Breaking News

နေစိမ့် - ဧဒင်ဥယျာဉ်

KT#
ဧဒင်ဥယျာဉ်
နေစိမ့်
(မိုးမခ) ဧပြီ ၉၊ ၂၀၂၀

တစ်ဦးနဲ့တစ်ဦး
တစ်မိုးအောက်မှာ တစ်ကိုင်းတည်းနားမရ
တီတီတာတာ
တူနှစ်ကိုယ်ချစ်သမျှလည်း ငိုချင်းချ။

သံသယတဖွားဖွား
ကိုယ်ယောင်ဖျောက်ထားပေမယ့်
သူရှိနေတယ်။

အိမ်အိုအိုကြီးထဲ
ရုတ်တရက် အလည်ရောက်နေရသလို
အသံတိတ် အရိပ်မဲ့တစ္ဆေကို
ကိုယ့်အရိပ်မှာ ချောက်ချားနေရ။ 

အချစ်ရေ
ခြံစည်းရိုးခြားထားကြမယ်
ဒီဥယျာဉ်ထဲ
ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာသာ
ငြိမ်းချမ်းတဲ့အင်ပါယာ
လောကနတ်တွေလည်း နှစ်သက်မယ်ကွဲ့။ ။