Breaking News

ကိုသန်းလွင် - ရောဂါပြန့်ပွားမှုနှင့်အခွင့်အာဏာ

Economist.com 



ကိုသန်းလွင် - ရောဂါပြန့်ပွားမှုနှင့်အခွင့်အာဏာ

(မိုုုုုုးမခ) ဧပြီီ၂၉၊ ၂၀၂၀

Ref: For autocrats Coronavirus is a Chance to grab more power By Selam Gebrekidan, New York Times March 30 2020

Covid-19 ရောဂါပြန့်ပွားနေသည်နှင့်အတူ အုပ်ချုပ်သူများကလုပ်ပိုင်ခွင် ့အာဏာ ပို၍ရှိလာကြပါသည်။ ယခုအခါဟန်ဝေရီတွင်ဝန်ကြီးချုပ် (Victor Orbin) ကသူသဘောကျသလိုအမိန့်ထုတ်၍အုပ်ချုပ်နိုင်ပြီဖြစ်သည်။ ဗြိတိန်တွင် ဝန်ကြီးများသည် အများက ဝန်တိုရသည်အထိ လူတို့ကိုဖမ်းဆီးချုပ်နှောင်ခွင့် ရှိသွားပြီး နယ်စပ်ဂိတ် ကိုပိတ်နိုင်ပါသည်။ အစ္စရေးဝန်ကြီးချုပ်သည်တရားရုံးများကိုပိတ်ပြစ်နိုင်ပြီး သူ့ပြည်သူအများအားစောင့်ကြည့် ခြင်းလုပ်ငန်းကို ကြိုက်သလိုလုပ်ဆောင်နိုင်ပြီဖြစ်သည်။ ချီလီနိုင်ငံ တွင်စစ်တပ်ကို ဆန္ဒပြသမားများကျက်စား ရာနေရာသို့နှိမ်နှင်းရန်ပို့လွှတ်နိုင်သည်။ ဘိုလီဗီးယားတွင်ရွေးကောက်ပွဲများကို အလိုရှိ သလိုရွှေ့ဆိုင်းနိုင်ပါပြီ။

ကိုရိုနာဗိုင်းရပ်သည် ကမ္ဘာကြီးကိုရပ်တန့်သွားစေခဲ့ပြီးသည့်နောက် စိုးရိမ်နေကြသည့်ပြည်သူပြည်သား များက ရောဂါမပြန့်ပွားစေရေးအတွက် တစ်ခုခုလုပ်ကိုင်ရန်တောင်းဆိုကြသည့်နည်းတူ ကမ္ဘာတစ်ဝှမ်းမှခေါင်း ဆောင်များကလည်း တခဲနက်သြဇာအာဏာကို ကိုင်စွဲနေကြပါပြီ။

သဘာဝအတိုင်းမဟုတ်သော အချိန်များတွင်သဘာဝအတိုင်းမဟုတ်သော အဖြစ်အပျက်များဖြစ်ပျက်နိုင် ကြပါသည်။ နိုင်ငံများကသူ့နယ်စပ် ဂိတ်များကို ပိတ်ပစ်ရန်၊ လူများကိုသီးခြား ထားနိုင်ကြ ရန် (Quarrantine)၊ လူတို့အသွားအလာကိုစောင့်ကြည့်ရန် (Contact Tracing) သြဇာအာဏာလိုပါသည်။ ထိုလုပ်ရပ်များမှာအပြည် ပြည်ဆိုင်ရာ နည်းဥပဒေများအရ တားမြစ်ထားခြင်းများရှိပါသည်။

သို့သော်ဝေဖန်သူတို့၏အလိုအရရောဂါဖြစ်ပွားမှုကို ကာကွယ်ရန် အကြောင်းပြပြီးအချို့သော အစိုးရများ က ပါဝါအသစ်ကို ရယူနေကြပါသည်။ အာဏာကို အလွဲသုံးစားမလုပ်အောင်စောင့်ကြည့်နိုင်ခွင့်လည်းမရှိ ဟုဆို ပါသည်။ ထိုပါဝါအသစ်သည် ရောဂါပြန့်ပွားခြင်းနှင့်ဘယ်လိုမှသက်ဆိုင်မှုမရှိပါ။

