နေသွင်ညိဏ်း - ဒိုင်ယာရီထဲကစာ
ဒိုင်ယာရီထဲကစာ
နေသွင်ညိဏ်း
(မိုးမခ) ဇွန် ၃၀၊ ၂၀၂၀
ဒီအက်ဆေးကို လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကျနော် ရေးခဲ့တယ်။ အိပ်မပျော်တဲ့ ညတညမှာ ကျနော် ရေးခဲ့တယ်ဆိုပါတော့။ ညတုန်းက ကျနော် အိပ်မပျော်ဘဲ တခါက အိပ်မပျော်တဲ့ညကို သတိပြန်ရပြီး တခါက တွေးခဲ့တဲ့ အတွေးကိုပဲ ပြန်တွေးမိနေပြန်တယ်။ တခါက ရေးဖူးတဲ့ အက်ဆေးကို ပြန်သတိရတယ်။ အကောင်းကြီးမဟုတ်ပေမယ့် ကျနော်ဟာ အခုထိ ငယ်လက်ရာကို ကြိုက်နေသေးတယ်။ ကျနော် မရင့်ကျက်တဲ့ သဘော၊ ကလေးတုန်းက အတွေးကို အခုထိ တွေးနေသေးတယ်ဆိုတဲ့ သဘောပေါ့။
===========
ဒိုင်ယာရီထဲကစာ
“ဟိုးတုန်းကလို တယောသံသဲ့သဲ့
မီးခိုးတွေအူဝေတဲ့
သုညရှိတဲ့အရပ်မျက်နှာကို ငါပြန်မမှတ်မိ”
အမှောင်တွေအုံ့နေတဲ့ အမိုးမလုံအခန်းကျဉ်းလေးထဲမှာ ဒီကောင်လေးကိုတွေ့တယ်။
“ကျနော်ဒီကိုရောက်တာ နှစ်လပဲရှိသေးတယ် အစ်ကို။ ဆယ်တန်းဖြေထားတယ်။ အလုပ်လုပ်ချင်လို့။ ဘာမှတော့ မလုပ်တတ်သေးဘူး”။
လွန်ခဲ့တဲ့ (၁၀) နှစ်ဝန်းကျင်က ပုံရိပ်တခုကိုပြန်မြင်တယ်။ ဘဝကိုရဲရဲမြင်တတ်၊ ကြည့်တတ်တဲ့အရွယ်။ မှားလိုက်ဖို့ရော မှန်လိုက်ဖို့ရောလွယ်ကူတဲ့အရွယ်။
ညပိုးကောင်တွေဆူညံနေတဲ့ အေးစိမ့်စိမ့်ညဉ်ဦးပိုင်းမှာ ကောင်လေးဆီကဖုန်းလာပြန်တယ်။ ကျနော်က ရေချိုးပြီးစ၊ အပြင်က အအေးကိုကာကွယ်ဖို့ကြိုးစားနေတဲ့အချိန်။
“ကျနော်ဒီမှာ နေရတာအဆင်မပြေဘူး။ အစ်ကိုတို့နဲ့လာနေချင်တယ်။ အကူအညီပေးလို့ရမလား” တဲ့။
ဘာပြန်ပြောရမယ်မှန်းမသိ။ ကိုယ့်အကြောင်း ကိုယ်သာအသိဆုံးမို့ “မင်းငယ်ပါသေးတယ်ကွာ။ လုပ်စရာတွေအများကြီးရှိသေးတယ်” လို့ပြန်ပြောလိုက်တယ်။
အဲ့ဒီညအိပ်မက်ထဲမှာ ဟိုးတုန်းက အဝေးလမ်းမတွေ၊ ကုက္ကိုပင်တန်းတွေ၊ ငယ်ဘဝရဲ့သူရဲကောင်းတွေနဲ့ပြန်တေ့Gတယ်။ အခြေအနေတွေပြောင်းကုန်ပြီဗျာလို့ ကျနော်အော်ပြောမိတယ်။
ကျနော်ပြောတာနောက်ကျလို့ဘယ်သူမှမအံ့ဩ။
“ခင်ဗျား အများကြီးလုပ်နိုင်မယ်ဆိုတာ ကျနော်ယုံတယ်” လို့ သူငယ်ချင်းတယောက်ကပြောတယ်။ သူနဲ့ကျနော် စပါးခင်းတွေဘေးကလမ်းမကြီးပေါ်၊ သစ်ပင်တွေ ကိုင်းရိုင်းတောထနေတဲ့အချိန်မျိုးမှာ ကျောက်ချွန်ချွန်တွေ ငေါ့ထွက်နေတဲ့ မြေလမ်းပေါ် စကားတပြောပြော။ နေရောင်က တောင်စောင်းက မရိတ်သိမ်းရသေးတဲ့ ပြောင်းဖူးခင်းတွေပေါ်ဖြာကျလို့။ အပြန်မှာ အဘိုးအိုလင်မယားရောင်းတဲ့ဆိုင်ငယ်လေးမှာ ကိုယ်စီဆက်ရမယ့်ခရီးတွေအကြောင်း လူငယ်ပီပီ အင်နဲ့အားနဲ့ပြောဖြစ်ကြတယ်။ “
