Breaking News

ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင်နဲ့ ဆိတ်ခေါင်းပြဿနာ

Chair NLD facebook

ကိုအောင်မှိုင်း - ဗိုလ်မင်းအောင်လှိုင်နဲ့ ဆိတ်ခေါင်းပြဿနာ

(မိုးမခ)ဩဂုတ် ၂၃၊ ၂၀၂၀  

ဒီတခါဗိုလ်မင်းအောင်လှိုင်ရဲ့ဟိန်းသံ ဟောက်သံ ပေါက်ကွဲသံတွေကတော့ အတော်ပြင်းထန်တယ်လို့ပြောရတော့မယ် ထင်ပါတယ်။၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ − ၂၁ ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အစိုးရ၊တပ်မတော်၊ တက် ရောက်ခွင့်ရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ပါတီအစုအဖွဲ့များ၊ငြိမ်းချမ်းရေးလုပ်ငန်းမှာ ထဲထဲ ဝင်ဝင်ပါဝင် ဆောင်ရွက်နေတဲ့တပ်မတော်အရာရှိဟောင်းများ နိုင်ငံရေးသမားများ ဖိတ်ကြားထားတဲ့သံတမန်များ ဧည့်သည်လူပုဂ္ဂိုလ် များအပါအဝင် မီဒီယာအတော် များများရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်းနဲ့ တိုင်းပြည်နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းကြိးတခုလုံးကို ရေ မြောင်းပုတ်ထဲ ကန်ချလိုက်တာလို့ ကျနော်တော့ ရှင်းရှင်းလင်းလင်းမြင်ပါတယ်။

အရင် ပင်လုံညီလာခံခေါ်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတိုင်းမှာတော့ ရှေ့ဆက်လို့မရအောင် စစ်မူ ၆ ချက်တို့ ငြိမ်းချမ်းရေးရမှ တပ်မတော်နိုင်ငံရေးကထွက်မယ်ဆိုတာလောက်သာ ကန့်လန့်တိုက်လေ့ရှိပေမဲ့ ဒီတခါတော့ခြိမ်း ခြောက် သံတွေ ဟိန်းဟောက်သံတွေအပါအဝင် ငါသာဘုရင်ဖြစ်ကြောင်း ဗြောင်ပြောလိုက်တာလို့ မှတ်ယူကြသူတွေ များကြပါ တယ်။ပြီးခဲ့တဲ့၂ရက်က UPDJC အစည်းအဝေးမှာ ဒု ချူပ်ကိုယ်တိုင် အဖွဲ့အစည်းတွေအချင်းချင်း အပြန် အ လှန်ယုံကြည်ကြဘို့နဲ့ ဒို့တာဝန်အရေးသုံးပါးအကြောင်းလောက်သာ ပြောဆိုသွားတာတွေ့ရပြီးတော့ အောက်ပါ သ ဘောတူညီချက်တွေ ရခဲ့တယ်လို့သိရပါတယ်။

(သြဂုတ် ၁၇-၂၀၂၀ (၁၉) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်း အဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ချက်သဘောတူဆုံးဖြတ်နိုင်ခဲ့တယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ UPDJC ဒုတိယဥက္ကဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကပြောပါတယ်။ 

“ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို သဘောတူဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ် ချက်တွေဟာ လာမယ့် သြဂုတ်လ၁၉ ရက်က နေ ၂၁ ရက်နေ့အထိ ကျင်းပမယ့်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာ ခံ၂၁ ရာစု ပင်လုံအစည်းအဝေးတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကတာဝန်ယူရတဲ့ UPDJC ရဲ့ သန္ဒိဌာန်ကို ဖော်ပြနေတယ်လို့ ဆိုနိုင်ပါတယ်”လို့ ပြောပါတယ်။

ဒီကနေ့ UPDJC အစည်းအဝေးမှာသဘောတူခဲ့ကြတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ မှာ NCA အ ကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် ၁၅ ချက်၊ ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုတည် ဆောက် ရေး ဆိုင်ရာလမ်းညွှန်အခြေခံမူ ၅ ချက်အပြင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အ ကောင်အထည် ဖော်မှုဆိုင်ရာ ဇယာတစ်ခုလည်း ပါဝင်လာကြမှာဖြစ်တယ်လို့ ပြောပါတယ်။

