Breaking News

ကိုအောင်မှိုင်း - နင်လားဟဲ့ ရွေးကောက်ပွဲ (၁)

Photo - Frontier Online

ကိုအောင်မှိုင်း - နင်လားဟဲ့ ရွေးကောက်ပွဲ (၁)

(မိုးမခ)ဇူလိုင် ၂၇၊ ၂၀၂၀

ကနေ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပါတ်သက်နေတဲ့ ရဲဘော်တယောက်က မေးတယ်။စစ်တပ်က အာဏာသိမ်းသွားရင် ဘယ်လိုလုပ်မလဲ။ဒါကြောင့် စစ်တပ်မကြိုက်တဲ့ကိစ္စတွေကို ကျနော်တို့ရှောင်နေရတယ်။ ကျနော်တို့နိုင်ငံမှာ အဲဒီအတွေး အခေါ်အယူအဆဟာ ဗမာပြည်နိုင်ငံရေးဝန်းကျင်ကို အတော်လွှမ်းမိုးနေရာယူနေပုံရပါတယ်။ဒါဟာ အတော်မှားတဲ့ အတွေး အခေါ်ဖြစ်သလို လက်တွေ့အရလဲ အတော်မှားယွင်းပါတယ်။

၁။ ၂၀၀၈ဖွဲ့စည်းပုံဆိုတာ စစ်တပ်က တရားဝင်အာဏာသိမ်းထားတာဖြစ်တယ်။ ကနေ့လွှတ်တော်တို့ အစိုးရတို့ဆိုတာ စစ်တပ်က ပေးထားတဲ့ အရိုးအရင်းအာဏာဘဲဖြစ်တယ်။တကယ့် အာဏာအရင်းအမြစ်ကို စစ်တပ်က ၂၀၀၈ဖွဲ့စည်းပုံနဲ့ အကာအကွယ်ယူပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိမ်းသိမ်းထားတာဖြစ်ပါတယ်။

၂။ စစ်တပ်ကသာ အာဏာသိမ်းလို့ကတော့ ၁၅နှစ်လောက် ကောက်ကောက်ကျစ်ကျစ် ယုတ်ယုတ်မာမာရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းအမည်ခံ စစ်ဥပဒေကို သူတို့ကိုယ်တိုင် တရားဝင်ဖျက်သိမ်းပြီးသားဖြစ်သွားမှာပါ။ ဒီလောက်တိုင်းပြည် နဲ့ ပြည်သူလူထု အပေါ် အခွင့်ထူးခံနေရတဲ့ စစ်ဥပဒေကိုဘာကြောင့်လုပ်ဖျက်သိမ်းကြမှာလဲဆိုတာ စဉ်းစားကြည့်ရင် အလွယ် တကူမြင်နိုင်တဲ့ ကိစ္စဘဲဖြစ်ပါတယ်။ဒါကြောင့် ကာချူပ်ဆိုတဲ့ပုဂ္ဂိုလ်က ဖွဲ့စည်းပုံဥပဒေကို မထိနဲ့ မီးပွင့်သွားမယ် ဆိုတဲ့ အပြောတွေ အလုပ်တွေ ကို မျက်ခြေမပြတ် ပြောဆိုလုပ်ကိုင်နေတာမဟုတ်ပါလား။ ၂၀၀၈ဖွဲ့စည်းပုံဆိုတာ စစ်ဗိုလ်ချူပ် တွေ စစ်ဗိုလ်ပြုတ်တွေ စစ်ဗိုလ်ရှုတ် တွေအတွက် သပိတ်ဝင်အိပ်ဝင် ခိုးရာပါပစ္စည်းတွေကို တရားဝင်သိုလှောင်သုံးစွဲနိုင်ခွင့်အတွက် ကင်းလွတ်ခွင့်ရထားတဲ့ (ချွင်းချက် တွေနဲ့ပြည့်နေတဲ့) စစ်ချေးဥပဒေလို့ ဥပဒေပညာရှင်တွေက သုံးစွဲလေ့ရှိ တာလဲ ဖြစ်ပါတယ်။

