Breaking News

မောင်လူပေ - ဧပြီဖူးလ်မဟုတ်ဘူး၊ ကိုရိုနာ (၀၁/၀၄/၂၀)



မောင်လူပေ - ဧပြီဖူးလ်မဟုတ်ဘူး၊ ကိုရိုနာ  (၀၁/၀၄/၂၀)

(မိုးမခ) ဧပြီ ၂၊ ၂၀၂၀

April fool မဟုတ်ဘူး။

​ကူးစက်ခံရသူ ကိုးသိန်းကျော်ပြီ။ နောက်တစ်ရက်နှစ်ရက်အတွင်း တစ်သန်းပြည့်ပါတော့မယ်။ သေဆုံးသူလည်း (၄၆၀၀၀)ကျော်ခဲ့ပြီ။

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ခံရသူ နှစ်သိန်းကျော်သွားပါတယ်။ ကမ္ဘာ့ကူးစက်ခံရသူတွေရဲ့ ၂၂%ဟာ အမေရိကန်တွေပါ။ နောက်ထပ်သုံးပတ်လောက်ကြာရင် သန်းနဲ့ချီပြီး ကူးစက်မယ်လို့ ခန့်မှန်းထားတယ်။ သေဆုံးရသူ (၄၅၀၀)ကျော်ရှိသွားပြီ။

အီတလီနဲ့စပိန်တို့မှာလည်း ကူးစက်ခံရသူ တစ်သိန်းကျော်စီရှိကြပါတယ်။ ဒီနိုင်ငံနှစ်ခုပေါင်းရဲ့ ကူးစက်ခံရသူလည်း တကမ္ဘာလုံးရဲ့ ငါးပုံတစ်ပုံကျော်ဖြစ်တဲ့ ၂၂%ပါပဲ။ နိုင်ငံနှစ်ခုပေါင်းသေဆုံးသူ (၂၂၀၀၀)ကျော်သွားပါပြီ။

ပြင်သစ်မှာလည်း ကူးစက်ခံ ငါးသောင်းခြောက်ထောင်ကျော်နဲ့ သေဆုံး(၄၀၀၀)ကျော်ရှိတယ်။

ဘိလပ်မှာလည်း ကူးစက်ခံသုံးသောင်းနီးပါးနဲ့ သေဆုံး(၂၃၀၀)ကျော်ပြီ။

အာရှ အသေအပျောက်အများဆုံးက အီရန်မှာ။ သေဆုံး (၃၀၀၀)ကျော်နဲ့ ကူးစက်ခံ လေးသောင်းခုနှစ်ထောင် ရှိတယ်။

အမေရိကားနဲ့ အိုက်စလန်တို့မှာ တွေ့ရှိချကိအသစ်များအရ ရောဂါပိုးကူးစက်ခံရသူ ၂၅% ကနေ ၅၀% ခန့်ဟာ ရောဂါဝေဒနာမပြတဲ့အတွက် ရောဂါရှိမှန်းမသိဘူး။ သူတို့ဟာ ရောဂါပိုးသယ်ဆောင်သူတွေဖြစ်လာပြီး အခြားသူများကို ကူးစက်စေခဲ့ကြတယ်။

ဒီဗိုင်းရပ်ရောဂါဟာ ကမ္ဘာကြီးအတွက် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အကြီးမားဆုံးစမ်းသပ်ခံရမှုဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောတယ်။

ရောဂါကာကွယ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းအချို့ကို ပြုပြင်ပြောင်းလဲမှုရှိမယ်လို့ WHO အကြီးအကဲကသတိပေးတယ်။ ရောဂါပိုးအသစ်မို့ တွေ့ရှိချက် အသစ်ရှိလာရင် ထပ်ပြီးကြေညာမဲ့သဘောမျိုးပါ။

ကျွန်းနိုင်ငံငယ်လေးစင်္ကာပူမှာလည်း ကူးစက်သူ(၇၄)ဦးထပ်မံတွေ့ရတဲ့အတွက် လူတစ်ထောင်အထိ ကူးစက်ခံခဲ့ရပြီ။

မြန်မာပြည်မှာလည်း ရပ်ရွာအတွင်းကူးစက်လူနာတစ်ဦးထပ်တွေ့ရလို့ ကူးစက်ခံ(၁၆)ဦးရှိလာပြီ။ အဲဒီလူနာဟာ သားဖြစ်သူပြန်လာတာကို လာကြိုရင်း ကူးစက်ခံရတယ်လို့ဆိုတယ်။

ဂရုစိုက်ကြပါ။