Breaking News

ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင် မြန်မာ့အရေးနဲ့ကျနော့်အတွေး ( ၃ )



ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင် မြန်မာ့အရေးနဲ့ကျနော့်အတွေး ( ၃ )

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၂၀


၄။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွတ်တော်အမတ်တွေ အဆိုတင်ကြတဲ့ကိစ္စကို ကျနော်နဲနဲ တင် ပြချင်ပါ တယ်။ ဗိုလ်မင်းအောင်ကိုယ်တိုင် interview အတော်များများမှာ ၂၀၀၈ကိုပြင်ရမယ်ဆိုတာ ပြောလေ့ပြော ထရှိတဲ့ စကားပါ။ ဥပဒေအတိုင်းလုံးဝပြင်လို့မရအောင်ဆွဲထားတဲ့ ဥပဒေကို ဥပဒေအတိုင်းပြင်ရမယ်လို့လဲ တခါ တလေပြောသလို တခါ တလေကြတော့လဲ ပြင်သင့်တာတွေ ပြင်ချိန်ကျရင်ပြင်ရမှာပါလို့လဲ ပြောတတ်ပြန်ပါသေး တယ်။တခါတလေကျပြန်တော့ လဲ ပြင်ရမယ်ဆိုတာ ကျနော်တို့လဲသိပါတယ် ဖြစ်ပြန်ရော။ ဥပမာအနေနဲ့ပြောရရင် လက်ဝှေ့ပြိုင်ပွဲတခုမှာ တဘက်လူကို လက်နှစ်ဖက်လုံးကြိုးတုတ် မျက်နှာကိုလက်သီးနဲ့ထိုး ခြေထောက်နဲ့ကန်ပြီး ကျနော်နိုင်ပါတယ်လို့ ဂုဏ်ယူစွာဟစ်ကြွေး အောင်ပွဲခံတဲ့လုပ်ရပ်ဟာ ဘယ်လောက်အောင်တန်းကျသလဲဆိုတာ လောက်တောင် မစဉ်းစားနိုင်ဘဲ အောင်ပွဲခံနေကြ တာဟာ လူထုအပေါ်ကျွန်လိုသဘောထားတဲ့ စိတ်ဓါတ်ဘဲဖြစ် ပါတယ်။လူလူခြင်းအခွင့်ထူးခံတယ်ဆိုတာမကောင်းဘူးဆို တဲ့ အခြေခံလူကောင်းသူကောင်း စိတ်ကလေးတောင် မထားနိုင်ကြတာ ထင်ထင်ရှားရှားပေါ်လွင်စေပါတယ်။

ဒီလိုလူက ဘယ်လိုလုပ် နိုင်ငံအရေး တိုင်းပြည်အရေးကို ဥိးဆောင်ဆုံးဖြတ်မှာလဲ။သူရယ် သူ့မိန်းမရယ် သူ့မိသားစု ရယ် လောက်သာ လူရာဝင်တယ်ထင်ပြီး ဆုံးဖြတ်လို့ကတော့ “သံဃာစဉ်ပါမှောက်မဲ့ကိန်း” လို့ဘဲကျနော်တို့ ယုံကြည် မိပါတယ်။

