Breaking News

မိုးခါး - လမ်းပေါ်ကလမ်း

KT# 

လမ်းပေါ်ကလမ်း

မိုးခါး

(မိုးမခ) သြဂုတ် ၂၆၊ ၂၀၂၀


အပျော်ကြီးပျော်ကြမယ်ဆိုပြီး

မျက်ရည်သီးခြွေချပစ်တာလည်းအဆန်း

ဝန်ချီစက်တွေကမ္ဘာသစ်တည်မယ်သီချင်းကလည်း

အမှတ်ရစရာအဖြစ်လက်မှတ်ထိုးလိုက်သလို

နောင်တဖြစ်ကျန်မယ့်ခြေရာတွေသာအထင်းသား

မြေကြီးကိုခူးပြီးအဆောက်ဦးကိုမွမ်းမံခြင်းမှာ

အလွမ်းပေါ်ဒဏ်ရာဖြစ်အောင်တော့မနမ်းသင့်

မျှတမယ့်တရားကိုဇစ်ဆွဲဖို့မေ့ကျန်ခဲ့တာပဲအဖတ်တင်တယ်

ခေတ်ပေါ်မဖြစ်တဲ့လမ်းကအိုဟောင်းလို့။    ။


1.8.202