Breaking News

Mc.jlp(သိုးထိန်း) - စပါတန်

KT#
စပါတန်
Mc.jlp(သိုးထိန်း)
(မိုးမခ) ဧပြီ ၂၅၊ ၂၀၂၀

ကမ္ဘာကြီးသွေးပေါင်ကျနေတာသင်သိလား
ပွင့်နေတဲ့ပန်းကပွင့်ပြီးသားဘုရားနဲ့မတူဘူး

အသစ်တွေပေးပါ
ရန်ကုန်ဟာအသေခံတိုက်နေတယ်
ရခိုင်မှာအလောင်းတွေပုံနေတယ်

စစ်ကြီးဟာချစ်ဖို့ကောင်းတယ်
အသေခံပြည်သူနဲ့
အသေခံကဗျာဆရာနဲ့
ခေတ်ကြီးဟာချစ်ဖို့ကောင်းတယ်

ဆီးချို တက်နေတဲ့ကံကြမ္မာနဲ့
အမောဖောက်နေတဲ့ကမ္ဘာမြေ
ရွှေတရစ်ငွေတရစ်နဲ့
သေတရစ်မြေတရစ်ပဲ

စည်းလုံးကြပါ
လီယိုနွိုက်ဒက်လိုစည်းလုံးကြပါ

ခေတ်အဆက်ဆက်
အသေခံတပ်သားတွေကပဲသေခဲ့ကြရတာ။

22.4.2020