Breaking News

ကျော်ဟုန်း - အရိပ်လို ၂၀၂၀

သီဟသွေး

ကျော်ဟုန်း - အရိပ်လို ၂၀၂၀

(မိုးမခ) ဩဂုတ် ၄၊ ၂၀၂၀

တိမ်ပလီတွေ ကျက်စားတဲ့
ကောင်းကင်ကို မော့ကြည့်တော့
ကြည်ကြည်လင်လင် သာသာယာယာ။

မြေပေါ်နင်းထားတဲ့
ခြေထောက်က ပူလိုက်တာ။

နေသာလေ
မြေမာတွေ ပူနေတုန်းပါပဲ။

တို့တွေ
သစ်ကြီးပင်တွေ စိုက်ဖို့
လိုက်ပြောပြနေရဦးမှာလား။

၂၀၂၀၀၈၀၁