ဒီသစ် - နသန်တိ(နသန္တိ)
နသန်တိ(နသန္တိ)
ဒီသစ်
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၀
ရေ
နှစ်ခါမစီးတာပဲပြောနေတော့
မြစ်အသေကပြုံးတယ်။
ကမ်းပါးတွေပြိုတုန်းက
ယုန်နဲ့အတူပြေးကြ...
ဟင်းစားတွေရတော့
ခွေးနဲ့အတူလိုက်ကြ...
မိုးမှောင်ကြီးအလုံးလိုက်အကြွ
လောကဓာတ်အရောင်ကလည်း
ဆည်းဆာလား...
အရုဏ်လား...
ခွဲထားခက်ငြင်းဆန်နေတာကြီးကို။
ကမ်းအပျောက်
လမ်းလျှောက်ပန်းတွေ
ဝေဖို့ဆိုတာ.....။