Breaking News

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ(၁)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ(၁)

(မိုးမခ) ဧပြီီ၁၅၊ ၂၀၂၀

ကျွန်တော် ကိုဗစ် -၁၉ ကပ်ဘေးကို ကာကွယ်ရင်း အိမ်မှာ ပိတ်မိနေချိန်မှာ အတွေးတခုရပါတယ်။ ငါတို့ ဘိုးဘွားတွေလည်း ကပ်ဆိုးအမျိုးမျိုးကို ဘယ်လိုရင်ဆိုင်ခဲ့ကြသလဲ ဆိုတဲ့ အတွေးပါ။ အဲဒါကြောင့် အင်တာနက်ပေါ်ကတဆင့် ကမ္ဘာ့ ကပ်ဘေးအကြောင်း သရုပ်ဖေါ် မှတ်တမ်းတင်ထားတဲ့ ပန်းချီကားတွေကို ရှာဖွေ မိပါတယ်။ ဒီပန်းချီကားတွေကို ကြည့်ရင်း ငါတို့ ဘိုးဘွားတွေလည်း ဒီလို ကာလမျိုးကို ဖြတ်ကျော်ခဲ့ရပါလား ဆိုတဲ့ အသိကိုရခဲ့ပါတယ်။

အခုကျွန်တော် တွေ့ရှိခဲ့တဲ့ ပန်းချီကားအမည်မှာ ကပ်ဘေးသင့်သူများ (Plague Victims ) ဖြစ်ပါတယ်။

၁၈ ရာစုနှင့် ၁၉ ရာစု သမိုင်းဆိုင်ရာ အနုပညာလက်ရာဖြစ်ပြီး လူကြိုက်များတဲ့ ဂရပ်ဖစ်အနုပညာလည်းဖြစ်ပါတယ်။ ပြင်သစ်အနုပညာရှင်တွေဖြစ်တဲ့ the Audran family ရဲ့ ပန်းချီကားဖြစ်ပါတယ်။
ရှင်ဘုရင် ယဇ်ပူဇော်တဲ့ နတ်ကွန်းအပြင်ဘက်မှာ ကပ်ဘေးခံစားနေရတဲ့ သူတွေကို ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ သေမင်းရဲ့ ကောင်ကင်တမန်နဲ့ ငှက်ဆိုးတစ်ကောင်ကို ကောင်းကင်မှာ ရေးဆွဲထားတာတွေ့မြင်နိုင်ပါတယ်။ ဆရာဝန်များ၊ သူနာပြုများ က သေဆုံးသူများနဲ့ အသက်ငင်နေသူများ ပြုစုနေပုံကို ပန်းချီကားရှေ့ လက်ဝဲဘက် မှာ သရုပ်ဖေါ်ထားပါတယ်။ 

မျက်မှောက်ခေတ် ဆေးပညာမပေါ်မီ Black Death (၁၃၄၇ – ၁၃၅၁) ကပ်ဆိုးကာလကို သရုပ်ဖေါ်ထားတဲ့ ပန်းချီကားဖြစ်ပါတယ်။
ကိုးကား – https://fineartamerica.com/