"UPDJC အဖွဲ့ဝင်တွေအနေနဲ့ ၂၀၁၆ ကနေစပြီးတော့ UPDJC အစည်းအဝေး ၁၄ ကြိမ်ကျင်းပခဲ့ပြီးတော့ ပြည် ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ၄ ကြိမ်အထိ ကျင်းပနိုင်တော့မှာဖြစ်ပါတယ်။ ပြည်ထောင်စု သဘော တူစာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ မှာ အခြေခံမူ ၅၁ ချက်အထိ ချမှတ်နိုင်ခဲ့ပြီး၊ လာမယ့်စတုတ္ထအစည်းအဝေးမှာ ပြည်ထောင်စု သ ဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုနိုင်တော့မှာဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ဘယ်အစိုးရပဲ တက် လာသည်ဖြစ်စေ အဆင်သင့်ဖော်ဆောင်သွားနိုင်မယ့် အဆင့်လိုက်လုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွက် လာခြင်းဟာ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် ထူးခြားလေးနက်တဲ့ မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေတော့ မှာ ဖြစ်ပါတယ်”လို့လည်း ဒေါက် တာတင်မျိုးဝင်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

UPDJC ရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဟာ ရလဒ်ကောင်းတွေ၊ တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတ ွေအပေါ် ယုံကြည်မှုတွေ တိုးတက်မြင့်မားလာမှဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံရေးစာပွဲဝိုင်းတွေဆီကို ရောက် မလာနိုင်သေးဘဲ ကျန်ရစ်နေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု အဖြေ ရှာနိုင်ရေးကို ပိုမိုပြီးစိတ်ဝင်စားလာကြမှာဖြစ်တယ်လို့ ပြောပါတယ်။ အခုဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးတစ်ခုတည်းမဟုတ်သလို ငြိမ်းချမ်းရေးတစ်ခုတည်း အ တွက်လည်းမဟုတ်ကြောင်း၊ ငြိမ်းချမ်း ရေးတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ ပြည်ထောင်စုတည်ဆောက် ရေးလုပ်ငန်းစဉ်တွေ ပါဝင်စုစည်းနေတဲ့ ရေ ရှည်သဘောဆောင်တဲ့ လုပ်ငန်းစဉ်ပဲဖြစ်ကြောင်းပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ကြိုးပမ်းဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရလဒ် သုည လုပ်ငန်းစဉ်မဟုတ်သလို ဆွေး နွေးပွဲ စားပွဲဝိုင်းတွေမှာပါဝင်နေတဲ့ အစုအဖွဲ့တွေအတွက် သက်သက်လည်းမဟုတ်ကြောင်း၊ ထို့အတူ လက်နက်ကိုင် ပဋိပက္ခ ပါဝင်နေကြသူတွေအတွက်လည်းမဟုတ်ကြောင်း၊ ဒီကနေ့ ကြိုးပမ်းဆောင်ရွက်နေတဲ့ Process ဟာ ပါဝင်သူအားလုံး အ တွက် သာမက ပြည်ထောင်စုတစ်ခုလုံးအတွက် မျှော်မှန်းဆောင်ရွက်နေကြတာဖြစ်ကြောင်း၊ ဒီကနေ့အထိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခငြိမ်းချမ်းရေးအတွက်လည်း ထည့်သွင်းစဉ်းစားပြီး ဆွေးနွေး ညှိနှိုင်းမှုတွေ ဆောင်ရွက်နေကြတာ တွေလည်း ထူးခြားချက်လို့ဆိုနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။)

