Breaking News

အောင်ဝေး - က ပ် ( ၅ )



အောင်ဝေး - က ပ် ( ၅ )

(မိိုးမခ) ဧပြီ ၃၊ ၂၀၂၀

ကပ်ကြီးက
ကပ်လာပြီ။

တပ်ကြီးက
ပျက်လာပြီ။

သေမင်းက
သရဖူ * ဆောင်းလို့။

ကောင်းဘွိုင်ရုပ်ရှင်ထဲမှာလို
သရဖူဆောင်းထားတဲ့
သေမင်းက
မြင်းကြီး စီးလို့။

ဒိုင်းခနဲ
ငါ
ပစ်ချလိုက်တယ်
ကောင်းဘွိုင်ရုပ်ရှင်ထဲကလို။

ညတုန်းက
တို့တစ်ရွာလုံး
မအိပ်လိုက်ရဘူးလေ။ ။


(ဧပြီ ၂၊ ၂၀၂၀)
* Corona- သရဖူ (စပိန်စကား)