Breaking News

မောင်လူပေ - ကိုရိုနာ ၀၄/၀၇/၂၀



မောင်လူပေ - ကိုရိုနာ ၀၄/၀၇/၂၀

(အမေရိကားမှာ တနေ့ ၅သောင်းနှုန်း ကူးတာ ၃ ရက် မြောက်)

(မိုးမခ) ဇူလိုင် ၅၊ ၂၀၂၀

တစ်ရက်အတွင်းတွင် ကပ်ရောဂါကူးစက်ခံရသူစုစုပေါင်း နှစ်သိန်းတစ်သောင်းနှစ်ထောင်ကျော်အထိ စံချိန်တင်တွေ့ရှိခဲ့ပြန်သည်ဟု WHO က ကြေညာသည်။ အမေရိကန်ပြည်ထောင်စု၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့တွင် အများဆုံးတွေ့ခဲ့သည်။ သေဆုံးသူနှုန်းမှာ တစ်ရက်လျှင် ငါးထောင့်ခန့်ဖြင့် တည်ငြိမ်နေသည်။

ငှက်ဖျားဆေးနှင့် AIDS ဆေးကို ရော၍ ရောဂါကုသခြင်းကို ရပ်ဆိုင်းကြောင်း WHO က ကြေညာသည်။ တိုးတက်မှုတစ်စုံတစ်ရာမတွေ့ခဲ့ရဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုတွင် ကူးစက်ခံရသူ ငါးသောင်းခုနှစ်ထောင်အထိ စံချိန်တင်တွေ့ရှိခဲ့ပြန်သည်။ ငါးသောင်းကျော်တွေ့ခဲ့သည်မှာ သုံးရက်ဆက်တိုက်ဖြစ်သည်။ ကူးစက်ခံရသူ ၂.၉သန်းအထိရှိလာသည်။ တစ်ရက်အတွင်း (၇၂၈)ဦးသေဆုံးသည်ဟု ဆိုသည်။ တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံ၌လည်း တစ်ရက်အတွင်း ကူးစက်ခံရသူ နှစ်သောင်းနှစ်ထောင်အထိ စဲချိန်တင်တွေ့ရှိခဲ့ပြန်သည်။ ကူးစက်ခံရသူ ခြောက်သိန်းခုနှစ်သောင်းအထိ ရှိလာသဖြင့် မကြာခင်မှာပင် ရုရှားပြည်ကိုကျော်လွန်ကာ ကူးစက်ခံရမှုအများဆုံးနိုင်ငံစာရင်းမှာ တတိယနေရာကို ယူမည်ဖြစ်၏။ သေဆုံးသူ တစ်သောင်းကိုးထောင်ရှိသည်။

ရုရှားပြည်၌ ကူးစက်ခံရသူ ကေခာက်သိန်းခုနီစ်သောင်းခွဲရှိလာပြီး သေဆုံးသူတစ်သောင်းအထိ ရှိလာသည်။ သေဆုံးမှုနှုန်းအမှန်ကို သိရန်ခက်ခဲသဖြင့် အတိအကျမသိနိုင်ပါ။

မြန်မာပြည်တွင် ပြည်ပကူးစက်(၇)ဦးတိုး၍ ကူးစက်သူ(၃၁၃)ရှိသည်။ ပြည်တွင်းကူးစက်မရှိပါ။