Breaking News

ဆောင်းယွန်းလ - "ဗိုင်းရပ်စ်ထက်ဆိုးတဲ့ပိုး"

Than Htay Maung


ဆောင်းယွန်းလ - "ဗိုင်းရပ်စ်ထက်ဆိုးတဲ့ပိုး"

(မိုးမခ) ဧပြီ ၆၊ ၂၀၂၀

အသွားမတော် တလှမ်းတဲ့
အစားမတော်တော့ ...
ခြောက်ပေအကွာ ခပ်လှမ်းလှမ်း ခွာနေကြရ
အချစ်မတတ်တော့
စစ်မက်ခင်းနေခဲ့ရတဲ့ ရာစုနှစ်ပေါင်းများစွာပေါ့
ချော်လဲရောထိုင်းရင်း
ကမ္ဘာပျက်ခြင်း စာရင်းထဲမှာ
ကိုယ့်နိူင်ငံကို စာလုံးပေါင်းမှန်မှန်လေးရေးထည့်လိုက်ရုံသာ။