Breaking News

နေလင်း - ငရဲမလားတဲ့ရဲဘော်

ငရဲမလားတဲ့ရဲဘော်
နေလင်း
(မိုးမခ) ဇွန် ၁၆၊ ၂၀၂၀

ကိုယ့်အစာအိမ်ကိုကိုယ်ချုံ့ပြီး
ပိန်လှီနေတဲ့ခန္ဓာကိုယ်လေးနဲ့
ကဗျာတွေကျွန်တော်ရေးနေတယ​်အမေ
တရားသောစစ်လို့
ခပ်တည်တည်သီချင်းဆိုနေကြတဲ့ခေတ်ထဲ
ကဗျာဆိုတာကလဲ
အညတရရဲဘော်တွေပဲလေ
ရာဇဝင်အဆက်ဆက်ငြိမ်းချမ်းရေးအတွက်
တိုက်ပွဲထွက်ခဲ့ကြရဲ့
သမိုင်းကိုရှင်အောင်မွေးရတဲ့မီးနေသည်တွေလေ
အမေ့လိုပဲ
ကျွန်တော်တို့ဟာ
အသက်ဘေးသိပ်နီးတဲ့ကောင်တွေပါ
အတူဆိုကြတဲ့သီချင်း
အတူဆိုကြတဲ့စာသား
အတူတိုက်နေကြမြဲတိုက်ပွဲပေမယ့်
နိုင်ငံတော်သီချင်းဆိုတဲ့ခေါင်းစဥ်အောက်မှာ
"ကမ္ဘာမကြေ" ကြပုံချင်းကွဲထွက်သွားခဲ့တယ်
ငရဲမလားတဲ့ရဲဘော်နဲ့ငရဲသွားရဲဘော် ။ ။