Breaking News

ဘုန်းနိုင်လင်း - ဝါဆိုပန်းခူး

KT#
ဝါဆိုပန်းခူး
ဘုန်းနိုင်လင်း
(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၀

ရင်ထဲကအလွမ်းနဲ့ထွက်ခဲ့တဲ့လမ်း
စက်ဘီးကလေးနင်းပြီးတောင်ပေါ်ဆီ
မြင်းလှည်းလေးနဲ့ တောင်ပေါ်ဆီ
ဆိုက်ကားတွေကလည်း တအီအီခရီးပဲ
မြို့တွင်းကဒဏ်ရာနဲ့အလွမ်းက
လမ်းက ဝါဆိုတိုင်းတော်ပေါ်ဆီ
မြိုင်မြိုင်စိုင်စိုင် ဝါဆိုပန်းခူးကြမည်
အရှေ့ရိုးမတောင်ဆီက ကျောက်တံခါးစေတီ
တစ်မြို့လုံးပျော်ပျော်ရွှင်ရွှင် တစီစီ
တစ်နေ့လုံး ရယ်ရယ်မောမော တသောသော
အင်တောရိပ်စိမ်းစိမ်းတွေက 
ရင်တောရိပ်အေးငြိမ်းစရာ
အရှေ့ရိုးမရဲ့ အင်တောရိပ်တခွင်ဟာ
ခေတ်အဆက်ဆက်
တောမြို့ကလေးရဲ့ဖြေဆည်ရာ။

ရင်ကွဲနာတွေအကြောင်းမပြောတဲ့ 
တောကျေးလက်ကတော့
ရာသီစာ လယ်ယာထွက် ဆွမ်းဟင်းတွေချက်
စုံစုံညီညီခြေလျင်တက်ပြီး ဆက်ကပ်လှူ ဒါန်းနေကြပေါ့
စုံတိုင်းလည်း ကြုံနေရတဲ့
မဆုံအလွမ်းတွေနဲ့ပဲ
ခေတ်ပြိုင်ထဲ 
ဝါဆိုပန်းခူးနေကြမြဲ။

၈ ဂျူ လှိုင်၂၀၂၀