Breaking News

ဉာဏ်််််ဉာဏ် - အားတင်းထားစမ်းပါ အချစ်ကလေးရယ်



ဉာဏ်််််ဉာဏ် - အားတင်းထားစမ်းပါ အချစ်ကလေးရယ်

(မိုးမခ) ဧပြီ ၉၊ ၂၀၂၀။ 

ငယ်ငယ်က စိတ်နဲ့ဆို (#) ခွက်ရိုက်ပြီးပြီ" ဆိုပြီး စာရေး တင်လိုက်ရင် သူငယ်ချင်းတွေက Like ပေးကြမည်၊ ဒါ မေတ္တာပြည့်၀လာသည့် သဘော (ဘုရားသခင်စိတ်ဓာတ်) ဟု သုံးသပ်ကြ ၊ တချို့က ဘာဖြစ် ဟု ကမန့်တွင် မေးကြပေမည်။ ချ... ချ ဟုအားပေးသူက အားပေးမည်၊ မင်းရီုက်လိုက်တဲ့ လူနာတွေများနေလို့  ဆရာဝန်တွေတောင်းပန်နေပြီ ဟု မန့်ကြမည်။

အိုခေ.... စကားမစပ် BTW (လူရှိန်အောင်) ကြုံလို့ပြောရရင်.... သင်္ကြန်ကျတော့မည်။

လူရှိန်အောင်ဆိုလို့ ဟိုဆေးမကုဘဲ ကျူရှင်ပြ၊ နိုင်ငံရေးလုပ်နေသော သူငယ်ချင်းဆရာဝန် က စကားလိမ်နဲ့ပြောင်းပြန်ဆို မကောင်းဘူး၊ လပ်ကီးလည်း မကောင်းဘူး အနီးဆုံးလူ ဟု ပြောဦးမည်။

နောက်ဖေးကပိတောက်ပင်က ဖူးနေပြီ၊ ငုတွေလည်း ပွင့်နေပြီ။
ပိတောက်တွေ ဖူး ရင် ငပေါက်တွေမြူး.......
ငုတွေပွင့် ရင် ငပုတွေလွင့်..... အစရှိသဖြင့် သူငယ်ချင်း ကဗျောင်ဆြာက ရေးမှာကို သိနေပြန်သည်။

တရားထိုင်ပါ....
မေတ္တာပို့ပါ......
သစ္စာဆိုပါ.......

ဘ၀တွေက ဖေ့စ်ဘုတ် ဆန်နေသလို ဖေ့စ်ဘုတ်ကလည်း ဘ၀ဆန်နေတတ်သည်။

ရေပက်ကြ အိုးမဲသုတ်ကြ ရေချိုးကန်ထဲပစ်ချကြ သံကြပ်ထိုးကြလုပ်နေသော ဂေါ်နိုက်တွေကိုကြည့်၍ ထောင်ထဲရောက်နေတာတောင် အကြောမာတုန်းဟု ထောင်ဝါဒါအိုကြီးမှတ်ချက်ပြုခဲ့သည်။ ဗလကြီး .. ကို ပရုပ်ဆီသုတ်ဖို့ကြံစည်နေသော အမွှာ ၂ ကောင်ကို သတိရသည်။

၀ဿ၀တီနတ်ပြည်က နတ်သမီးလေးလို လှပါတယ် ဆိုရင်း ကောင်မလေးကို ညုတုတု ကြည့် သူမ ရှက်သွေးဖြန်းသွားသည်ကို သတိရသည်။ ရှက်သွေးဖြန်းသည်က ယခု ပိုးသတ်ဆေးဖြန်းသည်နှင့် မတူပါ၊ တကယ်တော့ နတ်သမီးလေး လှ မလှလည်း မသိသလို ၀ဿ၀တီနတ်ပြည်ရောက်ခဲ့တာလည်း မမှတ်မိတော့ပါ။
Voltaire ၏ Candide ကိုပြန်ဖတ်ချင်သည်၊ အကောင်းမြင်သမား(ဘာသာပြန်ဆရာ မမှတ်မိ) ဖတ်ခဲ့ဖူးပေမဲ့မမှတ်မိတော့၍ ဖြစ်သည်။

ဆိတ်သားကို ဒိန်ချဉ်၊ ချိစ်နှင့်Mayonnaise (မြန်မာလိုမပြန်တတ်) နှင့်နယ်ဖတ်ပြီး ပေါင်းအိုးနှင့်နှပ် (ဆိတ်သားပေါင်း ဆီပြန်နှပ်) စားပြီး မအိပ်ချင်အောင် ရေနွေးသောက်ပြီး ရေးနေခြင်းဖြစ်သည်။ စတေးတပ်တင်ပြီးလျင် တရေးအိပ်မည်ဟု မပြောလိုပါ။ သွားတွေမရှိတော့သော မေမေ ရှိသေးရင် ဆိတ်သားပေါင်းဆီပြန်နှင့် ချဉ်ပေါင်ကြော်ကို သွားဖုံးတွေနှင့်ကြိတ်ဝါးရင်း ခံတွင်းတွေ့မည် ထင်သည်။

သူငယ်ချင်းများနှင့် ချစ်သူများကိုကျွေးချင်ပေမဲ့ လိုင်းပေါ်ကပဲ ကျွေးရတော့မည်။ မုန့်ဟင်းခါးတအိုးလုံးကို  အောင်မယ်လေး တယောက်စာမရှိဘူး ဟုပြောသော ဟိုတယောက်ကိုတော့ မကျွေးဖြစ်တော့ပါ။ ဟင်းပုံပါသွား၍ အပြောခံရဦးမလား ဟု တွေးမိသော်လည်း...

အားလုံး အားတင်း ထားကြပါ။