Breaking News

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၉)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ (၉)

(မိုးမခ)ဧပြီီ၂၈၊ ၂၀၂၀

ပန်းချီကားအမည် စပိန်တုတ်ကွေးမိပြီးတဲ့အချိန် ရေးတဲ့ ကိုယ်တိုင်ရေးပုံတူ
ရေးဆွဲသူ Edvard Munch
ရေးဆွဲတဲ့ အချိန် – ၁၉၁၉
ပန်းချီကားကို အော်စလို အမျိုးသားပြတိုက် မှာ ပြသထားပါတယ်။

စပိန် တုတ်ကွေးကြောင့် ထင်ရှားတဲ့ အနုပညာရှင် အများအပြားကွယ်လွန်ခဲ့ကြပေမယ့် ပန်းချီဆရာ Edvard Munch ကတော့အသက်ဘေးက သီသီကလေး လွတ်မြောက်ခဲ့ပါတယ်။ သူဟာ စပိန်တုတ်ကွေး မိခဲ့ပေမယ့် အသက်မသေပဲကျန်ခဲ့ တဲ့ ပန်းချီဆရာတစ်ယောက်ပါ။ ဒီပန်းချီကားဟာ စပိန်တုတ်ကွေး မိပြီး နေ ပြန်ကောင်းလာ တဲ့အချိန်မှာ ရေးတဲ့ ကိုယ်တိုင်ရေး ပုံတူ ပန်းချီကား တချပ်ပါ။

ကပ်ဘေးရင်ဆိုင်နေရချိန်မှာ သူဟာ ပန်းချီကားတွေ၊ ပုံကြမ်းတွေ အများအပြားဖန်တီးခဲ့ပြီး လေ့လာသင်ယူမှုတွေ အများအပြားကိုလည်းပြုလုပ်ခဲ့ပါတယ်။

တုတ်ကွေးမိလို့ သေခြင်းတရားက သူ့အနီးနား ရောက်လာချိန်မှာ တောင် သူ့အလုပ်ကို တည်တည်ငြိမ်ငြိမ် လုပ်နိုင်သူပါ။ ဒီပန်းချီကားမှာ သူ့အသားတွေဝါနေတာ၊ ဆံပင်တွေပါး နေတာ၊ စောင်အထူကြီးနဲ့ ကိုယ်ကိုရစ်ပတ်ထားတာ တွေ့မြင်နိုင်ပါ တယ်။

ကိုးကား – https://www.dailyartmagazine.com/plague-in-art-10-paintings-coronavirus/

(၁၉-၄-၂၀၂၀)