စစ်မူ ၆ချက်နဲ့ ၂၁ပင်လုံညီလာခံကို ရှေ့ဆက်မရအောင် ဟန့်တားခဲ့သလို အခုလဲ မင်းအောင်လှိုင်မူ ၃ချက်နဲ့ ၂၁ပင်လုံ ညီလာခံကိုတင်မဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)ရဲ့ ကြိုးစားပမ်းစားဆောင်ရွက်ခဲ့လို့ ရရှိခဲ့တဲ့ သဘောတူဆုံးဖြတ်ချက်ဆိုတာတွေကို မိုက်မိုက်မဲမဲ ဖျက်ဆီးလိုက်တာပါဘဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက NCA အစည်းအဝေးကို အကြောင်း အမျိူးမျိူးပြပြီး သပိတ်မှောက်ခဲ့ကြလို့ အစည်းအဝေးပြန်စနိုင်အောင် အတော်ကြိုးစားကြရပါတယ်လို့ ကိုဇော်ဌေးက ဝန်ခံထားတာလဲတွေ့ရပါတယ်။

UPDJC ကပုဂ္ဂိုလ်တွေ အတော်ကြိုးစားကြပြီး ပြန်တည်မယ်လဲဆိုရော NCA ဆိုတာကြိးလဲ မင်းအောင်လှိုင်မူ ၃ချက် နဲ့တွေ့ပါလေရောလို့ ပြောရတော့မယ်ထင်ပါတယ်။မင်းအောင်လှိုင်မူ ၃ချက်ဆိုတာ

၁။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါမှာ မရိုးသားမှု။

၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခြားလုပ်ငန်းစဉ်တွေနဲ့ တွဲဆက်ထားလိုမှု။

၃။ တိကျပြတ်သားတဲ့အခြေခံမူအပေါ်မှာ ခိုင်မြဲစွာရပ်တည်နိုင်မှု အားနည်းခြင်း။

အားလုံးကယေဘူယျဆန်ပေမဲ့ မိန့်ခွန်းတခုလုံးကတော့ အစိုးရဆိုတာဘာမှသုံးစားလို့ မရတဲ့အဖွဲ့အစည်းဖြစ်သွား သလို တိုင်းရင်းသားတွေကိုလည်း ၂၀၀၈မှာအခွင့်အရေးအားလုံးပေးပြီးသားဖြစ်တယ်။ပေးတာယူ ကျွေးတာစား ခံ မပြောနဲ့ဆိုတဲ့ သဘောလို့ နားလည်မိပါတယ်။

ပြီးခဲ့တဲ့၂ရက်ကUPDJC ရဲ့ဆုံးဖြတ်ချက်တွေဖြစ်တဲ့ ပြည်ထောင်စုသဘောတူစာချူပ်အစိတ်အပိုင်း ၃ ဆိုတာကြီးက တော့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ သမိုင်းဝင်ဖြစ်တယ်တို့ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး အခြေခံဖြစ်တယ်တို့ ဆိုတာကြိးပေါ့။ အခုတော့ အမှိုက်ခြင်းထဲရောက်သွားရှာရော့ဘဲ။ အစည်းအဝေးတက်ရောက်လာတဲ့ နိုင်ငံတကာ သံရုံးက ပုဂ္ဂိုလ်တွေကလဲ လွတ်တော်ထဲ ဗမာစစ်ဗိုလ်တွေ မိုက်ရိုင်းကြတာကို သဘောပေါက်သွားမယ် လို့ထင်ပါ တယ်။ဗမာ့တပ်မတော်ရဲ့အ ဆင့်အတန်းက ကာချူပ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖွင့်ပွဲ မိန့်ခွန်းနဲ့တင်လုံ လောက်ပြည့်စုံသွားပါတယ်။အစိုးရ အဖွဲ့က သမ္မတကအစ ပုဂ္ဂိုလ်အားလုံးကို လက်ညွိုးထိုးမပြောတာကလွဲပြီး မျက်နှာအမူအယာကအစ ဘယ်သူဘုရင်ဆို တာသိသွားစေသလို တိုင်းရင်းသားတွေအပါအဝင် လူထုကိုလည်း အသိ ပေးလိုက်တာဖြစ်ပါတယ်။ဘာမဆိုလုပ်ရဲတယ်ဆို တာ သက်သေပြတာပါဘဲ။သတ်မယ် ဖြတ်မယ် ဖိနှိပ်မယ် ရက်စက် မယ်။အကုန်လုပ်မယ်ဆိုတာ ထည့်မပြောတာကလွဲပြီး အကုန်လုပ်မယ်ဆိုတဲ့သဘောပါဘဲ။