၅။ Washington Post က Senior Associate Editor Elizabeth (Lallyy) ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၂၄ရက် အင်တာဗျူး မှာ “နေရာတကာ ပြည်သူ့ဆန္ဒ ပြည်သူ့ဆန္ဒ လုပ်လို့ဘယ်ရမလဲ” ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင်က ဇွန် ၂၅ ရက်က ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှအခြေစိုက် Arguments and Facts သတင်းဌာနနဲ့တွေ့ဆုံ မေးမြန်း ခန်းမှာတော့ “ပြည်သူ့ဆန္ဒ အပေါ်မူတည်လုပ်သွားမယ်” လို့ဆိုပြန်တယ်။ သေချာတာကတော့ ဗိုလ်မင်းအောင်လှိုင် ပြောသွားတာက ပိုက်ဆံပေးပြီး ထောက်ခံဆန္ဒပြခိုင်းတာကိုများ ဆိုလိုသလားပါဘဲဗျာ။အခုလဲ စစ်တပ်ကလှုတာ လိုလို သူကိုယ်တိုင်လှု တာလိုလိုနဲ့ ငွေပေးထောက်ခံခိုင်းတဲ့ အလုပ်မျိူးတွေ လုပ်နေပြန်တာတွေ့ရတော့ အာဏာ လောဘသိတ်ကြိးတဲ့လူတ ယောက်လို့ဘဲ ယူဆရတော့မှာပါ။ ဗိုလ်မင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေကို ပြန်သုံးသပ် ပြန်ရင်လဲ မေးတာကတမျိူး ဖြေတာကတခြားဆိုသလိုပါဘဲ။ စစ်အာဏာရှင်စနစ် စစ်တပ်အုပ်စိုးမှုအတွက် ဝှေ့လည် ကြောင်ပါတ် ဖြေနေတာကို အတော်များများတွေ့ရပါတယ်။ ဒါကို သူကတော့ ငါလူလည်လို့ထင်မှာပါဘဲ။ နိုင်ငံ တကာမီဒီယာတွေနဲ့ လူထုအမြင် ကတော့ ယုံကြည်စိတ်ချစရာမရှိဆိုတဲ့ မှတ်ချက်ကလွဲပြီး အခြားမရှိပါဘူး။

အခါအားလေ ျှာ်စွာ ပြောကြားတဲ့မိန့်ခွန်းတွေမှာလဲ “တပ်မတော်သည် နိုင်ငံရေးလုပ်နေသည့် အဖွဲ့အစည်းမဟုတ်”၊ “လက် နက်ကိုင်များနှင့်ငြိမ်းချမ်းရေးမရလျှင် တပ်မတော်နိုင်ငံရေးကမထွက်” “မြန်မာ့နိုင်ငံရေးမှာတပ်မတော်ကို ဖယ်ထုတ်မည် ဆို ျှင် ဆိုးကျိူးများစွာခံစားရလိမ့်မည်” ဆိုတဲ့ ခြိမ်းခြောက်တာတွေ အနိုင်ကျင့်တာတွေ လိမ်ညာ တာတွေကို အထက်နဲ့ အောင် ပြောင်းပြန်ဆိုသလို ကြုံရင်ကြုံသလို ပြောလေ့ရှိပြန်တာတွေ့ရပြန်ပါတယ်။

ဘာဘဲဖြစ်ဖြစ် နိုင်ငံတိုင်းမှာနိုင်ငံဆိုင်ရာ (Procotol ပရိုတိုကော) တွေရှိပါတယ်။ ဥပမာ - ဗိုလ်မင်းအောင်လှိုင် ရှရုားကို ရောက်စဉ် သမ္မတပူတင်ကို တွေ့ခွင့်တောင်းခဲ့ရာမှာ တွေ့ခွင့်မရခဲ့ဘဲ ကာကွယ်ရေးဒုတိယဝန်ကြီးနဲ့သာတွေ့ခွင့်ရခဲ့ပါ တယ်။ဗမာပြည်မှာတော့ ကိုယ့်မင်းကိုယ့်ချင်း နိုင်ထက်စီးနင်း ဘယ်လိုဘဲလုပ်လုပ် ဘာတွေဘဲလုပ်လုပ် ဘယ် လောက် လုပ်လုပ် သေနတ်ကိုင်ထားတော့ ဘယ်သူမှပြောရဲဆိုရဲတဲ့လူမရှိပါဘူး။ အစိုးရကိုယ်တိုင်က ပါးစပ်ပိတ် နားပိတ် မျက်စိ ပိတ်ဖြစ်နေတော့ ထင်ရာကျဲတော့တာပေါ့ဗျာ။ ဒီကိစ္စကအစိုးရမှာလုံးဝတာဝန်ရှိပါတယ်။ အနိုင်ကျင့်တတ်တဲ့လူတွေဟာ အနိုင်ကျင့်ခံရတဲ့သူတွေကသာ မခုခံလို့ကတော့ တသက်လုံးအနိုင်ကျင့် လေ့ရှိပါ တယ်။ ဒီလိုလူတွေက နှစ်၇၀လောက် နီးနီး တိုင်းပြည်ကိုအနိုင်ကျင့်ခဲ့တာကို လူထုအပေါ်အနိုင်ကျင့်တာမှန်တယ် သူတို့အခွင့်ထူးခံနေကြတာမှန်တယ်လို့ ထင်မြင်နေပုံရပါတယ်။ခုထိမျက်နှာသွေးသပ် မရှက်မကြောက် ကျနော် သမ္မတဖြစ်ချင်ပါတယ် ပြောရဲကြတုန်းပါဘဲ။

