Breaking News

စေတ - နှိုးစက် သို့မဟုတ် အိပ်ပျော်နေသူများကိုနှိုးခြင်း

KT#
နှိုးစက် သို့မဟုတ် အိပ်ပျော်နေသူများကိုနှိုးခြင်း
စေတ
(မိုးမခ) ဇူလိုင် ၆၊ ၂၀၂၀

အခုအချိန်မှာတော့
ဘာမှကိုအငြင်းမပွားလိုဘူး
မာရ်နတ်ကအားကောင်းနေတော့
အားလုံးကိုလေးစားချစ်ခင်ပါတယ်
"နိုင်ငံရေး" တော့မပါဘူးပေါ့လေ
ပြီးတော့
ကိုခင်ဝမ်းက
"အစိမ်းရောင်တွေကိုမသုံးနဲ့" တဲ့၊
ဟုတ်တယ်
အစိမ်းရောင်တွေကိုတော့အမုန်းဆုံးပဲ
ငါတို့သတိထားရမယ်
မာရ်နတ်ကအားကောင်းနေတော့၊
ရှေ့ကအမှားမျိုး
နောက်ကလိုက်မှားနေတာတော့
ဘာတတ်နိုင်မှာတဲ့လဲ
ဒါပေမဲ့
အချိန်ကျရင်
နိုင်ငံရေးရဲ့နာရီလက်တံတခုက
ထိုအရာကို သက်သေပြလိမ့်မယ်။
အခုအချိန်မှာတော့
ဘာမှကိုအငြင်းမပွားလိုဘူး
အစိမ်းရောင်တွေကိုမသုံးနဲ့
အခုနေအခါမျိုးမှာ
ဂျွန်စတိန်းဘက်ရဲ့
Of Mice And Men (တို့ပိုင်တဲ့မြေ) ကို
ပြန်ဖတ်ချင်တာပါပဲ။ ။