Breaking News

ကိုအောင်မှိုင်း - ကမ္ဘာ့အရင်းရှင်စနစ်အတွက် မရဏခေါင်းလောင်းသံ(သို့ ) NO JUSTICE AND NO PEACE


ကိုအောင်မှိုင်း - ကမ္ဘာ့အရင်းရှင်စနစ်အတွက် မရဏခေါင်းလောင်းသံ(သို့ ) NO JUSTICE AND NO PEACE

(မိုးမခ) ဇွန် ၉၊ ၂၀၂၀

ကနေ့အမေရိကန်အပါအဝင် နိုင်ငံအတော်များများမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် ဆန္ဒထုတ် ဖေါ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာနေပါတယ်။အပေါ်ယံကြည့်ရင် Mr.George Floyd ဆိုတဲ့ လူမဲအမျိူးသား တဦးကို အမေရိကန်ရဲအရာရှိတယောက်က လူမြင်ကွင်းမှာဖမ်းဆီးစဉ် သေဆုံးသွားခဲ့ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။


ဒါကိုလူဖြူလူမဲပြဿနာတခုတည်းအပေါ်မှာသာ ရှုမြင်သုံးသပ်မယ်ဆိုရင်တော့ လုံးဝပြည့်စုံမှာ မဟုတ်ပါဘူး။ အကြောင်းအချက်တခုလို့တော့ ကျနော်တို့သုံးသပ်နိုင်မှာဖြစ်ပါတယ်။ တချိူ့ကလဲ ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါ ကြီးဖြစ်ပေါ်ပြီး အမေရိကန်မှာ အလုပ်လက်မဲ့ပေါင်းဟာ ဧပြီလ အတွင်းမှာတင် ၁၄.၇%တိုးလာပြီး ၁၉၄၈ခုနှစ် ကစလို့အများဆုံးစံချိန်လို့လဲဆိုကြပါတယ်။VOA သတင်းဌာနရဲ့သတင်းအရ အမေရိကန်နိုင်ငံမှာ ၂၀.၅သန်း လောက် လောလောဆယ်အလုပ် လက်မဲ့ဖြစ်နေကြာင်း သိရပါတယ်။အမေရိကန်အစိုးရကတော့ ဒုတိယနှစ် ဝက်မှာ စီးပွါးရေး ပြန်လည်ဦးမော့လာနိုင်မယ်ဆိုပြီး မရဲတရဲပြောနေတာတော့ ကြားလိုက်ရပြန်ပါတယ်။ ဒီလို အလုပ်လက်မဲ့ဖြစ်ပေါ်မှုပြဿနာကလဲ အမေရိကန်နိုင်ငံရဲ့ ကနေ့ဖြစ်ပေါ်နေတဲ့ အထွေထွ ဆေန္ဒပြမှုကြီး အ တွက် အကြောင်းအချက်တခုတော့ဖြစ်တယ်လို့ ပြောနိုင်မှာဖြစ်ပါတယ်။

နောက်တချက်ဖြစ်တဲ့ အမေရိကန်သမ္မတရဲ့ လူမျိူးရေးခွဲခြားဆက်ဆံတဲ့ လုပ်ရပ်နဲ့ ဒီမိုကရေစီ မဆန်တဲ့ အပြု အမူတွေကို ထောက်ပြတာလဲတွေ့ရပါတယ်။အမေရိကန် သမ္မတအတော်များ များက ကော်ပိုရေးရှင်းကြီးတွေ ရဲ့ ထောက်ခံအားပေးမှုကိုတနည်းမဟုတ် တနည်းယူ ကြရလေ့ရှိ ပါတယ်။သမ္မတထရမ့်ကတော့ သူကိုယ်တိုင် ကလဲ ဘီလ ျှံနာသူဌေးတဦးဖြစ်ပြီး ကျန်တဲ့ ကော်ပိုးရေးရှင်းကြီးအများစုရဲ့ ယုံကြည်ကိုးစားမှုကို ရထားသူဖြစ် ပါတယ်။ဒီအတွက် သမ္မတ ထရမ့်ရဲ့လုပ်ဟန်တွေက မဲဆွယ်ပွဲကာလကထဲက လူမျိူးရေးခွဲခြားမဲဆွယ်လာတာကို ပြန်တွေးမိ ကြမှာပါ။ဘယ်လောက်ထိအတင့်ရဲလာသလဲဆိုရင် သမ္မတအိုဘားမားလုပ်ခဲ့တဲ့ ပရောဂျက်တွေ အားလုံးလိုလိုကို ပက်ပက်စက်စက်ပြောပြီးဖျက်ဆီးပစ်ခဲ့တာလဲ အထင်အရှားဖြစ်ပါတယ်။ဒါကလဲ အကြောင်း အချက်တခုဘဲဖြစ်မှာပါ။

