Breaking News

ငဇ - ဝမ်းမီးကို ရေနဲ့ငြှိမ်းလို့ မရဘူး

ဝမ်းမီးကို ရေနဲ့ငြှိမ်းလို့ မရဘူး
ငဇ
(မိုးမခ) မေ ၆၊ ၂၀၂၀

အိမ်ထဲမှာ ဆိုပေမယ့်
ကမ္ဘာကြီးကို မမြင်နိုင်တာမှမဟုတ်တာ
အိမ်ထဲမှာ ဆိုပေမယ့်
ဖြေဆည်ရာအပျော်သီးတွေ မသီးတာမှမဟုတ်တာ
အိမ်ထဲမှာ ဆိုပေမယ့်
မနက်ဖြန်လမ်းတွေဟာ မရှိတော့မှာမှ မဟုတ်တာ
အိမ်ထဲမှာ ပွင့်ရာပွင့်ကြောင်း
ပန်းကလေးကို သီချင်းဆို
အိမ်ထဲမှာ လွမ်းစရာကို အရသာရှိရှိ
အိမ်ထဲမှာ အသေအပျောက်စာရင်းကို
ရှူသွင်း
အိမ်ထဲမှာ အပေါင်းလက္ခဏာကို
ဝေးဝေးသို့ ထွက်ပြေး ရှူထုတ်
အိမ်ထဲမှာ နေထွက်တဲ့အချိန်ကို တံချူကိုင်
သီချင်းကို တိုးတိုးဆိုညည်း
အိမ်ထဲမှာ 
ကြီးလာရင် ငယ်တဲ့စိတ်ကို ဆေးတိုက်ရ
အိမ်ထဲမှာ သောင်ထွန်း ဗလောင်ဆူ
ဆန်အိုးထဲ ဆန်မရှိတဲ့အခါ 
အစာအိမ်ကို ရေနဲ့ညာရတယ် ...။       ။

၁၄၊ ၄၊ ၂၀၂၀