၃။ စစ်တပ်ကအာဏာသိမ်းလို့ကတော့ စစ်ဗိုလ်ချူပ်မိသားစုတွေအပါအဝင် ကနေ့ရရှိထားတဲ့ ဆန်ရှင်ဆိုင်ရာလွတ်လပ်ခွင့်တွေ ရုတ်သိမ်းခံရမှာဆိုတာ စစ်ဗိုလ်ချူပ်တွေက လူထုထက် ပိုပါးနပ်ကြပါတယ်။ဒါကသူတို့အခွင့်အရေးဖြစ်တာကိုး။ စစ်ဗိုလ်ချူပ်မိသားစုတွေ ၊သားသမီးမြေးမြစ်တွေ နိုင်ငံခြားထွက်ပညာသင်ခွင့်တွေ အလုပ်အကိုင်လုပ်ခွင့်တွေ ရင်းနှိး မြုတ်နှံခွင့်တွေကအစ ကနေ့ရရှိနေတဲ့ အခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားမှာဆိုတာ အသေအချာပါဘဲ။စစ်ဗိုလ်ချူပ် တွေ ကနေ့လို နေရာတကာခြေဆန့်ခွင့် မရတော့ဘဲ အကန့်အသတ်တွေ အမြောက်အများနဲ့ ရင်ဆိုင်ရမဲ့ကိစ္စကိုလဲ ဗိုလ်ရှုတ် တွေ နားလည်ပြီးသားဖြစ်ပါတယ်။

၄။ကနေ့ ဒီမိုကရေစီအင်အားစုတွေကြားမှာ ရန်သူဖြစ်တဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်ကို မေ့ပျောက်နေကြပြီး စစ်အုပ်စု ကပေး တဲ့ အာဏာအရိုးအရင်းအတွက် အချင်းချင်းကိုက်နေကြတာဟာ ဒီ၂၀၀၈ဆိုတဲ့ စစ် × ဥပဒေရဲ့ အသေအချာပြင်ဆင် ဂွင် ထည့်ထားတဲ့ အဆိပ်မိနေကြတာဖြစ်သလို အပင်းဝင်နေကြတာလို့ဘဲ ပြောရတော့မှာပါ။ တချိူ့ကလဲ ဒီစစ် × ဥပဒေ အောက်မှာ စစ်တပ်နဲ့ ပလူးပလဲ လုပ်ရင်း(ရင်ကြားစေ့ရင်း) ဒီမိုကရေစီကြွေးကြော်နေတာဟာ လူထုကိုလမ်းမှားပေါ် ဆွဲချ နေတာလို့ဘဲ သဘောတရားအရ မြင်ပါတယ်။ စစ်အုပ်စု စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဆင်နိုင်မှ ဒီမိုကရေစီ ရမှာပါ။ ဒီအတွက်လူထုနဲ့အတူ ပူးပေါင်းတိုက်ပွဲဆင်ရမှာပါ။ ကနေ့အခြေအနေက “ဒီထက်လျော့ရင် ကျမ ဟိုဟာဖြစ်တော့မယ် သူကြိး” ဆိုတဲ့ ဆောင်းပါးကို ၂၀၁၅ခုနှစ်က ဗိုလ်သိန်းစိန်တို့ ဇီးသီးဗန်းမှောက်ချိန်မှာ ရေးခဲ့ဘူးပါတယ်။ မိုးမခမဂ္ဂဇင်းမှာပါ။ အာဏာကောင်းကောင်း မွန်မွန်လွဲပြောင်းနိုင်ဘို့မယုတ်မာ မ ကောက်ကျစ်ကြဘို့ အလေ ျှာ့ပေးလိုက်ကြတာ နိုင်ငံပိုင်အဆောက်အအုံ အတော်များများ နဲ့ချေးငွေအတော်များများ ဓားပြတိုက် ခံလိုက်ရတဲ့အတွက် NLD အစိုးရကို သတိ ပေးတဲ့အနေနဲ့ လက်တွေ့တိုင်းပြည်ရဲ့ဆုံးရှုံးမှုတွေကို ဆင်ခြင်နိုင်ဘို့ ရေးခဲ့တာဖြစ်ပါ တယ်။

