Breaking News

ကိုသန်းလွင် - မျက်လှည့်ပိုက်ဆံ


ကိုသန်းလွင် - မျက်လှည့်ပိုက်ဆံ

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၀

(၁)

လူတို့ကိုပြုပြင်ပြောင်းလဲရေးလုပ်အောင် အကြပ်အတည်းများက တွန်းအားပေးပါသည်။ ၁၉၃ဝခုနှစ် က ဖြစ်ခဲ့သော အထွေထွေကြပ်တည်းမှု (Great Drpression) ကြောင့် အမေရိကန်အစိုးရ၏ အသုံးစရိတ်ကို ၃ ဆမျှတိုးတက်စေခဲ့ပါသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်ကြီးက အသုံးစရိတ်ကို ပိုမိုမြှင့်တင်ပေးပြီး စီးပွားရေးလုပ် ငန်းများတွင် အစိုးရကိုပါဝင် လာအောင်ဆွဲဆောင်ပေးခဲ့ပါသည်။

အမေရိကန်ပြည်၏သမိုင်းတွင် ဤကဲ့သို့သောအဖြစ်အပျက်များမှာ ကြိမ်ဖန်များစွာဖြစ်ပေါ်ခဲ့ပါသည်။ ဗီယက်နမ်စစ်ပွဲကာလတွင် အစိုးရကိုပြည်သူတို့က အယုံအကြည်ကင်းမဲ့ခဲ့ကြသည်။ ၀ါးတားဂိတ်အရေးတွင် ပိုမို ဆိုးရွားခဲ့သည်။ ထို့နောက် ဆိုဗီယက်ယူနီယံ ပြိုကွဲသောအခါ အစိုးရအပေါ်အယုံအကြည်ရှိလာခဲ့ပြန်ပါသည်။ ၁၉၉၀ ပါတ်ဝန်းကျင်တွင် စီးပွားရေးကောင်းမွန်ခဲ့ခြင်းက ကမ္ဘာပေါ်တွင် တစ်ခုတည်းသော စူပါပါ၀ါဖြစ်စေခဲ့ပါ သည်။ ထို့နောက် စက်မှုသိပ္ပံပညာတိုးတက်လာကာ ဆင်းရဲချမ်းသာကွာဟမှုကိုဖြစ်ပေါ်စေခဲ့ပါသည်။ ဂလိုဗယ် လိုက်ဇေးရှင်း ကြောင့် ဆင်းရဲချမ်းသာကွာဟမှုမှာ ပိုမိုကြီးမားစေခဲ့ပါသည်။

(၂)

၂၀၀၈ ခုနှစ် စီးပွားရေးအကြပ်အတည်းကြောင့် နောက်ဆက်တွဲဖြစ်စဉ်များ ဖြစ်နေကြစဉ်မှာပင် ၂၀၂၀ ခု ကိုရိုနာဗိုင်းရပ်ပိုးပြန့်ပွားမှုဖြစ်ခဲ့ပြန်ပါသည်။ ထိုအဖြစ်အပျက်များက အစိုးရများကို ငွေဖန်တီးယူခြင်းဖင့် ဖြစ်စေ ချေးယူခြင်းဖင့် ဖြစ်စေ၊ ပိုက်ဆံရအောင်လုပ်ခြင်းကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးခဲ့ပါသည်။ ရသော ပိုက်ဆံများ၏အရင်းအမြစ်မှာ စဉ်းစားဖွယ်ရာဖြစ်ပါသည်။ ထိုပိုက်ဆံများကို (Magic Money) ဟုခေါ်ပါသည်။ ဂျပန်နိုင်ငံတွင် သမိုင်းအစဉ်အဆက်က ငွေဖောင်းပွနှုန်းနည်းခဲ့ပြီး ပိုက်ဆံကိုပိုမိုချေးငှါးနိုင် သုံးစွဲနိုင်ခဲ့ပါသည်။ အင်္ဂလန်နိုင်ငံတွင်မှု စိုးရိမ်ဖွယ်ရာများရှိသော်လည်း အများပြည်သူသုံးစွဲငွေမှာ ပိုမိုခိုင်ခံ့သော သဘောရှိသဖြင့် ပူစရာမရှိပါ။ ဖွံ့ဖြိုးစနိုင်ငံများမှာ ၂၀၀၈ ခုနှစ်က အကြပ်အတည်းကြုံခဲ့ပြီး ခက်ခဲသော အစိတ်အပိုင်းများ ကြုံရ ဖွယ်ရှိပါသည်။ ပိုမို၍အားနည်းသောနိုင်ငံများမှာ ငွေကိုချေးငှားကြရပါသည်။

