Breaking News

ကျော်ဟုန်း - ပြည့်မကိုဋ်ရဲ့ထီးချက်စောင့်နတ်သား


ကျော်ဟုန်း - ပြည့်မကိုဋ်ရဲ့ထီးချက်စောင့်နတ်သား

(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၀

အာဏာ မမက်ဘူး
အသပြာ မမက်ဘူး
ယုံကြည်ရာကိုသာ
သူ တတ်ထားတဲ့
ပညာပေါင်းစုံနဲ့ အားဖြည့်
မိုး၊လေ၊ရာသီမရွေး
ပြည့်မကိုဋ်ရဲ့ ထီးချက်စောင့်နတ်သား။

ဘုရားသော်မှ
လွန်ဆန်မရတဲ့ အနိစ္စတရား
ဘယ်ဝေဒနာမှ
ကြာရှည်မခံစားရဘဲ
ထွက်ဝိဉာဉ် ညင်သာနဲ့
သူသွားတဲ့ သည်ခရီး။

နှမြော ဝမ်းနည်းပေမယ့်
စိတ်မှာယုံကြည်တယ်
လူကောင်းတို့ရဲ့ခြေကြွရာခရီး
သုဂတိ အတိပြီးတယ်လို့။

သစ္စာတည် သက်တော်စောင့်ကြီး
ဦးစိုးဝင်းရေ...
ကောင်းရာသုဂတိလားပါစေ
ဆုမတောင်ဘဲ ပြည့်မယ့်သူပါ
ယုံကြည်နေပါတယ်
ညင်သာ ရွှင်ရာဘုံသို့ သွားလှည့်တော့။

ကျော်ဟုန်း
၂၀၂၀၀၇၂၆

သရုပ်ဖော် ပန်းချီ- အဆိုတော်( ညီညီလွင်)

( ဒီမိုကရေစီသက်တော်စောင့်ကြီး ဦးစိုးဝင်းသို့ ဂုဏ်ပြုနှုတ်ဆက်ကဗျာမို့ အွန်လိုင်းတွင်တွေ့
သော ဦးစိုးဝင်းပုံတူအား ယူသုံးမိပါတယ်။ မူရင်းရေးဆွဲသူ ပန်းချီဆရာအား ခွင့်ပြုပါရန် လေးစား
စွာ အကြောင်းကြားပါတယ်ခင်ဗျာ)