Breaking News

အောင်ဝေး - က မ္ဘာ ( ၃ )


အောင်ဝေး - က မ္ဘာ ( ၃ )

(မိုးမခ) ဧပြီ ၈၊ ၂၀၂၀

ရုရှားအကျော်၊ စာဆိုတော်
ပုသျှကင် ဟာ
(အချစ်အတွက်)
သေနတ်ချင်း ယှဉ်ပစ် သေသွားတယ်။

အခု ငါတို့ကမ္ဘာကြီး
သေနတ်ချင်း ယှဉ်ပစ်ဖို့
စိန်ခေါ်ခံနေရပြီ။

သေ မလား
နေ မလား။

သေနတ် တစ်ကမ်း
၆ ပေလှမ်း
ဖန်း ဆို သူပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။

၁၄ ရက် စခန်း
သေနတ်ဝှေ့ယမ်း
ဖန်း ဆို မင်းပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။

ပေးစမ်း သေနတ်
သေနတ် ပေးစမ်း
နေအ်မ်ခန်းမှာ
ဖန်း ဆို ငါပစ်လိုက်တယ်။
သေမင်းဟာ သေသွားတယ်။

တို့အားလုံး
တစ်ယောက်ကို တစ်ယောက်ချစ်ရင်
မကြာခင်
ကမ္ဘာကြီး ပြန်ကျန်းမာလာမယ် ခင်။ ။

(ဧပြီ ၆၊ ၂၀၂၀)