Breaking News

မောင်ကြူးရင့် - နိုင်ငံတော်ကိုချရေးကြည့်တဲ့အခါ

နိုင်ငံတော်ကိုချရေးကြည့်တဲ့အခါ
မောင်ကြူးရင့်
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၀

အမှန်တရားက
နွံထဲနစ်
လူမျက်နှာပျောက်ဆုံးနေတဲ့စစ်
မဆန်းတော့တဲ့ဒီသချင်းကို
ထပ်ပြန်တလဲလဲဆိုနေရတာ
နှစ်ပေါင်းခုနှစ်ဆယ်ကြာခဲ့ပြီ
နွံထဲကရုန်းပြီးရေပေါ်တက်
ပွင့်လာတဲ့ကြာပန်းလို
ငြိမ်းချမ်းရေးသီချင်းကို
ငါတို့သံပြိုင်ဆိုချင်ပြီ
ဘယ်တော့ဆိုခွင့်ရမှာလဲ...

၂၈ .၆ . ၂၀၂၀