Breaking News

ခိုင်မျိူး - ရွာထဲမှာ

ခိုင်မျိုး - ရွာထဲမှာ

ခိုင်မျိုး

(မိုးမခ)ဧပြီ ၂၇၊ ၂၀၂၀

သစ်ပင်နဲ့ သတ္တဝါတွေဆီက
အကောင်းစားဂျုံနဲ့ ထောပတ်တွေ
ယူဆောင်ခဲ့တာ ကြာပြီ
အာဖရိက ဝါချည်ခင်းထဲ
ဂျင်းဘောင်းဘီကို လွှင့်ထားပြီ
မြေလွှာအောက်က အဆီအနှစ်နဲ့
အာကာသယာဥ် ဖန်ဆင်းပြီးပြီ
သောင်းနဲ့ချီတဲ့ မျှားချိတ်တွေဆီ
ဆလ်မွန်ငါးတွေ ဖမ်းထားပြီ
အရက်၊ ဖဲ၊ မူးယစ်ဆေး၊ လိင် ဖျော်ဖြေရေး
ခလေးပြည့်တန်ဆာ၊ ဟန်ဆောင် လူကြီးလူကောင်း
စစ်အာဏာရှင် ၊ ပဒေသရာဇ်
နသိုး၊ ပုတ်သင်နဲ့ ရောဂါပိုးမွှားများ
အားလုံးရရှိခဲ့ပြီ
ပိုးထိုးနေတဲ့ ကမ္ဘာလုံးကြီးထဲ
နေထိုင်နိူင်ခွင့်ကို ပိုးထိုးခဲ့တဲ့အကြောင်း
လူသေတို့ ကောင်းကောင်းပြောပြခဲ့တယ် မဟုတ်လား
ရှင်ခြင်းတရားကို
တစစ်စစ် ကပ်စားနေတာ
သေနေတဲ့ အလောင်း
မီးထဲ တွန်းရွေ့နေတာ
ပုတ်ပွနေတဲ့ ရုပ်ကို
ငှက်တွေ ထိုးဆိတ်နေတာ
ဒါတွေဟာ ဝေးသေးရဲ့
ခံတွင်းပေါက်ကြီးထဲ
မမြင်ရတဲ့ ပိုးတွေအပြည့်
သွားကြီးတချောင်းကို ဝိုင်းဝန် းကိုက်ခဲနေတာ
ကမ္ဘာ ...