တကယ့်ကိုရွံစရာတွေပါဗျာ။

၆။ ကျနော်တို့လူထု နှစ်ပေါင်းများစွာတောင်းဆိုနေတာက တတိုင်းပြည်လုံး ပြည်တွင်းငြိမ်းချမ်းရေး တရားဥပဒ ေစိုးမိုးရေး ၂၀၀၈ဖွဲ့စည်းပုံဖျက်သိမ်းရေးတို့ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးလဲ ပျက်သလောက်ရှိသွားပါပြီ။ ၂၀၀၈ဖွဲ့စည်းပုံ ဖျက်သိမ်းရေးဆိုတာမပြောနဲ့ ပြင်ဆင်ရေးဆိုတာလဲ အလံရူးသွားပြန်ပါပြီ။ တရား ဥပဒေစိုးမိုးရေး အတွက်ကလဲ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိနေတဲ့ ရဲတပ်ဖွဲ့တို့ တရားစီရင်ရေးတို့ဟာ စစ်တပ်အားကိုးနဲ့ ဘယ်ခေတ်ကနဲ့မတူအောင်ကို ပျက်စီး နေပြီလို့ ပြောရင်မှားမယ်မထင်ပါဘူး။ ပြည်ထဲရေးဆိုတာကလဲ ဗိုလ်မင်း အောင်လှိုင်ကိုင်ထားတဲ့ ဝန်ကြီးဌာန၃ခုက တခု မဟုတ်ပါလား။

ရဲဌာနဆိုရင်လဲ ကျော်မကောင်းကြားမကောင်းချည့်ဆိုသလိုပါဘဲ။ ထင်ထင်ရှားရှား ပေါ်ပေါ်လွင်လွင်ပါဘဲ။ မြန်မာနိုင်ငံမှာ ဆရာဦီးကိုနီကိုလူမြင်ကွင်းမှာ ပက်ပက်စက်စက်နဲ့ သတ်ပစ်လိုက်ကြတယ်။အမှန်က အားလုံး ကိုကွက်တိ စီစဉ်ပြီးသားပါ။ ဆရာဥိးကိုနီကို ပစ်သတ်လိုက်တဲ့ ကြည်လင်းက အေးအေးဆေးဆေး သီချင်းလေးဆို ရင်း လွတ်မြောက်သွားရမှာပါ။ ပြဿနာကTaxi ဆရာတွေဖြစ်တဲ့ ကိုနေဝင်းတို့အုပ်စုက ကြည်လင်းကို အုပ်နီခဲနဲ့ ဝိုင်းထုလိုက်ရာက စီစဉ်ထားတာတွေ တလွဲတွေဖြစ်ကုန်ကြတာပါ။ စစ်ဗိုလ်လူထွက်တွေစီစဉ်တဲ့ ငွေပေး လုပ်ကြံသတ်ဖြတ်မှုကြိးကတော့ တကယ့်ကို ကမ္ဘာကျော်သွား ခဲ့တော့တာပေါ့ဗျာ။ နောက်ကွယ်ကလက်မဲကြီးတွေကိုတော့ ဖေါ်ထုတ်နိုင်ဘို့နေနေသာသာ နေပြည်တော်ထွက်ပြေးသွားတဲ့ စစ်ဗိုလ်လူထွက်တကောင်တောင် ခုထိလွတ်နေ ဆဲလို့ပြောရတော့မှာပါ။ ခက်တာက အဲဒီအချိန် လေဆိပ်လုံခြုံရေး တာဝန်ခံဖြစ်တဲ့ ရဲမှုးကြီးရယ် တရားခံတွေထဲက တယောက်နဲ့ရယ် DSA တပါတ်ထဲဆင်းဆိုလား ပြောကြတော့ စဉ်းစား ရခက်သားကလား။