ဥပဒေအသစ်များသည်လျင်မြန်စွာနေရာယူနေကြပါသည်။ ဂျော်ဒန်နိုင်ငံကဲ့အာဏာရှင်နိုင်ငံ များမှာ ဖြစ် စေ၊ ဒီမိုကရေစီရေးရာပျက်စီးနေသော ဟန်ဂေရီနိုင်ငံမှာဖြစ်စေ၊ ထုံးစံအရ ဒီမိုကရေစီနိုင်ငံဖြစ်သော ဗြိတိန်နိုင်ငံ မှာဖြစ်စေ၊ ထိုဥပဒေများ၏အကျိုးသက်ရောက်မှုများမှာဘယ်အခါမှာမှအဆုံးသတ်မည်မသိရဘဲနေရာယူ ပြဌာန်း နေကြပါသည်။

နိုင်ငံတော်မှစောင့်ကြည့်ပိုင်ခွင့်ကိုလည်းကောင်း၊ အစိုးရများကို ပြည်သူများအား အကန့်အသတ်မရှိ ဖမ်း ချုပ်နိုင်ခွင့်ကိုလည်းကောင်း၊ လွတ်လပ်မှုကိုထိန်းချုပ်ခြင်း၊ လူစုလူဝေးလုပ်ပိုင်ခွင့်ကို တားမြစ်ခြင်းတို့သည်လည်း ကောင်း လူ့သဘာဝပါတ်ဝန်းကျင်ကိုရှေ့လာမည့် ဆယ်စုနှစ်ပေါင်းများစွာ ပြုပြင်ပြောင်းလဲနိုင်သောကိစ္စရပ်များ ဖြစ်ကြပါသည်။

ရောဂါဖြစ်ပွားခဲ့ခြင်းက စည်းကမ်းဘောင်များကို ကျော်လွှားခဲ့ကြပါပြီ။ တောင်ကိုရီးယားနှင့် စင်ကာပူတွင် သာမန်အချိန်များတွင် လက်ခံနိုင်ဖွယ်ရာမရှိသော စုံစမ်းထောက်လှမ်းမှုများကို ပြုလုပ်ခဲ့ကြပါသည်။ ဤသို့ပြု လုပ်ခြင်းဖြင့် ရောဂါပွားမှုကို နှေးကွေးစေခဲ့သည်ဟုလည်း ပြောနေကြပါသည်။ ယခင်ကတရုတ်ပြည်အပေါ် မိမိတို့လူမျိုးသန်းပေါင်းများစွာတို့ကိုပိတ်ပင် (Lockdown) ခဲ့သည်ဟုဝေဖန်ခဲ့ကြသူများမှာ ယခုအခါထိုအတိုင်း လိုက်ပြီးလုပ်ဆောင်နေကြပါသည်။

အစ္စရေးဝန်ကြီးချုပ် နာတာညာဟူးသည်အကြမ်းဖက်သူများကို တိုက်ခိုက်ရန် တီထွင်ထားသည့် လက် ကိုင်ဖုံးမှတဆင့်ခြေရာခံသောတက်ခနိုလိုဂျီကိုသုံးစေခဲ့ပါသည်။ လူတို့၏ရွေ့လျားမှုများကိုထောက်လှမ်းခြင်းအား ဖြင့် သီးသန့်နေရန်အမိန့်ကို ဖောက်ဖျက်သူများအား ၆လအထိ ထောင်ချနိုင်သည့် ဥပဒေကို လည်း ပြဌာန်းခဲ့ပြီး ပြီးဖြစ်ပါသည်။ သို့သော် နိုင်ငံ၏တရားရုံးများကို ပိတ်ပစ်ခြင်းဖြင့် သူ၏ခြစားခြင်းအမူကို စစ်ဆေးရန်ရုံးချိန်းမှာ လည်းပျက်ပြယ်ခဲ့ရပါသည်။