အမေရိကန်နိုင်ငံအဖို့မှာ ကမ္ဘာကအားထားရသည့် ငွေကြေးဖြစ်ခြင်းကြောင့် ကြီးမားသော ရလဒ်များရနိုင် သလို၊ အန္တာရယ်ဖြစ်စေနိုင်သောအကြောင်းအရာများလည်းဖြစ်စေနိုင်ပါသည်။ ကမ္ဘာတွင် အခိုင်အမာဆုံးရင်းနှီး မြှပ်နှံမှု (Asset) ရှိသဖြင့်ဘဏ္ဍာရေးလုပ်ပိုင်ခွင့်များကို အသုံးပြုနိုင်သကဲ့သို့ အလွှဲသုံးစားလုပ်နိုင်သော အနေအ ထားလည်းရှိပါသည်။ အစိုးရသုံးငွေများကိုချဲ့ထွင်နိုင်ပြီးသိပ္ပံသုတေသနလုပ်ငန်း၊ ပညာရေး၊အမျိုးသားလုံခြုံရေး တို့တွင်ပိုမိုသုံးစွဲနိုင်ပါသည်။ နိုင်ငံ၏ချေးငွေများမှာပိုမိုများပြားလာပြီး တိုင်းပြည်၏ဘဏ္ဍာရေးရာများကို ထိမ်းချုပ် သောဖက်ဒရယ်ရီဆာ့ဖ် (Federal Reserve) ပေါ်တွင်ပိုမိုအားထားလာကြပါသည်။ တိုင်းပြည်တွင်း၌ရှိသော ငွေကြေးမှာ များပြားလွန်းသဖြင့် သမ္မတ ဟယ်ရီထရူးမင်း ကဗဟိုဘဏ်ကိုသေးသိမ်အောင်လုပ်ခဲ့ဖူးပါသည်။ အ ကယ်၍ ဖက်ဒရယ်ရီဆာ့ဖ်သာ လုပ်ပိုင်ခွင့်ပျောက်ဆုံးလျင် မျက်လှည့်ပိုက်ဆံများလည်းပျောက်ဆုံးသွားနိုင်ပါ သည်။

၂၀၀၈ အကြပ်အတည်းက ဗဟိုဘဏ်၏အရေးပါမှုကို မီးမောင်းထိုးပြလိုက်သလိုဖြစ်ခဲ့ပါသည်။ လာမင် ဘရားသား(Lehman Brother)ဒေဝါလီခံလိုက်ပြီးသည့်နောက်အမေရိကန်ဖက်ဒရယ်ရီဆာ့ဖ်ဥက္ကဌ ဘင်ဘာ နာကီး (Ben Bernanke) က အေအိုင်ဂျီ (AIG-American International Group)သို့ဒေါ်လာ ၈၅ ဘီလီယံ ကိုထည့်ပေးခဲ့ပါသည်။ ကွန်ဂရက်အမတ်က ဘာနာကီးကို အစိုးရမှာငွေရှိရဲ့လား ဆိုသောမေးခွန်း ကို “ အစိုးရ က ၈၀၀ ဘီလီယံလဲစိုက်ထည့်ပေးနိုင်ပါတယ်” ဟုပြောခဲ့သည်။ ဆိုလိုသည်မှာငွေကို ပုံနှိပ်ထုတ်နိုင်သလိုအခြား နည်းလမ်းများလည်းရှိပြီး ပိုက်ဆံကိုလိုသလောက်ရနိုင်သည်ဟုပြောဆိုခဲ့ခြင်းဖြစ်သည်။

