Breaking News

ငဇ -အနာသားများ

KT#
အနာသားများ
ငဇ
(မိုးမခ) ဧပြီ ၁၇၊ ၂၀၂၀
ဟောကိန်းမဟုတ်ဘူး
အတိအကျ ရရှိမယ်
အသစ်တွေ မျှော်နေရင်
စိတ်ကူးယဉ်တာထက် ပိုရူးလို့ပဲ
အသစ်အကောင်းတော့ မရဘူး
အသစ် ဆိုးဆိုးရွားရွားတွေ
ချီလာပြီ
ကမ္ဘာဟာ ရွဲ့နေပြီ
ပဲ့နေပြီ
ပိုးကိုက်နေပြီ
ထိုင်ပြီး ကြည့်ကြည့်
ထပြီး ကြည့်ကြည့်
နမ်းချင်စရာ တကွက်မှ မရှိတဲ့ 
ကမ္ဘာ
အိတ်ကပ်ထဲက ခဏ ခဏ
ထုတ် ထုတ် ပြီး
ဒါကိုပဲ မျှော်လင့်ချက်နဲ့
အမဲရိုး ခွေးကိုက်သလို
ချစ်ကြ
မဝတဲ့ အစာအိမ်ဆိုတာ
ရွံစရာတွေ အပြည့်နဲ့ 
အစာအိမ်ထက် ပိုလှခဲ့
ငတ်မွတ်
ပြီးတော့ ပို၍ ငတ်မွတ်
ငတ်မွတ်ခြင်းအလှတရား
ကမ္ဘာအတွက် ဆာလောင်
ချစ်စိတ်ကို ဦးညွှတ်ကြ
ကမ္ဘာက နာနေပြီ။   ။

၁၇၊ ၄၊ ၂၀၂၀