ကမ္ဘာ၏အချို့နေရာများတွင် ရှေးယခင်က မာရှယ်လောကိုအမှတ်ရစေနိုင်သော ဥပဒေများကိုပြဌာန်းခဲ့ ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတဒူတာတေး (Rodrigo Duterte) ၏လက်သို့ အရေးပေါ်အခွင့် အာဏာနှင့် ဒေါ်လာ ၅.၄ဘီလီယံ ကို ကပ်ရောဂါပြန့်ပွားမှုကို တိုက်ဖျက်ရန်ပေးအပ်ခဲ့ပါသည်။ ဖိလစ်ပိုင်လွှတ်တော်မှ ဥပဒေ ပြုသူများက ပရိုက်ဗိတ်လုပ်ငန်းရှင်များအပေါ်ကျော်လွှား၍လုပ်ပိုင်ခွင့်ဥပဒေကြမ်းကို ပေါ့ပျက်အောင်လုပ်ခဲ့ကြ ပါသည်။

ဒူတာတေးမှာ တခါက တိုင်းပြည်၏ဖွဲ့စည်းပုံ ဥပဒေကို အိမ်သာသုံးစက္ကူနှင့် နှိုင်းယှဉ်ခဲ့သူဖြစ်ပါသည်။ ဤ ကဲ့သို့အာဏာကို အဆုံးအစမရှိပေးခြင်းမှာ လူတယောက်ကို အာဏာရှင်ဖြစ်အောင်တွန်းပေးသည်နှင့်တူသည် ဟုဖိလိပိုင်မှ လူ့အခွင့်အရေးဆိ်ုင်ရာ ပုဂ္ဂိုလ်များကပြောပါသည်။

အချို့နိုင်ငံများမှ ဆန့်ကျင်သူများကို ဤရောဂါကာကွယ်မှုကို အကြောင်းပြု၍ နှိမ်နင်းနေကြပါသည်။ ဥပမာ ဂျော်ဒန်နိုင်ငံများတွင်ဝန်ကြီးချုပ်အိုမာ (Omar Razzaz)ကကျယ်ပြန့်သော သြဇာအာဏာ ရရှိခဲ့ပြီး သူတို့နိုင်ငံတွင်ကောလဟာလလွှင့်သူ၊ လုပ်ကြံရေးသားသူ၊ လူအများထိတ်လန့်တကြားဖြစ်အောင် သတင်း မှားလွှင့်သူများကို နှိမ်နင်းမည်ဟုပြောကြား ခဲ့ပါသည်။

ယိုဒယားဝန်ကြီးချုပ် ပရာယု (Prayuth Chan-Ocha) က အရေးပေါ်အခြေအနေကြေညာခြင်းနှင့်အတူ သတင်းမီဒီယာများအပေါ်ဆင်ဆာလုပ်ခဲ့ပါသည်။ ရောဂါပြန့်ပွားမှုကြောင့်အစိုးရအပေါ်ဝေဖန်သူ၊ ဂျာနယ်လစ် များမှာ တရားစွဲခံရခြင်း၊ အခြိမ်းအခြောက်ခံရခြင်းများ ရှိခဲ့ပါသည်။

ချီလီနိုင်ငံတွင် လနှင့်ချီ၍ကြာမြင့်ခဲ့သောဆန္ဒပြပွဲများမှာရောဂါပြန့်ပွားမှုကြောင့် အေးဆေးသွားခဲ့ရပါသည်။ (State of Catastrophe)ကြေညာသည်နှင့်အတူ့စစ်တပ်၏ မြို့ကြီးနေရာများစွာတွင်နေရာယူထားမှုများကြောင့် ဝေဖန်သံများ တိတ်ဆိပ်ကုန် ပါသည်။

မေလဆန်းတွင်ကျင်းပရန်ရှိသည့် ဘိုလီဗီးယားနိုင်ငံ အထွေထွေရွေးကောက်ပွဲများလည်း ရွှေ့ဆိုင်းသွားခဲ့ ပါပြီ။ ယမန်နှစ်က ရွေးကောက်ပွဲတွင်သမ္မတမော်ရဲလစ် (Evo Morales) ရွေးကောက်ခံရပြီးနောက်တွင်အကြီး အကျယ်ဆန္ဒပြ၍ သမ္မတမှာ နှုတ်ထွက်ခဲ့ရပါသည်။

ထို့နောက်ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့သောသူ ရှီးဗား (Jeanine Chavez)မှာ အင်အားတောင့်တင်း လာပြီး သူကိုယ်တိုင်အရွေးခံ မည်ဟုဖြစ်လာပါသည်။ နိုင်ငံ၏ရွေးကောက်ပွဲကော်မရှင်က ဇွန်လနှင့်စက်တင်ဘာ လအတွင်းတွင်ကျင်းပရမည်ဟု ကြေညာထားပါသည်။

