တင်မိုး - “စု” အာဇာနည် သက်တော်ရှည်
တင်မိုး - “စု” အာဇာနည် သက်တော်ရှည်
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၀
မူရင်း (ဇွန် ၃၊ ၂၀ဝ၄)
ချစ်သူရဲ့ မျက်နှာ
ချစ်သူရဲ့ ဝေဒနာကို
မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့
တိတ်တဆိတ် ကျောခိုင်းပြီး
သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး
နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း
ကျောမခိုင်းရက်
ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။
ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်
တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ
မဖြေသာနိုင်အောင် ခံစားပြီး
အမှန်တရားကိုသာ ဦးတည်တဲ့
အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။
သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။
(ဇွန် ၃၊ ၂၀ဝ၄)
ချစ်သူရဲ့ မျက်နှာ
ချစ်သူရဲ့ ဝေဒနာကို
မေတ္တာစိတ် စာနာစိတ်တွေ လျှံဖိတ်နေပေမဲ့
တိတ်တဆိတ် ကျောခိုင်းပြီး
သံတံတိုင်းကြားက မျက်ရည်သုတ်ပြီး
နောက်ဆုံး နှုတ်ဆက်ခဲ့ရှာတဲ့ “စု”။
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေကို
ကိုယ်နဲ့ထပ်တူ နှိုင်း
ကျောမခိုင်းရက်
ချစ်သူကိုသာ လက်ပြ ထွက်ခွာခဲ့ရှာတဲ့ “စု”။
ကိုယ့်ဒုက္ခ ကိုယ့်ဝေဒနာထက်
တိုင်းပြည်ရဲ့ ဒုက္ခနဲ့ ဝေဒနာကိုသာ
မဖြေသာနိုင်အောင် ခံစားပြီး
အမှန်တရားကိုသာ ဦးတည်တဲ့
အောင်ဆန်းစုကြည် ဆိုတဲ့ တို့ခေါင်းဆောင်။
သူ့နှလုံးသားကို စတေး
သူ့သွေးကို လှူတဲ့
သူမတူတဲ့ အာဇာနည်
သက်တော် ရာကျော် ရှည်ပါစေ။
(ဇွန် ၃၊ ၂၀ဝ၄)