၅။ NLD ပါတီ စစ် × ဥပဒေအောက်ဝင်သွားတာ လူထုအတွက် ရန်သူပျောက်သွားခဲ့တာပါ။ NLD ပါတီကို လူထုက သောင်ပြို ကမ်းပြို မဲပေးပြီး လူထုအစိုးရတရပ်အဖြစ် ဒီစစ် × ဥပဒေကိုဖျက်သိမ်းဘို့ တာဝန်ပေးခဲ့တာပါ။ စစ် × ဥပဒေအောက်မှာ ဖျက်သိမ်း ဘို့မပြောနဲ့ ပြင်ဆင်ခွင့်ကိုတောင် စစ်အုပ်စုက ခွင့်မပြုခဲ့ပါဘူး။ ဘယ်လောက် ယုတ်မာပက်စက်ကြသလဲဆိုတာ ထင်ထင် ရှားရှားမြင်နိုင်တဲ့ ဥပမာ တခုလို့ ကျနော်တော့ထင်တယ်။ နောင်လဲ စစ် × လွတ်တော်မှာ ဖျက်တာရော ပြင်တာရောဟာ စိတ်ကူးယဉ်မှုထက် မပိုတဲ့ စဉ်းစား တွေးခေါ်မှုလို့ ပြောပါရစေ။ ရွေးကောက်ပွဲမှာ နေရာအားလုံး NLD နိုင်ပါပြီတဲ့။ ၇၅% ကျော်မှဆိုတော့ လွတ်တော်မှာ စစ်×ဥပဒေပြင်ဘို့ ဆိုတာ စစ်တပ်ကို မျက်စပစ်လိုက် မျက်နှာချိူသေးလိုက် ဖြောင်းဖျနားချ လိုက်ရုံနဲ့ ပြင်နိုင်မယ်ထင်နေတဲ့ ပုဂ္ဂိုလ်အားလုံးကို တော့ လူလိမ်တွေလို့ဘဲ သတ်မှတ်ရတော့မှာပါ။

၆။ ကနေ့ရွေးကောက်ပွဲဆိုတဲ့ စစ် × ဥပဒေအောက်က အာဏာအရိုးအရင်းကိုက်ပွဲကို ရှစ်ဆယ့်ရှစ်တွေရော တိုင်းရင်းသား တွေရော ဝင်ရောက် ခွဲတမ်းလုကြတော့မှာပါ။ ဒါကလဲ သဘောဝတော့ အကျသားလို့ဘဲ ပြောရတော့မှာပါ။ လူထုက သောင် ပြိုကမ်းပြို မဲထည့်အနိုင်ပေးထားတဲ့ အစိုးရတောင် စစ် × ဥပဒေအောက်မှာ မလူးသာမလွန့်သာဖြစ်နေမှတော့ ကိုယ့်ကိုယ်ကို အားကိုးကြမှ ဆိုတဲ့ အတွေးအခေါ်ဟာ မှားတယ်လို့တော့ ကျနော်မပြောလိုပါ။ တချိူ့ကလဲ ကိုယ်ကျိူးစီးပွါး၊ တချိူ့က လဲ စစ်အုပ်စုနဲ့လက်ဝါးရိုက် (ချာပါတီ ၃၀)၊ တချိူ့ကလဲ တိုင်းရင်းသားအရေး စသဖြင့် ခေါင်းစဉ်တော့ အမျိူးမျိူးတပ်နေ ကြဆဲပါ။ ကျနော့်အမြင်ကတော့ စစ် × ဥပဒ ေအောက်မှာ စစ်အုပ်စုနဲ့ပေါင်းစား တောင်းစား ဖြတ်စား လတ်စား ခိုး စား ဝှက် စားချင်တာ အများစုဖြစ်မှာသေချာ ပါတယ်။ အား လုံးကိုတော့မဆိုလိုပါ။

