Breaking News

အောင်ဝေး - က ပ် ( ၄ )



အောင်ဝေး - က ပ် ( ၄ )

(မိိုးမခ) ဧပြီ ၂၊ ၂၀၂၀

သံပရာသီး ၅ လုံး
ဆီးသီး ၅ လုံး
ဘုရားကပ်တယ်။

လက် မပြတ် ဆေးတယ်
နှာခေါင်းစည်း တပ်တယ်။

အိမ်မှာ နေတယ်
ရတနသုတ် ရွတ်တယ်။

သံသယနဲ့ ၆ ပေ အကွာမှာထိုင်တယ်
သံယောဇဉ်ကို ၆ ပေ ခွာထားတယ်။

တမာရွက် တို့ပါ ဆိုလို့လည်း
တို့သေးတယ်။

ဒါပေမဲ့ ခက်တာက
စိတ်််််််နဲ့ ကိုယ်််််််နဲ့ မကပ်တာပဲ။ ။

(ဧပြီ ၁၊ ၂၀၂၀)