Breaking News

အောင်ဝေး - ကမ္ဘာ( ၁ ၀ )




အောင်ဝေး - ကမ္ဘာ( ၁ ၀ )

(မိုးမခ)ဧပြီ ၁၇၊ ၂၀၂၀

ဒီ ကဗျာ၊ လက်ဆေးပြီးမှ ဖတ်ပါ။

ကိစ္စ ပေါ်ရင်
မန္တလေး ဆို
ဗြဟ္မစိုရ် ပေါ့။

ရန်ကုန် ဆို
ကိုကျော်သူ ပေါ့။

ငါ့သ င်္ချီုင်းက သာတယ်
သူ့ သ င်္ချိုင်းက သာတယ်
သူရူးနဲ့ မငြင်းလေနဲ့။

လုပ်တိုင်းက လုပ်တိုင်း
တစပြင်က တစပြင်။

နယူးယောက် စီးတီးမှာ သေသေ
ရောမ မြို့ကြီးမှာ သေသေ
သေရင် မြေကြီး။

နယ်သာလန်ဖွား ဗင်းဆင့်ဗန်ဂိုး
ပြင်သစ်မြေကြီးမှာ မြှုပ်နှံ။

ဂျာမနီဖွား ကားလ်မတ်
အင်္ဂလန်မြေကြီးမှာ မြှုပ်နှံ။

ကမ္ဘာပေါ်
ဘယ်မြေကြီးမှ
လူတွေကို မမွေးဖွားရ
လူသေကို မမြှုပ်နှံရ
ထုတ်ပြန်တာ မရှိ။

သုသာန်က သုသာန်
ရုပ်နာမ်က ရုပ်နာမ်။

မန္တလေးလည်း မြေကြီး
ရန်ကုန်လည်း မြေကြီး။

စကားကို ကတ် မပြောနဲ့
ကပ်ပြီးလည်း မပြောနဲ့
ခွာပြော။ ။

(ဧပြီ ၁၄၊ ၂၀၂၀)