၇။ စစ်အုပ်စုကတော့ ပါတီတွေများပြီး မဲကွဲစေချင်တာ သူ့အကျိူးစီးပွါးနဲ့တိုက်ရိုက်ပါတ်သက်နေလို့ ပါတီတွေများလေ ကြိုက်လေဆို တာမျိူးပါ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ပါတီပေါင်း ၁၀၀ကျော်အောင် တချိူ့ကိုပိုက်ဆံပေး တချိူ့ကို ကိုယ့်ဟာကိုယ်ထောင် တချိူ ကို့ ဇွတ်လုပ်ခိုင်းခဲ့တာကို ပြန်မြင်ရောင်မိပါတယ်။ အဲဒီပါတီတချိူ့ဟာ ခုထိဖျက်မြင်းဘ၀နဲ့ ရှိနေဆဲပါ။ ကနေ့လဲ ဖျက်မြင်းတွေ မွေးထုတ်နေပြန်ပါပြီ။ အချိန်တန်တော့လဲ မူလရုပ်ပေါ်လာကြတာ သဘာဝပါဘဲ။

ကနေ့ တချိူ့ပါတီတွေက လူထုအကြိုက်၂၀၀၈ဖွဲ့စည်းပုံဖြစ်တဲ့ စစ် × ဥပဒေကို ပြင်ရန်ဆိုတာကို ထိပ်ကတင်ထားတာ တွေ့ရတော့ လူထုကို ငပိန်းတွေလို့ ထင်နေပုံရတယ် ဆိုတာလောက်တော့ တွေးမိပါတယ်။ လူထုက ဒီလောက်မပိန်းကြ တော့တာတော့ အ တော်သေချာပါတယ်။ ဆိုလိုချင်တာက ဒီစစ်× ဥပဒေကို ဘယ်လိုပြင်မယ်ဆိုတာကိုသာ သိချင်တာပါ။ ပြင်ရန်ဆိုတာလောက်နဲ့တော့ မလုံလောက်တော့ပါ။ စစ်×လွတ်တော်မှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ NLD ပါတီ တောင် တခုတလေမှမပြင်နိုင်တော့ ပြင်ရန် ဆိုတာလောက်ကတော့ အရပ်စကားနဲ့ပြောရရင် “ဂျင်း” ထည့်တာလောက်ဘဲ ဖြစ်မှာပါလို့ ပြောပါရစေ။၂၀၀၈ပြင်မယ်ပြောနေတဲ့ ပါတီတွေ လူပုဂ္ဂိုလ်တွေကတော့ ဗမာပြည်မှာ အတော်များနေပါပြီ။ ကာချူပ်ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင်တောင် ပြင်ရမှာပါဆိုတာ မျိူး ပြောတတ်ပါသေးတယ်။ နောက်မှသာ ကန့်လန့်တိုက်လိုက်တာဖြစ်ပါတယ်။

