Breaking News

မောင်လူူူူပေ - အပစ်ရပ်ပါ ကိုရိုနာကမ္ဘာ ၀၃/၀၄/၂၀




မောင်လူူူူပေ -  အပစ်ရပ်ပါ ကိုရိုနာကမ္ဘာ ၀၃/၀၄/၂၀

(မိုးမခ) ဧပြီ ၄၊ ၂၀၂၀

ဗိုင်းရပ်ကူးစက်မှုဟာ အဆိုးဆုံးကိုဦးတည်နေပြီဖြစ်တဲ့အတွက် တကမ္ဘာလုံးရဲ့ စစ်ဖြစ်ရာ​ဒေသတိုင်းမှာ အပစ်ရပ်ကြဖို့ ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။

ဗိုင်းရပ်ကပ်ဆိုးကြောင့် ကမ္ဘာပေါ်ရှိလူသားသန်းပေါင်းရာချီပြီး အစားအသောက်ရှားပါးမှု အငတ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိပေးထားတယ်။


ဗိုင်းရပ်ကူးစက်ခံရသူအများဆုံး အမေရိကန်ပြည်ထောင်စုမှာ တစ်ရက်အတွင်း (၁၂၀၀)နီးပါးသေဆုံးခဲ့ရတယ်။ အဆိုးဆုံးဖြစ်တဲ့ နယူးယောက်ပြည်နယ်မှာ (၅၆၂)ဦးသေဆုံးတယ်။ သေဆုံးသူ ခြောက်ထောင်နီးပါး ရှိလာပြီ။ ကူးစက်သူ နှစ်သိန်းခြောက်သောင်းကျော်ရှိတယ်။

​အမေရိကားရဲ့ စီးပွားရေးလုပ်ငန်းတွေ အများအပြားရပ်ထားရတဲ့အတွက် အလုပ်လက်မဲ့ထောက်ပံ့ကြေးလျှောက်ထားသူ ခြောက်သန်းကျော်ရှိတယ်။နောက်ထပ်လည်း သန်းပေါင်းများစွာ လျှောက်ထားမဲ့သူတွေ ရှိတယ်။ လူဦးရေ (၂၅)သန်းကျော်အထိ အလုပ်လက်မဲ့ဖြစ်မယ်လို့ ခန့်မှန်းထားတယ်။ ၂၀၀၈ စီးပွားပျက်ကပ်မှာထက် အလုပ်လက်မဲ့ပိုများတဲ့အဖြစ်ပါ။

စင်္ကာပူနိုင်ငံမှာလည်း stay at home order ထုတ်လိုက်ပါတယ်။ အရေးမကြီးရင် အိမ်မှာသာနေကြရန်။ ကျောင်းတွေ အွန်လိုင်း။ ဆူပါမတ်ကက်၊ ပို့ဆောင်ရေး၊ စားသောက်ဆိုင်၊ ဆီဆိုင်စသည်ဖွင့်။ အမေရိကားမှာလည်း ၉၀% က stay at home ပါပဲ။

ထိုင်းမှာလည်း ခရီးသွားမှုတွေကို ကန့်သတ်ထားတဲ့အပြင် ညမထွက်ရအမိန့်ပါ ထပ်တိုးပါတယ်။

မြန်မာပြည်မှာ ရောဂါကူးသူအသစ် ထပ်မတွေ့။ လူနာတစ်ဦး ရောဂါပိုးမတွေ့ရတာ့။ ပျောက်ကင်းဟုယူဆ။ သတင်းကောင်း။

ကမ္ဘာပေါ်ရှိ လူသားပေါင်း တစ်သန်းရှစ်သောင်းကျော်ကူးစက်ခဲ့ပြီဖြစ်၍ ငါးသောင်းရှစ်ထောင်ကျော်သေဆုံး။ နှစ်သိန်းကျော် ပျောက်ကင်းခဲ့ပြီ။

ဂရုစိုက်ပါ။