နောက်တမှုဖြစ်တဲ့ သက်ငယ်မဒိန်းမှု ဗစ်တိုးရိးယားလေးအမှုပါ။ ရဲတပ်ဖွဲ့ရဲ့ ရက်ရက်စက်စက် ပက်ပက်စက်စက် သားသမီးချင်းမစာမနာလုပ်ခဲ့ကြတဲ့ ကိစ္စဖြစ်ပါတယ်။ တရားခံကိုဖုန်းကွယ်ဘို့ မဆိုင်တဲ့လူတယောက်ကို တရားစွဲခဲ့သလို အမှု ကိုလဲ မပိတ်ပိတ်အောင် ဝိုင်းလုပ်ခဲ့ကြတာပါ။ တနိုင်ငံလုံးက ကလေးလေးရဲ့အနာဂါတ်အတွက် နာမည်အမှန်တို့ မိဘနဲ့ အိမ်လိပ်စာတွေကို ဝိုင်းပြိး မီဒီယာတွေကိုယ်တိုင် လုံးဝဖုံးကွယ်ထားခဲ့ကြတာကို ရဲအရာရှိကြိးဆိုသူများက သတင်းစာရှင်း လင်းပွဲလုပ်ပြီး ဖေါ်ပြခဲ့ကြပါတယ်။ အခုအချိန်မှာတော့ သက်ငယ်မုဒိန်းမှုဖြစ်တဲ့ ဗစ်တိုးရိးယားလေး အမှုက သမိုင်းဖြစ်သွား ခဲ့ရပါပြီ။အမူပိတ်တိတ်ပေါ့ဗျာ။ဗမာပြည် တရားဥပဒေဆိုတာကြိးလဲ ရေတိမ်နစ်ရပြန်တာ ပေါ့ဗျာ။

အခုလတ်တလော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ဖြစ်သွားခဲ့တဲ့ ရဲရာထူးခန့်ချူပ်ဆိုတဲ့ကောင်ကိုတော့ ဘယ်လိုပြောရမလဲ ဆိုတာ တောင် မတွေးတတ်အောင်ပါဘဲ။ မျက်နှာကို တံတွေးနဲ့သာ တည့်တည့်ထွေးလိုက်ဘို့ဘဲရှိပါတယ်။ ငွေ ကိုယူတယ်။ နောက် ကိုယ့်ရဲတပ်ဖွဲ့ဝင်အမျိူးသမီးအရာရှိတွေကို ခြေတော်တင်တယ်။ ၁၈ယောက်ခြေတော်တင်တာ ထောင်၃နှစ် ဆို တော့ လူထုထဲမှာအတော်တန်တယ်လို့ ပြောနေကြတာ မဆန်းဘူးထင်ပါတယ်။ သူက DSA ဆင်း ရဲထဲကိုရောက်လာတဲ့ မိုးကျရွှေကိုယ်တဦးပါ။လုပ်ချင်ရာလုပ် ပြောချင်ရာပြောပြီးရင်တော့ ထုံးစံအတိုင်း စိတ်ရောဂါရှိ တတ်တဲ့ လူ့အသိုင်းအဝန်း ကလူတယောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးရဲ့ ကနေ့အခြေအနေကတော့ အတော်ရင်လေးစရာလို့ပြောရတော့မယ်ထင်ပါတယ်။ရဲအရာရှိ တဦးပြောတာကတော့ ရဲတပ်ဖွဲ့ထဲမှာ ရာထူးတိုးချင်လို့ကတော့ ငွေပေးရတယ်ဆိုတာ ရဲတိုင်းနားလည်တဲ့ကိစ္စလို့ ဆို တော့ ပြောဘို့အတော်ခက်တယ်လို့ပြောရတော့မှာပါ။ဒီကိစ္စက ရဲတပ်ဖွဲ့တခုထဲမှာမှ မဟုတ်ပါဘူး။မိုးကျရွှေကိုယ် တွေ ရောက်တဲ့ဌာနတိုင်းဖြစ်နေတဲ့ ကိစ္စလို့ပြောနိုင်တဲ့ကိစ္စကြီးပါ။ဗိုလ်မင်းအောင်လက်ထက်မှာ အရုပ်ဆိုးအ ကြီးတန်ဆုံးလို့ ပြောနိုင်ပါတယ်။ပြည်ထဲရေးဌာနကို လူထုလက်ပြန်ထည့်ပါဆိုတော့လဲ ဆတ်ဆတ်ထိမခံ။ရဲတပ်ဖွဲ့ကို သမ္မတအောက် ထားပါဆိုတော့လဲ ဆတ်ဆတ်ထိမခံ။သူကိုယ်တိုင်လဲ ကောင်းအောင်မလုပ်နိုင်ဆိုတော့ စစ်တပ် ကြီးဖင်ခုထိုင်ထားလို့ သာ ဆိုတဲ့စကားက သူ့အတွက်အသင့်တော်ဆုံးဖြစ်မှာပါ။

