးပါး

စပိန်
ကူးစက်ခံ တစ်သိန်းတစ်သောင်းကျော်
သေဆုံး (၁၀၀၀၀)ကျော်

ပြင်သစ်
​ကူးစက်ခံ ခြောက်သောင်းနီးပါး
သေဆုံး (၄၅၀၀)ကျော်

အင်္ဂလန်
ကူးစက်ခံ သုံးသောင်းကျော်
သေဆုံး (၃၀၀၀)နီးပါး

အီရန်
ကူးစက်ခံ ငါးသောင်းကျော်
သေဆုံး (၃၁၀၀)ကျော်


ရောဂါပိုးဟာ ထင်ထားတာထက်ဝေးကွာတဲ့အရပ်အထိ ရောက်ရှိနိုင်ပြီး လေထဲမှာ အချိန်အတော်ကြာအောင် အသက်ရှင်နေနိုင်တယ်လို့ တွေ့ရှိချက်အသစ်တွေကဆိုတယ်။ ချောင်းဆိုးရာမှသာ ကူးစက်တာမဟုတ်ပဲ ပိုးရှိနေသူနဲ့ စကားပြောရင်း၊ အသက်ရှူရင်းက ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ ၂၅-၅၀%သော ပိုးကူးစက်ခံရသူတွေက ရောဂါလက္ခဏာမပြလို့ မသိကြပဲ ရောဂါသယ်ဆောင်သူတွေ ဖြစ်ကုန်ကြတယ်။ နီးစပ်ရာလူတွေကို ကူးစက်စေခဲ့တယ်လို့ တွေ့ရှိရတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမှာ ရောဂါပိုးတွေ ကူးမှန်းမသိကူးကုန်ကြလို့ ခုလို ထိမ်းမနိုင်သိမ်းမရ ဖြစ်ကုန်ကြတာ ဖြစ်တယ်။

အမေရိကန်ပြည်ထောင်စုအတွင်းရှိ ရောဂါဒါဏ် အပြင်းအထန်ခံနေရတဲ့ နယူးယောက်ပြည်နယ်မှာ တစ်ရက်အတွင်း (၄၃၂)ဦးသေဆုံးခဲ့တယ်။ သေဆုံးသူ (၂၃၇၃)ဦးရှိပြီ။ တစ်နိုင်ငံလုံးသေဆုံးမှုရဲ့ (၄၂%)ဟာ နယူးယောက်ပြည်နယ်က ဖြစ်တယ်။ အ​ရေးပေါ်လူနာတွေအတွက် လေရှူစက်လည်း ခြောက်ရက်စာသာ ကျန်တော့တယ်လို့အုပ်ချုပ်ရေးမှူးက သတိပေးထားတယ်။

မြန်မာပြည်မှာလည်း လူနာ(၁၅)ရဲ့ မိသားစုဝင်လေးဦးမှာ ကူးစက်ခံထားရကြောင်းတွေ့ရတဲ့အတွက် ကူးစက်ခံ(၂၀)ဦး တွေ့ရှိထားပြီး တစ်ဦးသေဆုံးခဲ့တယ်။

ဂရုစိုက်ကာ နေထိုင်ကြပါ။