အမေရိကန်အရင်းရှင်စနစ်ဆိုတာ အမေရိကန်နိုင်ငံရဲ့ပိုင်ဆိုင်မှုအားလုံးနီးပါးကို ၁% သာရှိတဲ့ လူနည်းစုတွေ က ပိုင်ဆိုင်ထားတဲ့စနစ်ဖြစ်ပါတယ်။အမေရိကန်ပြည်သူတွေရဲ့ ရဲဝံ့ပြတ်သားတဲ့ တိုက်ပွဲတွေအပေါ်ကို ထရမ့် အစိုးရဟာ ဖြေလေ ျှာ့မှုတွေလုပ်နေရပြီဖြစ်ပါတယ်။ပါးစပ်က စစ်တပ်နဲ့နှိမ်းနင်းပစ်မယ်တို့ စစ်တပ်ကိုပစ်ခိုင်းလိုက်မယ်ဆိုတဲ့ ထရမ့်ဟာလတ်တလောခေါ်ယ ူထားတဲ့ ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့ဝင်၅၀ဝ၀ကို အိမ်ပြန်ခိုင်းလိုက်ရပါပြီ။အမှုကျူးလွန ်သူ ရဲအရာရှိတွေကို တရားစွဲတာအပါအဝင် ဝါရှင်တန်သမ္မတအိမ်ဖြူတော်နားက နေရာတခုကို Black Lives Matter (လူမဲတွေအသက်ကလဲ အရေးကြီးတယ်) ဆိုတဲ့ ဂုဏ်ပြုလမ်းတခု လုပ် ပြီး ဂုဏ်ပြုနေရပြီဖြစ်ပါတယ်။