ဗမာပြည်မှာမူးယစ်ဆေးဝါးဖမ်းမိရင် စစ်တပ်နဲ့မလွတ်ကင်းသလို လူသတ်မှု မုဒိန်းမှု ဓါးပြမှုကအစ ရာဇဝတ်မှုအတော် များများမှာ စစ်တပ်လက်ရာတွေ မကင်းနိုင်တော့အောင်ဘဲ တသီတတန်းကြီးဖြစ်နေတဲ့ကာလပါ။ တိုက်ပွဲတွေဖြစ်နေ တဲ့ ဒေသတွေမှာဆို အဆိုးဝါးဆုံးအခြေအနေလို့ပြောနိုင်ပါတယ်။ မခံနိုင်တော့တဲ့ သ ျှမ်းပြည်ကျောက်မဲမြို့ကပြည်သူ တသိန်း နီးပါးဟာ လမ်းပေါ်ထွက်ပြီး စစ်တပ်ရဲ့လူသတ်ဝါဒကို ရှုံ့ချနေကြပါပြီ။ဒေါ်လာ ၅ဘီလ ျှံလောက်မိသားစု ချမ်း သာတယ်လို့ အပြင်မှာ ပြောဆိုခံနေရတဲ့ ဗိုလ်မင်းအောင်လှိုင်တယောက် နိုင်ငံရေးအာဏာရရင် ဒေါ်လာ ၁၀၀ ဘီလ ျှံလောက် ပိုချမ်း သာသွားနိုင်တယ်ဆိုတာ ယုံကြည်နိုင်လောက်တဲ့ လော့ဂျစ်တခုဘဲ မဟုတ်ပါလားဗျာ။

၇။ အခုတလော ကာချူပ်က ထွက်ရကာနီးမှာ ဗိုလ်မင်းအောင်လှိုင် နှမ်းဖြူးတဲ့မိန့်ခွန်းတွေ နှမ်းဖြူးတဲ့လုပ်ရပ်တွေ တွင် တွင် ကျယ်ကျယ် ပြောဆိုလုပ်ကိုင်လာတာတွေ့ရပါတယ်။ ပြည်သူလူထုအကျိူးဆိုတာတွေလဲ ထပ်တလဲလဲပြောလာ နေတာ တွေ့ရတော့ ဖေါ်မျူလာဝင်လာပြီလို့ ဟာသတွေပြောနေကြတာ လူထုကြားမှာတော့နားမဆန့်အောင်ပါဘဲ။ အရင်က နှမ်း ဈေးကြီးနေလို့လားမသိပါ။ လူထုကတော့ သိသိကြိးနဲ့ လိမ်နေတာတွေထက် မပိုဘူးဆိုတာလောက်ဘဲ သဘောပေါက် ကြပါတယ်။“လိမ်ဆင်ကြိး”နဲ့ဆိုတာမျိူးပေါ့ဗျာ။