“ကျနော်တို့ ဒီလိုပြောင်းပစ်လိုက်ရင်ကောင်းမယ်ဗျ။ ခင်ဗျားဘယ်လိုသဘောရလဲ။”
တယောက်ပြောတာကို တယောက်က စောင့်နားထောင်တယ်။ ခွေးသံတွေတစီစီနဲ့ ရီဝေဝေညနေတွေက ပျော်ဖို့ကောင်းရဲ့။
“ကျနော်တို့ငယ်ငယ်ကနားလည်တာမျိုး မဟုတ်တော့ဘူးဗျာ။”
“ဟုတ်တယ် ဒီပုံစံဟာ ကမ္ဘာဘယ်နေရာရောက်ရောက် ခင်ဗျားတွေ့ရမယ့်ပုံစံပဲ။”

နောက်တနှစ်အကြာမှာ နေရာသစ်ကနေ ဒီစကားကိုပဲ သူထပ်ပြောပြန်တယ်။ လမ်းထိပ်က ကားဂိတ်မှာ ကျနော် တယောက်တည်းသွားသွားထိုင်တတ်တာတွေကိုသိတော့ “ခင်ဗျားတယောက်တည်းမကောင်းပါဘူး” လို့ပြောတယ်။
ခက်တာက ကျနော်ကတယောက်တည်းနေချင်တာပဲ။ နောက်တော့ ပျင်းရိစရာ အဖြစ်အပျက်တွေနဲ့ဘေးတိုက်ရွေ့နေတဲ့ ကျနော့်ကို သူကအဝေးက လှမ်းအားပေးတယ်။ ခင်ဗျားနဲ့ ကျနော်အတူတူရှိရင်ကောင်းမယ်ဗျာတဲ့။ ခုတော့တခါ သူလည်း လမ်းတကာလျှောက် နေရပြန်တယ်။ ခင်ဗျားအတွက် ဘုရားဆီမှာ ကျနော် ဆုတောင်းပေးပါတယ်လို့သာ အကြောင်းပြန်လိုက်ရတယ်။ ခေတ်ကြီးက ဒီလိုပဲ။ အဖြစ်အပျက်တွေကမြန်တော့ ကတိတွေလည်းပျက်ပေါင်းများပြီ။
အတွေ့အကြိုံများတဲ့လူတယောက်က “လက်တွေ့မှာဘက်မလိုက်ဘူးဆိုတာမရှိပါဘူး”တဲ့။ ဒီစကားဘယ်လောက်တာသွားလိုက်သလဲဆိုရင် တံခါးအားလုံး အလျှိုလျှို ပွင့်သွားတော့တယ်။ အမှားမရှိ၊ အမှန်မရှိ။ ဟာလာဟင်းလင်း။ အရိုင်းဆန်တဲ့ တောအုပ်မှာ လူဖြစ်ခွင့်ရတာ ကံဆိုးသလိုလို၊ ကံကောင်းသလိုလို။ မသိသလိုလို သိသလိုလိုနေရတဲ သံခေတ်တမန်ခေတ်ပါလား။ လူအဖြစ်တွေဟာ သဘာဝကျတယ်ဆိုရင် ကျနော်တို့ရဲအယူသည်းမှုတွေကို ဘယ်လိုလုပ်ရပါ့။ ဘာလုပ်ဖို့ လိုသေးလဲလို့ စိတ်ထဲမှာပြန်ပြန်မေးကြည့်ရတဲ့အထိပါပဲ။ တခုခုကိုဆုပ်ကိုင်လိုက်ပါလားလို့ တယောက်က အကြံပေးတယ်။ ခက်တယ်ဗျာ။ ပြန်စဉ်းစားလိုက်ရင် ဟိုးတုန်းကနဲ့ဘာမှသိပ်မကွာပြန်ဘူး။ အမေ့ကိုပဲ တိုင်တည်နေရတယ်။ အမေကျနော့်ကိုခွင့်လွှတ်ပါ။ ကျနော်တို့နောက်ကျတယ်။ သို့မဟုတ်ကျနော်တို့ စောလွန်းတယ်။ တကယ်ဆို အဖေ့ရဲ့မြေကွက်လေးမှာ စံပယ်ပင်တွေစိုက်ပျိုးဖို့လောက်ပဲ ကျနော်လူဖြစ်လာတာ။ မနက်စောစောကြီး ခရီးမထွက်ခင်မှာ အမေ့ကငါ့ကို တတွတ်တွတ်မှာတယ်။ “သားပျောက်အမေရဲ့သောက နင်မသိဘူးနော် ”တဲ့။ ဒီတခါလည်း ဖြေစရာစကားရှာမရပြန်။
