Breaking News

သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ(၈)



သားကြီးမောင်ဇေယျ - ပန်းချီကားထဲက ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြသူများ(၈)

(မိုးမခ) ဧပြီီ၂၆၊ ၂၀၂၀

၁၉၁၈ စပိန်တုတ်ကွေးဟာ လူဦးရေ သန်း ၅၀၀ ကို ကူးစက်ပြီး ခန့်မှန်း သန်း၁၀၀ ကို သေဆုံးပါတယ်။ ပထမ ကမ္ဘာစစ်မှာ သေဆုံးသူအရေအတွက်ထက်ပိုပါတယ်။

ဒီရောဂါကြောင့် လူအများ ပျို့အန်တယ် ၊ ဖျားတယ်၊ ပြင်းထန်တဲ့ အဆုပ်ရောင်ဝေဒနာ ခံစားရပါတယ်။
ပါးပြင်ပေါ်မှာ အမဲစက်တွေပေါ်လာပြီး လူနာတွေဟာ အပြာရောင် ပြောင်းသွားပါတယ်။ အသက်ရှုကြပ်တဲ့ ဝေဒနာကိုလည်းခံစားရပါတယ်။

ဒီရောဂါဟာ ကလေး၊လူကြီး အသက်အရွယ်မရွေး ဝေဒနာကို ပြင်းပြင်းထန်ထန် ဖြစ်ပေါ်စေပါတယ်။

ဒီပန်းချီကားကို ပန်းချီဆရာ Egon Schiele ကရေးဆွဲခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံးလက်ရာလည်းဖြစ်ပါတယ်။
သူနဲ့ ကိုယ် ဝန်လွယ်ထားတဲ့ သူ့ဇနီး Edith နဲ့ ကလေးငယ် ပုံကို ဒီပန်းချီကားမှာတွေ့မြင်နိုင်ပါတယ်။ ပန်းချီကားရေးနေချိန်မှာ သူ့ဇနီးဟာ စပိန်တုတ်ကွေးကြောင့် အဆုပ်ရောဂါ အပြင်းအထန်ခံစား နေရပါတယ်။ ကိုယ်ဝန် ၆ လ ရတဲ့ ချိန်မှာ သူဇနီးကွယ်လွန်ခဲ့ပါတယ်။ ဇနီးကွယ်လွန်ပြီး ၃ ရက်အကြာမှာ ပန်းချီဆရာ Schiele လည်းကွယ်လွန်ခဲ့ပါတယ်။
ကိုးကား – https://www.dailyartmagazine.com/plague-in-art-10-paintings-coronavirus/

(၁၈-၄-၂၀၂၀)