အေအိုင်ဂျီ ကို ကယ်တင်လိုက်ခြင်းမှာ အစဘဲရှိပါသေးသည်။ နှစ်တာရှည်ခံသော ဘွန်းများအပါအဝင် စီးပွားရေးထဲသို့ထည့်သွင်းငွေမှာ၂၀၀၈ခုနှစ်ကုန်ဆုံးသောအခါ ၁ ဒဿမ ၃ ထရီလီယံရှိပါသည်။ အင်္ဂလန်ဘဏ် ကလည်းအလားတူဘွန်းများဝယ်ခဲ့ပါသည်။ ဂျပန်ဘဏ်ကလည်း၂၀၀၁ ခုနှစ်မှစ၍ဘွန်းများဝယ်ခဲ့ပြီး၂၀၀၈ ခုနှစ် တွင်ဘွန်းဝယ်မှု ၂ ဆတိုးလာခဲ့ပါသည်။ ၂၀၁၃ ခုနှစ်ကစ၍ဂျပန်တို့ဖန်တီးသောငွေမှာ ဂျီဒီပီ ထက်ပိုနေပါသည်။ ဥရောပဘဏ်ကမှု ပထမသော်ဂျာမနီနှင့် ဥရောပမြောက်ပိုင်းနိုင်ငံများ၏ ကန့်ကွက်မှုကြောင့် နှောင့်နှေးခဲ့သော် လည်း ၂၀၁၅ ခုနှစ်ကစ၍ငွေဖန်တီးခြင်းအလုပ်ကို လုပ်ကိုင်ခဲ့ပါသည်။ ဤဘဏ်ကြီး ၄ ခုစုစုပေါင်းသော် ငွေပမာ ဏ ၁ ဒဿမ ၃ ထရီလီယံမျှရှိပါသည်။

ခိုင်မာသော ဘဏ္ဍာရေးစနစ်တွင် အကျိုးကျေးဇူးများရှိခဲ့ပါသည်။ လွန်ခဲ့သော နှစ် ၂၀၀ က အင်္ဂလန် နိုင်ငံသည် နပိုလီယံကိုနိုင်အောင် တိုက်နိုင်ခြင်းမှာ ဘဏ္ဍာရေးစနစ်ခိုင်မြဲနေသောကြောင့်ဖြစ်ပါသည်။ ၂၀၀၁ အထိ အမေရိကန်နိုင်ငံ၏ချေးငွေမှာ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ငွေကြေးအကြပ်အတည်းအပြီး ၂၀၀၉ ခုနှစ်တွင် ၂ ဆဖြစ်လာပြီး ဗိုင်းရပ်ပြန့်ပွားမှုဖြစ်သောအခါ ဂျီဒီပီ၏ ၁၀၆ ရာခိုင်နှုန်းဖြစ်ခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ ၂၀၀၀ ခုနှစ်ကချေးငွေမှာ ဂျီဒီပီအတိုင်း ၁၀၀ ရာခိုင်နှုန်းရှိခဲ့ပြီး ယခုအချိန်တွင်၂၀၀ ရာခိုင် နှုန်း အထိတိုးခဲ့သည်။ သို့တိုင် ဂျပန်နိုင်ငံ၏ငွေကြေးနှင့် ပါတ်သတ်၍ အကြပ်အတည်းမတွေ့ခဲ့ရပါ။

(၃)

ငွေကြေးဖောင်းပွခြင်းမှာဘယ်ကလာသည်ဟု ဘယ်သူမှသေချာမသိပါ။ ဘယ်ချိန်တွင်လာမည်ဟုလည်း သေချာမသိနိုင်။ ငွေကြေးလည်ပါတ်မှုတွင် အနှောင့်အယှက်ရှိချိန် ရောဂါပြန့်ပွားမှုအရှိန်ဖြင့် အကြပ်အတည်းဖြစ် ပြီး စျေးနှုန်းများတိုးလာနိုင်သည်။ စွမ်းအင်ဖြစ်သောရေနံနှင့်သဘာဝဓာတ်ငွေ့များ စျေးကျနေရာမှစျေးတက်လာ ခြင်းကြောင့်လည်းဖြစ်နိုင်သည်။ ရိုးသားသောစောင့်ကြည့်သူများအဖို့မသိနိုင်သောအကြောင်းအရာ မြောက်များ စွာရှိပါသည်။