မြေအောက်အဖွဲ့အစည်းဖြစ်သွားတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၅၅ လမ်းစဉ်ဆိုတာကိုလဲ ကနေ့အဖွဲ့အစည်းတွေကို စွတ်စွဲသွားတယ်။ဘယ်အဖွဲ့အစည်းလဲ NLD လား SPDC လား ဒါမှမဟုတ် ချာပါတီ ၃၄ပါတီလား တိုင်းရင်းသားပါတီ တွေ လား။ သေချာတာကတော့ NLDပါတီကို စောင်းပြောသွားတာလို့ ယူဆရပါတယ်။ ဆိတ်ခေါင်းချိတ်ခွေးသား ရောင်းတယ် ဆိုတဲ့ စကားပါ။အဲဒီစကားကလဲ သခင်သန်းထွန်းပြောခဲ့တဲ့စကားလို့ သိရပါတယ်။“အခုစစ်အစိုးရ ငြိမ်း ချမ်းရေးခေါ်တယ် ဆိုတာဟာ တကယ်ကတော့ ဆိတ်ခေါင်းကိုချိတ်ပြီးခွေးသားရောင်းတာဆိုတာ နားလည်ဘို့ဘဲ” ဆိုတဲ့ သူ့ဗဟိုကော်မတီ လူကြိးတွေကို စစ်အစိုးရခေါ်တဲ့ ၁၉၆၃ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မှတ်ချက်ပြုခဲ့တာလို့ မှတ်သားမိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက အစိုးရကိုတိုက်တာဖြစ်တယ်။ စစ်တပ်ကိုတိုက်တာ မဟုတ် ဘူးဆိုတာကတော့ အ တော်ကို အောင်တန်းကျကျစွတ်စွဲပြောဆိုချက်လို့ ကျနော်မြင်တယ်။NLD ပါတီဟာရွေး ကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်ခဲ့ပေမဲ့ ၂၀၀၈ နာဂစ်ကြောင့် တိုင်းပြည်အာဏာကို ၂၅%ဘဲရနေတာ တကမ္ဘာ လုံးသိနေကြတဲ့ကိစ္စပါ။ပြောရရင်ဗျာ။ကာလုံတို့ စစ်တပ်သမ္မတလောင်းတို့ အရေးကြိးဝန်ကြီး၄နေရာတို့ လွတ် တော်မှာ စစ်အမတ် ၂၅% တို့တွေကို ကြည့်ရင် တိုင်းပြည်အာဏာရဲ့ ၇၅%ကို စစ်တပ်က ဓါးပြတိုက်ထားတာ အလွယ် တကူသိနိုင်တဲ့ကိစ္စပါဘဲ။

ဗိုလ်မင်းအောင်လှိုင်မိန့်ခွန်းတခုလုံးရဲ့အနှစ်သာရကတော့ ရန်လိုမုန်းတီးမှုတွေ လူကြိးလူကောင်းမဆန်မှုတွေ နိုင် ထက် မင်းထက်စော်ကားမှုတွေနဲ့ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့မာနတွေ အထင်းသားပေါ်လွင်နေကြောင်း ပြောရ တော့ မှာပါ။ တိုင်း ပြည်ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာနိုင်ငံသား သူတော်ကောင်းအပေါင်းကတော့ စက်ဆုတ်ရွံရှာကြမှာ မလွဲပါ။ ကျနော်တို့ သတိပေးလိုတာက ဗိုလ်မင်းအောင်လှိုင်ထက်ဆိုးဝါးပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေလဲ တချိန်ချိန် မှာ တော့ လူထုကြိမ်စာကိုခံရ တတ်လေ့ရှိပါတယ်။ဘီလူးခေါင်းစွတ်ကွာကျသွားခဲ့ပြီလား။ဒါမှမဟုတ် ခွေးသားစား ချင်တဲ့ ဗိုလ်မင်းအောင်လှိုင်တယောက် ဆိတ်ခေါင်းကို လက်ညိုးထိုးနေတာသာဖြစ်ကြောင်း လူထုကသိနေကြောင်းပါဗျား။


ကိုအောင်မှိုင်း
၂၃ ရက် သြဂုတ်လ ၂၀၂၀ခုနှစ်။