Breaking News

၂၀၂၀ သမတရွေးကောက်ပွဲ မဲဆွယ်ပွဲမှ ဒီမိုကရက်် ဘာနီးဆင်းဒါး ရုုုုုုုုုုတ်သိမ်း (ဧပြီ ၈၊ ၂၀၂၀)


၂၀၂၀ သမတရွေးကောက်ပွဲ မဲဆွယ်ပွဲမှ ဒီမိုကရက်် ဘာနီးဆင်းဒါး ရုုုုုုုုုုတ်သိမ်း (ဧပြီ ၈၊ ၂၀၂၀)

(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၀

ဒီနေ့ခင်းမှာ ဒီမိုကရက်ဆီနိတ်တာ ဒီမိုကရက်ပါတီကနေ ၂၀၂၀ သမတလောင်းအဖြစ် ဝင်ပြိုင်သူ ဘာနီဆင်းဒါးက သူဆက်မပြိုင်တော့ဘူးလို့ ထုတ်ပြန်လိုက်ပါတယ်။

စကားအတိအကျကတော့ မဲဆွယ်ပွဲလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ဖြစ်ပါတယ်။ မဲမဆွယ်တော့တဲ့အတွက် သူ့ပြိုင်ဘက် ဂျိုးဘိုင်ဒင်တဦးတည်း ဒီမိုသမတလောင်းအဖြစ် ဗိုလ်စွဲသွားပြီ ဆိုရပါမယ်။

သို့သော်လည်း သမတလောင်းအကြိုရွေးကောက်ပွဲတွထဲမှာ ဘာနီ ကဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ သည်တော့ သူ့ကိုကြိုက်တဲ့သူတွေမဲဆန္ဒရှင်တွေက ထောက်ခံမဲ ဆက်ပေးလို့ရပါသေးတယ်။ သဘောကတော့ ဒီမိုကရက်ပါတီ၏ သမတလောင်းဟာ နောက်ဆုံးကျန်ရစ်သူ ဘိုင်ဒင်ဖြစ်နေဦးတော့ ဘာနီ၏ ဩဇာနဲ့ လွှမ်းမိုးမှုကတော့ အဆုံးအထိ ဆက်တည်ရှိနေအောင် အကွက်ရွေ့တဲ့ သဘောလည်း ပါပါတယ်။

ဘာနီဟာ အောက်လွှတ်တော်အမတ် အထက်လွှတ်တော်အမတ် အဖြစ် အမေရိကန်နိုင်ငံရေးမှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်သူ ဖြစ်ပါတယ်။ သမတလောင်းအဖြစ် ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့သူ ဖြစ်သွားပါပြီ။ သူုကို လူငယ်မျိုးဆက်သစ်တွေက ကြိုက်တယ် ထောက်ခံကြပါတယ်။ သူက သက်တမ်းတလျောက်လုံးမှာ လှုပ်ရှားမှုတွေ (movement) တွေ ခေတ်ရေစီးနဲ့အတူ လုပ်ခဲ့ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

သူ့လှုပ်ရှားမှုတွေဟာ သူစတင်စဉ်က လူကြိုက်မများ မထင်ရှားသော်လည်း အခါ လူတွေတင်သာမက နိုင်ငံရေးသမားများထဲမှာ ပေါ်ပြူလာဖြစ်တဲ့ ပေါ်လစီတွေ ဖြစ်ကုန်ပါပြီ။ socail justice, racial justice, evviornmetal justice, economic justice နဲ့ ပတ်သက်ပြီး ဦးဆောင်မှုပေးခဲ့တယ်၊ အသိပညာတိုးတက်စေခဲ့ပါတယ်။ အခု လူတိုင်းက ဒီပေါ်လစီတွေကို ပိုနားလည်းပြီး ပိုပြီး လိုလားလာကြပါတယ်။ သည်တော့ သူသမတမဖြစ်လည်း သူ့ဦးဆောင်မှု သူ့ဝါဒတွေကို လူထုကြားထဲ ပါတီထဲ ရှင်သန်စေခဲ့ပြီမို့ သူဟာ အောင်မြင်တဲ့ ခေါင်းဆောင်အဖြစ် ရှင်သန်နေပြီ ဖြစ်ပါတယ်။

လက်ရှိမှာ အထက်လွှတ်တော်အမတ်တဦးအဖြစ် နိုင်ငံရေးလှုပ်ရှားနေဆဲဖြစ်တဲ့အတွက် ယခုလို ကိုဗစ်၁၉ ကပ်ဆိုးကြီးအောက်ကနေ လွတ်မြောက်အောင် အမေရိကန်ပြည်သူတွေနဲ့အတူ ဦးဆောင်မှုပေးဖို့ ပိုပြီး အရေးကြီးကြောင်း၊ လက်ရှိသမတ၏ ညံ့ဖျင်းမှုများ အမှားအယွင်းများကြောင့် တိုင်းပြည်မှာ အသိဉာဏ်ပညာရှိသူတိုင်း၏ လှုပ်ရှားမှု ဆောင်ရွက်မှုအားလုံးသည် မဲဆွယ်ပွဲများထက် ပိုပြီး အဓိကကျကြောင်း၊ ဒါကြောင့် သူ မဲဆွယ်ပွဲကနေ နောက်ဆုတ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ဘာနီဆင်းဒါး၏ ထုတ်ပြန်ချက်ကိို နားဆင်ပြီး သဘောပေါက်မိတာတခုကတော့ အမေရိကန်ပြည်ထောင်စုမှာ အကြပ်အတည်းများကနေ ရုန်းထွက်နိုင်ဖို့ ခေါင်းဆောင်ကောင်းတွေ နောက်လိုက်ကောင်း ပြည်သူတွေပဲ လိုပါတယ်။ သမတရာထူးတောင် ရှိစရာမလိုဖူးဆိုတာ လက်ရှိ သမတကြီးထရန့်က သက်သေပြထားပြီ ဖြစ်တယ် ဆိုတာ ပါပဲ။

မြန်မာပြည်မှာလည်း အတိုင်ပင်ခံရာထူးတွေ နိုင်ငံခြားရေးဝန်ကြီးတွေ မလိုပါဘူး။ ဖေ့စ်ဘွတ်အကောင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရှိရင် ပြည့်စုံတယ် မဟုတ်ဘူးလား။