၁၉၅၀ ခုနှစ်တွင် ဥက္ကဌမော်စီတုန်းက စစ်သား ၃၀၀,၀၀၀ ကျော်ကိုရေခဲနေသော ကိုရီးယား ယူလူးမြစ် (Yulu River) ဒေသသို့လွတ်လိုက်ပါသည်။ ထိုဒေသတွင်နေကြသောအမေရိကန်စစ်သားများမှာ လက်နက်အင် အားကလည်းမမျှမတဖြင့်သေကြရသည်။ ထိုအချိန်တွင်အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းက ဖက်ဒရယ်ရီဆာ့ဖ် ဥက္ကဌ သောမတ် မက္ကဘီး (Thomas McCabe) ကို အိမ်ဖြူတော်ကိုဖိတ်ခေါ်၍ လက်ချာပေးဘူးသည်။ ရည်ရွယ် ချက်မှာ ၁၀ နှစ်စာ ဝယ်ထားသော ဘွန်းများ၏အတိုးနှုန်းကို ၂ ဒဿမ ၅ တွင်ထိန်းသိမ်းထားရေးဖြစ်သည်။ သူ တို ့ကဘွန်းများကို လိုသလောက်မဝယ်နိုင်၍ ကမောက်ကမ ဖြစ်လျှင်ရုရှား သမ္မတစတာလင်အကြိုက်ဖြစ်သွား မည်ဟု ဆိုသည်။ အစိုးရ၏ငွေချေးယူနိုင်သော အင်အားသည်လည်း တည်ငြိမ်နေစေရန်ဖြစ်သည်။

ဤတွင် ဖက်ဒရယ်ရီဆာ့ဖ်၌ အဓိကပြဿနာဖြစ်သွားသည်။ နိုင်ငံဒုက္ခရောက်နေသည်။ တစ်ဖက်က လည်း ငွေကြေးဖောင်းပွမှုနှုန်းကမြင့်တက်လာသည်။ ထို့ကြောင့်ငွေကိုထိန်းချုပ်ရမည်။ ဗဟိုဘဏ်အနေဖြင့်စျေး နှုန်းများကိုထိန်းချုပ်ရန်ကြိုးစားရသည်။ မက္ကဘီး က ဖောင်းပွမှုကိုထိန်းချုပ်ရန်အရင်ဆုံး ကြိုးစားရပါသည်။ သူ့ စကားကိုနားမထောင်သော မက္ကဘီးကို ဖယ်ထုတ်၍ မာတင် (Willian Martin) ဖြင့်အစား ထိုးခဲ့ရသည်။ နောက် လူက သူ့စကားကိုနားထောင်လိမ့်မည်ဟု သမ္မတကမျှော်လင့်ခဲ့သည်။

(၄)

ရာထူးလက်ခံအပြီး မာတင်၏ ပဌမမိန့်ခွန်းမှာ “ငွေကြေးဖောင်းပွမှုသည် ပဌမအရေးကြီးသောရန်သူဖြစ် သည်။ ၄င်းကိုတိုက်ခိုက်ရန်မှာ ကျွန်တော်တို့ နယ်နိမိတ်ပြင်ပမှ ရန်သူများထက်ပို၍အရေးကြီးသည်” ဟုဖြစ်ပါ သည်။ စျေးနှုန်းများတက်မည့်အရေးကိုဦးစားပေး၍ ကာကွယ်ခြင်းသာ ဖြစ်သည်ဟူ၍ သမ္မတ၏စကားကို နား မထောင်ခဲ့ချေ။

သမ္မတက နှစ်အနည်းငယ်အကြာနယူးရောက်မြို့လမ်းတစ်ခုပေါ်တွင် မာတင်ကို တွေ့သောအခါ “သစ္စာ ဖောက်” (Traiter) ဟုခေါ်ပြီး လမ်းလွဲထွက်သွားခဲ့ပါသည်။

မျက်လှည့်ငွေ၊ ပိုက်ဆံများ၏ ခေတ်ကုန်သွားသည် အထိ အမေရိကန်တွင် သစ္စာဖောက်များ ဘယ်နှစ် ယောက်ရှိမည်မသိနိုင်ပါ။

ကိုသန်းလွင်
Ref: The age of magic money by Sebastian Mallaby, Foreign Affairs July/August 2020