Breaking News

ဆောင်းယွန်းလ - "အမေရိကန်"



ဆောင်းယွန်းလ - "အမေရိကန်"

(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၀

နာရီလက်တံတွေဘဲ ရပ်ရင် ရပ်သွားမယ်
သေနတ်သံတွေကိုတော့ မှန်မှန်ကြားနေရပေါ့

တွစ်တာကို တစ်ရွက်ချင်းလှန်ဖတ်ရင်
ပါးစပ်အပစ်ကြမ်းတဲ့ သမ္မတကိုတွေ့ရမယ်

နိုင်ငံတော်ကို တရက်ချင်းလှန်ဖတ်ရင်
သေနတ်အပစ်ကြမ်းတဲ့ လူသတ်ကောင်တွေကိုတွေ့ရမယ်

ကိုဗစ်ရဲ့ အကြီးဆုံးဆုံမှတ်ဆိုလည်း မမှားဘူး
တရားထူးတရားမြတ်အတွက်
သမ္မတတရားတွေကိုဘဲ နာရမလိုလို
သေနတ်သံတွေနဲ့ဘဲ ၀င်သက်ထွက်သက်မှတ်ရမလိုလိုပေါ့

စစ်ပွဲတွေမစရသေးတဲ့ မြို့ပျက်ကြီး
ရောင်စုံမီးတွေအောက်က ထောင်ချောက်ကြီး
အိပ်မက်လှလှတွေ မက်ချင်သလိုမက်ခွင့်ရှိတယ်ဆိုပေမယ့်
ဒုက္ခလှလှကိုလည်း လက်တွေ့ကျကျရနိုင်တဲ့နေရာပေါ့။

ဆောင်းယွန်းလ