သဘောမတူပေမယ့် ယဉ်ကျေးမှုတခုထဲ အလျားလိုက်ဝင်စားလိုက်ရမယ့် နေ့ဟာပင်ပမ်းတယ်။ ဂုဏ်သိက္ခာနှင့် တာဝန်ယူမှုအတွက် ကျနော်တို့ ပေါ့ပေါ့တန်တန်မလုပ်ဘူးဆိုတာကိုပြသရတော့မယ်။ အဆုံးသတ်မှာ အရိုင်းဆန်မှုနှစ်ခုတည့်တည့်တွေ့တော့မယ်။ ဟန့်ဝါခြင်းတွေထဲ နားမလည်စွာ အတုံးအရုံး။ နောက်တော့လည်း အများနည်းတူ ပြီးဆုံးသွားပြန်တယ်။
အနံအသက်မကောင်းတဲ့မှောင်စပျိုးချိန်တွေမှာ ကျနော်တို့သူငယ်ချင်းတွေ လမ်းလျှောက်ထွက်ကြပြန်တယ်၊ဒီလိုရာသီ ဥတုကိုမကြိုက်ဘူးဗျာ။ မိရိုးဖလာဆိုတာကိုမကြိုက်ဘူး။ ပြောင်းလဲပစ်ဖို့လိုနေပြီ။ ကောလဟလထဲက လူညစ်တွေလို ကျနော်တို့အပြင်မှာမကျင့်ကြံသင့်ဘူး။ နောက်ဆုံးတော့ ကိုယ်ပိုင်တဲ့ ငယ်ငယ်ကအကြောင်းတွေကိုပဲ တယောက်တလှည့်ပြောမောရင်း မိုးစုန်းစုန်းချုပ်ခဲ့ရပြန်တယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ခရီးရှည်ထွက်ရာကပြန်လာတဲ့လူတယောက်က “မင်းက အခုမှ ခရီးစထွက်မလို့လား” လို့အမောတကောမေးတယ်။ ကျနော်က သူ့မေးခွန်းကိုမဖြေဘဲ သူဆက်ပြောမယ့်စကားကို နား ထောင်နေတယ်။ စကားမဆုံးခင်မှာ မီးဖွားတော့မယ့် အမျိုးသမီးတယောက်ကို ပြုစုဖို့သူထွက်သွားတယ်။ ကျနော်အတွက်ကံကောင်းတာလား။ ကံဆိုးတာလား။ အခုချိန်မှာဆုံးဖြတ်ဖို့စောလွန်းသေးတယ်။
ခုတလော ကျနော်တို့ရပ်ကွက်ဆီ အမှိုက်သိမ်းကားမလာတာကြာပြီ။ အဲဒီရက်တွေမှာပဲ ကျနော်တို့လမ်း ကြားလေးမှာ ရေလျံနေတယ်။ နေပူကျဲကျဲမှာ ကလေးတွေနဲ့ငါးမျှားထွက်ရင်ကောင်းမလား။ ပုလင်းကောက်တဲ့ကုလားလေးနဲ့မိတ်ဖွဲ့ရကောင်းမလား။ ပဲပြုတ်သည်ကိုပဲ အလိုက်သင့်စကားပြောလိုက်ရကောင်းမလား စဉ်းစားတယ်။ ခေတ်ဆိုတာကြီးက ခက်တယ်ဗျာ။ သူစိမ်းတွေလည်း သူစိမ်းတွေအလျောက်။ သူကျက်တွေလည်း သူကျက်တွေအလျောက်။ နားညည်းစရာတွေ နေရာတကာမြင်ရတွေ့ရလို့ထင်ပါရဲ့။ ဘာကိုအားကျရမှန်းလည်းမသိ။ ဘာကိုအပြစ်တင်ရမှန်းမသိ။ သက်ပြင်းတွေအခါခါချတယ်။
အစဉ်အလာစကားတွေကို စိတ်ကုန်လာတယ်။ ဆင်ခြေဆင်လက်တွေလည်းနားထောင်မကောင်းဘူး။ အောင်မြင်သူတို့၏ နေနည်းထိုင်နည်းဆိုတာမျိုးက စိတ်ဝင် စားစရာမကောင်းဘူး။
မဂ္ဂဇင်းထဲမှာ ကျောင်းတုန်းက ကဗျာရေးဖော်သူငယ်ချင်းတယောက်ရဲ့ ကဗျာကိုတွေ့ရတော့ဝမ်းသာတယ်။ ဒီကောင်ချစ်သူကို လွမ်းတုန်း။ မိုးဥတုကို ဖွဲ့တုန်း။ သစ်ပင်တွေအကြောင်းပြောတုန်း။
ဩဂုတ်-၁၉၊ ၂၀၀၆