ဗိုလ်မင်းအောင် ဘုရားတည်မယ်ဆိုပြီး စစ်တပ်သင်္ဘောနဲ့ ကျောက်တုံးကြီးသယ်လာတာတွေ့ရတော့ ကမ္ဘာမှ အဆိုတခု ကိုသွားသတိရမိပါတယ်။“အချောင်သမားတွေအများစုဟာ နိုင်ငံရေးနေရာအတွက် ဘာသာရေးကို ခုတုန်း လုပ်လေ့ရှိ တယ်” ဆိုတာ မှန်များနေသလားပါဘဲ။ တည်တော့ ဗိုလ်မင်းအောင်လှိုင်ဘုရား သယ်တော့စစ်သင်္ဘော နဲ့ (စစ်တပ်က တည်တဲ့ ဘုရားလဲမဟုတ်) ပိုက်ဆံကတော့ ဘုန်းထားတဲ့ ပိုက်ဆံဆိုရင်တော့ လော်ဘီထက်ပိုပြီး အခြား မရှိပါ။ ဗမာပြည် မှာက ဘုရားအတော်များများလဲဗေဒင် ကိန်းခမ်း အင်းအိုင် လက်ဖွဲ့ ယတရာတွေလုပ်ကြကိုင်ကြရင်း ဘုရားတွေရုပ်ပျက် ဆင်းပျက်ဖြစ်ကုန်ကြရတာကတော့ အတော်ဝမ်းနည်းဘို့ကောင်းပါတယ်။ ဒီကိစ္စတွေရဲ့ အများ စုတွေက စစ်ဗိုလ်ချူပ်လူ တန်းစားတွေရဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့အမြင်လို့ ပြောရတော့မှာပါ။လူထုတွေ သိတ်ဆင်း ရဲနေကြပါပြီ။အသက်နဲ့လုပြီး ဝမ်းစာရှာစားနေကြရပါပြီ။စာနာသနားကြပါလို့ဘဲ ပြောရတော့မှာပါဗျာ။ အဓိက ပြော ချင်တာကတော့ လူစိတ်နဲနဲလေး ဖြစ် ဖြစ်မွေးကြဘို့ပါ။လုံလောက်တဲ့ ငွေကြေးဓနတွေလဲ ပြည့်စုံကြပါပြီ။တိုင်းပြည် ကို ကိုယ့်တဥိးတည်းလောဘတွေကြောင့် ထပ်မဖျက်ဆီးကြပါနဲ့လို့ဘဲ ဗြောင်ပြောကြရမဲ့အချိန် ရောက်ပြီထင်ပါ တယ်။

ဗမာပြည်မှာ သမ္မတပင်စင်က ကျပ်သိန်း၅၀၊ ကာချူပ်(အငြိမ်းစား)ဗိုလ်သန်းရွှေက ကျပ် သိန်း၁၀၀၊ ဒုကာချူပ် (အငြိမ်းစား) ဗိုလ်မောင်အေးက ကျပ်သိန်း၈၀ ဆိုတော့ အငြိမ်းစားမယူခင်က စုဆောင်းထားတာကလဲ ဒေါ်လာဘီလ ျှံချီပြီးချမ်းသာနေ ကြပြီး အငြိမ်းစားယူပြန်တော့လဲ အခွင့်ထူးခံလိုက်ကြတာက သမ္မတထက် ပင်စင် လစာ၂ဆပိုများ ပါတယ်။ အငြိမ်းစားစစ် ဗိုလ်ချူပ် ၆၉ ယောက်အတွက် အိမ်အမှုထမ်း ၄၀၀ လစာကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ကို အစိုးရကလစဉ် လစာပေး နေကြရတာပါ။ဗမာပြည်မှာ သုတေသနစာရင်းတွေအရ ဘီလ ျှံနာ ၁၀၀ကျော်ရှိတဲ့အနက် အများစုက စစ်ဗိုလ်ချူပ်တွေလို့ ပြောကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဆိုတာ အဲ့လိုမျိူးဖွဲ့စည်းပုံဆိုတော့ လူပါးသိတ်ဝတဲ့ ဖွဲ့စည်းပုံလို့ပြောရမလို အဲ့ဒီဖွဲ့စည်း ပုံဆိုတာကြီးကို ထိလို့မရဘူးပြောနေတဲ့ ကာချူပ်ဆိုတဲ့ပုဂ္ဂိုလ်ကိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့လောက် အောင်ပါဘဲ။ သူက သမ္မတဖြစ်ချင်နေပြန်ပြီဆိုတော့။

ကျနော်တို့အကြံပေးလိုတာကတော့ ကိုယ်ပိုင်စီးပါွးရေးလုပ်ငန်းဖြစ်တဲ့ Mytel မိုင်တယ်မှာ မန်နေဂျာဖြစ်ဖြစ် ဥက္ကဌ ဖြစ်ဖြစ် လုပ်ရင်း အေးချမ်းစွာ အနားယူတာ ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ရော အကောင်းဆုံးဖြစ် ကြောင်းပါ ဗျာ။


ကိုအောင်မှိုင်း
၁၂ရက်ဇူလိုင်လ ၂၀၂၀ခုနှစ်။