အမေရိကန်လွတ်တော်မှာလဲ ဖွဲ့စည်းအုပ်ချူပ်ပုံဆိုင်ရာ စိမ်ခေါ်မှုတွေရှိနေပြီဆိုတာတော့ ဒီမိုကရက်အမတ် တွေရော ရီပတ်ဘလစ်ကန်အမတ်တွေရော လက်ခံရပြီဖြစ်ပါတယ်။ တတိုင်းပြည်လုံးနဲ့ဆိုင်တဲ့ ပြဿနာတွေ ကြုံတဲ့အခါ အမတ်တွေအများစုဟာ လူထုဘက် ကိုမျက်နှာမူကြတာတော့ အတုယူစရာပါ။ ကာကွယ်ရေး ဝန်ကြီးဟောင်းဖြစ်တဲ့ ရီပတ် ဘလစ်ကန်ပါတီဝင် ဗိုလ်ချူပ်ကြီးကောလင်းပါဝါဟာ ဒီမိုကရက်ပါတီသမ္မတကို မဲထည့်မယ်လို့ ဗြောင်ပြောနေပြီဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ပါတ်သက်ပြီး တာဝန်ခံမှုရှိတဲ့ ဥပဒေသစ်ရေးဆွဲဘို့ လွတ်တော်အမတ်တွေ ပြင်ဆင်နေကြပါပြီ။ဒါတွေက အမေရိကန်အရင်းရှင်စနစ်ကို ကာကွယ်ဘို့ ဖြေလေ ျှာ့ မှုတွေလို့ သုံးသပ်ရမှာဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေဖြစ်တဲ့ လွန်ခဲ့တဲ့ တနဂငေ်္နွနေ့က လန်ဒန်၊ပါရီ၊ဘာလင်၊ရောမစတဲ့ မြို့ကြီးတွေမှာ လူထုဆန္ဒ ပြမှုတွေဖြစ်ခဲ့သလို ကျန်တဲ့ ဥရောပနိုင်ငံအတော်များများမှာလည်း ဆန္ဒပြမှုတွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ ကျနော်ပြောချင်တာက ဒီမိုကရေစီနိုင်ငံ အတော်များ များမှာ လူထုကလက်ရှိ အရင်းရှင်စနစ်ရဲ့ အနိဌာရုံတွေ ကို အတော်စိတ်ပျက်နေကြပြီဆိုတာ ထင်ရှားပါတယ်။ ဒီမိုကရေစီမျက်နှာဖုန်းစွတ်တွေနဲ့ အရင်းရှင်တွေရဲ့ ပက်ပက်စက်စက်ဖိနှိပ်မ ှုတွေကို နာနာကျည်းကျည်းခံစားနေတာကို စိမ်ခေါ်နေချင်ကြပြီဆိုတာကို မီးမောင်း ထိုးပြချင် တာဖြစ်ပါတယ်။ကြွေးကြော်သံတွေက အစ I can’t breathe ငါအသက်ရူလို့မရတော့ဘူး ဆိုတာ က Black Lives Matter လူမဲတွေအသက်လဲ အရေးကြိးတယ်ဆိုတာ ဖြစ်လာတယ်။ အခုနောက်ဆုံးကမ္ဘာကို လွမ်းမိုးသွားတာကတော့ NO JUSTICE NO PEACE တရားမ ျှတမှုမရှိ ရင် ငြိမ်းချမ်းမှုမရနိုင် ဆိုတာဖြစ်လာ နေတာကို တွေ့ရမှာဖြစ်ပါတယ်။ဆိုလိုချင်တာက နိုင်ငံရေးကြွေးကြော်သံဖြစ်လာတာပါ။

ကနေ့ကမ္ဘာ့ပြည်သူတွေရဲ့တိုက်ပွဲတွေဟာ လတ်တလောရပ်တန့်ကောင်းရပ်တန့်သွားနိုင်ပေမဲ့ တိုက်ပွဲစဉ် တွေကတော့ သဏ္ဍာန်အမျိူးမျိူးနဲ့ပေါ်လာဦးမှာပါ။ ကျနော်သတိရမိတာတခုက အမေရိကန်သမ္မတ ထရမ့် မဲဆွယ်ပွဲတုန်းက လတ်တီနိုတွေကို ပက်ပက်စက်စက်ဆန့်ကျင်ပြပြီး လူမျိူးရေးလုပ်မဲဆွယ်ခဲ့တယ်။မက်ဆီကိုနိုင်ငံကို တံတိုင်းခတ်မယ်ဆိုပြီး အကြီးအကျယ် ကြိမ်းဝါး ခဲ့ပါတယ်။ အခုလက်ရှိ ထရမ့်လုပ်နေရတာက တော့ အိမ်ဖြူတော်ကို တံတိုင်းခတ်နေရတာပါ။ ကမ္ဘာမှာလူမျိူးခွဲခြားရေးဝါဒဟာကျဆုံးရမှာ မြေကြီးလက်ခတ် မလွဲလို့ပြောရမှာပါ။

ကျနော်ပြောချင်တဲ့ အဓိကအချက်က အမေရိကန်နိုင်ငံရဲ့ ကနေ့လူမျိူးရေးခွဲခြားမှုပြဿနာဟာ ကမ္ဘာ့အရင်းရှင်စနစ်အတွက်တော့ မရဏခေါင်းလောင်သံသာဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း
၈ရက် ဇွန် ၂၀၂၀ခုနှစ်