Breaking News

ကိုတင်ထွန်းနိုင် - ဝူဟန်ကလက်ဆောင်

KT#
ဝူဟန်ကလက်ဆောင်
ကိုတင်ထွန်းနိုင်
(မိုးမခ) ဧပြီ ၂၈၊ ၂၀၂၀

အကြောက်တရားကိုတင်ပို့ဖို့ အကြောင်းတရားက
မျက်နှာဖုံးတပ်ထားရတယ်
ဝူဟန်မှ မီလန်ထိ ဗင်းနစ်မှာရေမြောင်းတွေပြန်ကြည်လင်လာသတဲ့ 
ကမ္ဘာကြီးကအသန့်ကြိုက်တယ်ဆိုတာတော့မငြင်းနဲ့လေ
ဘာနေဗျူးရော နူးကမ့်ပ်ရောပွဲကြည့်စင်ပေါ်ကအသံတွေ
အသံတွေဟာအက်ဒဝပ်မွန့်ချ်ဆီကလား ဒက်ဆီဘယ်အမြင့်ကြီးနဲ့
ငါတို့နိုင်ငံထဲဆိုက်ချလာတယ်
ကွာရင်တိုင်း*မဝင်ချင်တဲ့ ဗိုင်းရပ်စ်ဟာ ရန်ကုန်လေဆိပ်ကိုလှမ်းပုတ်တယ်
ကြည်း ရေ လေ ကြောင်းတွေနဲ့ မဝင်ခင်လာခင်စစ်ကြေညာတဲ့သဘော
စကားထစ်နေတဲ့ဗိုင်းရပ်စ်ဟာအစပိုင်းမှာဘာသာစကားအခက်အခဲကြောင့်ထင်သလောက်မပေါက်ဘူး
ပြည်ထောင်စုသားတွေဟာတက်ညီလက်ညီနဲ့စိတ်ဝမ်းကွဲနေတုန်းမှာ
ဘူးသီးတောင်နဲ့ပလက်ဝဆီကမီးတောက်တွေမြင်တော့
ဝူဟန်ကဗိုင်းရပ်စ်ဟာနှုတ်ခမ်းမွေးရိတ်ပြီးပြီဘိုကေညှပ်ပြီးပြီ။
ကုတ်အကျ်ီ ဝတ်မလို့လုပ်နေပြီ အရေးပေါ် ပဲလေ
အိုင်ဆေးကိုနှင်းမောင်ရေ တယောပြားလေးခဏချထားစမ်းပါဦး။ ။

*#quarantine