Breaking News

ပန်းချီ သန်းဌေးမောင် - စိတ်ကူးစိတ်သန်းများရဲ့ နွေဦး




ပန်းချီ သန်းဌေးမောင် - စိတ်ကူးစိတ်သန်းများရဲ့ နွေဦး

(မိုးမခ) မေ ၂၆၊ ၂၀၂၀

ညဂိုဏ်းအလုပ်သမားတစ်ယောက် အသက်၆၀ကျော်နေလို့ဆိုပြီး တစ်ပတ်တိတိ လုပ်ခလစာလည်းပေးပါမယ် အိမ်မှာနားနေပါဆိုလို့ အလုပ်မဆင်းပဲ အိမ်မှာနေနေခဲ့ရပါတယ်၊ တစ်ရက်က ဖုန်းဆက်ပြီးမြိုထဲကဆေးခန်းတစ်ခုမှာဆေးစစ်ခံရပါတယ်၊ ဒီတစ်ပတ်အတွင်းအခန်းသန့်ရှင်းရေးလုပ်ပါတယ်၊ အဝတ်လျှော်စရာရှိတာတွေ အကုန်လျှော်ပါတယ်၊ပန်းချီကားနှစ်ချပ်အပြီးသတ်ပါတယ်၊ စပါးလင်ကို အွန်လိုင်းကမှာပြီး ဘူးသွတ်ထားတဲ့ငါးရယ် ခဲထားတဲ့ဆယ်လ်မွန်ငါးနှစ်ပြားရယ် ဂျင်း၊ ကြက်သွန်ဖြူနီ ဆီသတ်ပြီး ကုလားပဲအစိမ်းမှုန့်ကိုလှော်ပြီး အားလုံးရောပြီး မုန့်ဟင်းခါးချက်စားပါတယ်၊ စနေနေ့ကတော့ ၄၅မိနစ်မောင်းရတဲ့ ကိုင်ဇာဆိုတဲ့မြိုလေးကို မမြင်မစမ်းနဲ့ ကားမောင်းသွားပြီး မျက်မှန်သွားလုပ်ပါတယ် ကိုဗစ်ကြောင့်လုပ်မပေးလိုက်လို့ စျေးဝယ်ပြီးပြန်ခဲ့ရပါတယ်၊ ဒီညတော့ ကိုဗစ်ကင်းစင်ကြောင်း ကျန်းမာကြောင်းဆရာဝန်ထောက်ခံစာနဲ့အတူ တစ်ပတ်ပြည့်ပြီဖြစ်လို့မို့ အလုပ်ပြန်ဆင်းရတော့မှာပါ အလုပ်မဆင်းခင် မနက်ကစောစောထပြီးရေးထားတဲ စိတ်ကူးပုံကြမ်းလေးနှစ်ခုတင်ခဲ့ပါတယ်၊ မကြာခင်ပန်းချီကားအဖြစ်ကူးပြောင်းဖို့လည်းစိတ်စောနေပါတယ်။
ကပ်ရောဂါဘေးမှလွတ်ကင်းကြပါစေ။
ချစ်ခင်စွာဖြင့်
သဌမ