အမေရိကန်ပြည်ထောင်စုတွင်လည်း တရားရေးဌာနက ကွန်ဂရက်ကိုတောင်းဆိုရာတွင်ရွှေ့ပြောင်း မှီခိုသူ များကိုကာကွယ်ထားသည့် ဥပဒေများကိုပယ်ဖျက်ပေးရန် နှင့်လူပုဂ္ဂိုလ်တစ်ဦးကို တရားစစ်ဆေးခြင်းမရှိဘဲ ဖမ်း ဆီးချုပ်နှောင်ပိုင်ခွင့်တို့ကိုတောင်းဆိုထားပါသည်။ ပါတီနှစ်ခုလုံးက ထိုဥပဒေကို ပြဌာန်းရန်ငြင်းဆိုလိုက်သောအ ခါတရားရေးဌာနကတောင်းဆိုချက်ကိုအသစ်ပြန်၍တင်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်တို့က ပြောသည် မှာပြည်သူတို့အကြပ်အတည်းတွေ့ချိန်တွင် အစိုးရကပို၍အာဏာပိုရှိလာသည်ဟုဖြစ်ပါသည်။ ပြည်သူတို့က စိုးရိမ်ကြသည်မှာ အေးဆေးသွားချိန်တွင် သူတို့၏ အခွင့်အရေးကို ပြန်လည်မရရှိကြမှာကိုဘဲဖြစ်ပါသည်။

ယခင်က (Patroitic Act) ကဲ့သို့ စက်တင်ဘာ ၁၁ရက် အရေးအခင်းကဲ့သို့တိုင်းပြည် အကြပ်အတည်း ပေါ်ပေါက်ချိန်တွင် ပြဌာန်းခဲ့သော ဥပဒေများမှာ အရေးကိစ္စပြီးဆုံးသွားသော်လည်း ဥပဒေမှာကျန်ရှိမြဲ ကျန်ရှိနေ ခဲ့ပါသည်။ အရေးပေါ်ဥပဒေများမှာ အခြေအနေ အချိန်အခါအရပေါ်ပေါက်ခဲ့ကြသော်လည်း သာမန်အချိန်များ မှာ မလိုအပ်ပါ။

ဟန်ဂေရီတွင် ဝန်ကြီးချုပ်သည် ပါလီမန်ကိုဂရုစိုက်စရာမလိုဘဲ လက်ရှိဥပဒေများကို ပယ်ဖျက်ခွင့်ရှိလာပါ သည်။ မတ်လအတွင်းက အရေးပေါ်အခြေအနေကြေညာအပြီးတွင် သူမကြေညာမချင်း ဤအရေးပေ ါ်အခြေ အနေရှိနေတော့မှာဖြစ်ပါသည်။ ပါလီမန်အမတ် သုံးပုံနှစ်ပုံမှာ သူ့ပါတီမှကြီးစိုးထားရာ သူလုပ်ချင်သလို အတည် ပြုရပါသည်။ လွန်ခဲ့သော ၅နှစ်အကြပ်အတည်းတွေ့စဉ်က ပြဌာန်းခဲ့သောမှတ်ပုံတင်ဥပဒေမှာ ယခုအချိန်အထိ မဖျက်သိမ်းရသေးဘဲ အတည်ဖြစ်လျက်ရှိပါသည်။

သမ္မတထရမ့်ကရောဂါပြန့်ပွားနေချိန်တွင်ကွန်ဂရက်ကိုရွှေ့ဆိုင်းပြီးသူခန့်ထားရန်ရှိသူများကိုကွန်ဂရက်မှ အတည်ပြုချက်ရယူရန်မလိုအောင်လုပ်နိုင်သည်၊ သူ့တွင်လုပ်ပိုင်ခွင့်ရှိသည်ဟုပြောလိုက်ပြန်ပါသည်။ ကွန်ဂရက် က သူ့အလိုသို့ပါလာအောင်ခြိမ်းချောက်လိုက်ခြင်းဖြစ်ပါသည်။

Ref: For autocrats Coronavirus is a Chance to grab more power By Selam Gebrekidan New York Times March 30 2020