Breaking News

မောင်စွမ်းရည် - စဉ်းစားဆင်ခြင်



မောင်စွမ်းရည် - စဉ်းစားဆင်ခြင်

(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၀

ခု ရေတွင်းတူး
ခု ရေကြည်သောက်
သောက်ချင်တိုင်း ဖြစ်မလား။

မနေ့က အာဏာရ
ဒီနေ့ကျ ပြည်တော်သာ
ဖြစ်နိုင်ပါ့မလား။

ဆန္ဒမစောနဲ့
ဆန္ဒ စောရင်
ဆန္ဒ မ ချောဘဲ မောရမယ်။

နှစ် ၅၀ ဖျက်
တိုင်းပြည်ပျက်ကို
ရက် ၅၀ နဲ့ မပြင်နိုင်
ရက် ၅၀၀ လဲ မပြင်နိုင်။

မောင်စွမ်းရည်