၈။ NLD အစိုးရဟာ ဘယ်အစိုးရနဲ့မှမတူအောင် လမ်းတွေတံတားတွေဖေါက်ခဲ့ကြတယ်၊ ဆောက်ခဲ့ကြတယ်ဆိုတာတော့ အငြင်းပွါး စရာမရှိပါ။ ကျနော်တို့ဆိုလိုချင်တာက NLD ပါတီဟာ လူထုကြား တိုက်ပွဲကြားက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး စစ်အုပ်စုဆန့်ကျင်ရေး ဒီလှိုင်းပေါ်က နိုင်ငံရေးစင်မြင့်ကို ရောက်လာခဲ့တာပါ။၂၀၂၀မတိုင်မီ NLD အစိုးရ၏သက်တမ်းအတွင်း ဆုတ်ယုတ်လာ သည့် စီးပွားရေးအခြေအနေ၊ တိုးတက်မှုနှေးကွေးသည့် ငြိမ်းချမ်းရေး၊ အစိုးရအဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်များ၊ ရခိုင်အရေးကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံတကာဖိအား၊ အရပ်သား အစိုးရလက်ထက်ဖြစ်သော်လည်း မေးခွန်းထုတ်ရမည့်လွတ်လပ်စွာ ပြော ဆိုရေး သားခွင့်နှင့် ရွေးကောက်ပွဲကတိကဝတ်များကို အကောင်အထည်ဖော်ဆောင်နိုင်မှုစတဲ့ အကြောင်းအရာများကတော့ NLDအစိုးရ အပေါ်ဝေဖန်မှုများပိုပြီး ကျယ်လောင်လာခဲ့ပါတယ်။(ဝီကီပီဒီးယား)။

၉ ။NLD အစိုးရအတွက် မျက်နှာပျက်စရာနဲ့စိတ်ပျက်စရာအကောင်းဆုံးကတော့ မြေယာဆိုင်ရာမူဝါဒလို့ဘဲပြောရတော့ မယ်ထင် ပါတယ်။ဗမာပြည်မြေယာကဏ္ဍအတွက် ဒုက္ခအပေးဆုံးပြဿနာကတော့ စစ်တပ်ရဲ့ဥပဒေမဲ့ မြေသိမ်းယာသိမ်း လုပ်ငန်းဘဲ ဖြစ် ပါတယ်။“မြေယာလုယက်သိမ်းယူမှုများအားဖြင့် ပြည်သူ့ဘဝများကို ဖျက်ဆီးကြခြင်း” (ဒို့မြေကွန်ယက်ရဲ့ ၂၀၁၅ခုနှစ်) လေ့လာ ဆန်းစစ်ချက်ဟာ အတော်စိတ်ဝင်စားဘို့ကောင်းသလို လယ်သမားတွေအပေါ် စစ်တပ်ရဲ့နိုင်လိုမင်း ထက်လုပ်ရပ် သဘောထား တွေကို ပေါ်လွင်စေပါတယ်။ကနေ့စစ်တပ်က မြေသိမ်းယာသိမ်းမှုရဲ့အဓိကလက်သည် တရား ခံဖြစ်ကြောင်း ပေါ်လွင်လာတာက တော့ အဆိုပါ သုတေသနစစ်တမ်းအရ လူထုထံသွားရောက်မေးခွန်းများပြုလုပ်ရာမှ ရရှိ သောအချက်အလက်များပင်ဖြစ်ပါတယ်။

(“မြေယာလုယက်သိမ်းယူမှုများအားဖြင့်ပြည်သူ့ဘဝများကိုဖျက်ဆီးကြခြင်း”(ဒို့မြေကွန်ယက်ရဲ့ ၂၀၁၅ခုနှစ်)လေ့လာဆန်းစစ် ချက်)

လက်ရှိအခြေအနေအရ သန်းချီလုယက်ထားတဲ့ လယ်သမား ယာသမားတွေရဲ့လယ်တွေ ယာတွေ ဘယ်လောက် မူလ ပိုင်ရှင်တွေ လက်ထဲ ပြန်ရောက်ကြပြီလဲ။မေးခွန်းထုတ်ရမဲ့ အနေအထားမှာဘဲ ရှိနေဆဲလို့ ကျနော်တို့အခိုင်အမာ ပြောပါရ စေတော့ဗျာ။

ကိုအောင်မှိုင်း
(၂၅ရက် ဇူလိုင်လ ၂၀၂၀ခုနှစ်)