Breaking News

မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန်


မြင့်ကျော် - မြန်မာ့မီဒီယာဖွံ့ဖြိုးမှု သမင်လည်ပြန်

(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၀

မီဒီယာဖွံ့ဖြိုးရေး လို့ဆိုရင် မီဒီယာသမားတွေရဲံ အရည်အသွေးမြင့်မားခြင်း၊ မီဒီယာလွတ်လပ်ခွင့်ရရှိခြင်းနဲံ မီဒီယာတိုက်တွေ ရပ်တည်ရှင်သန်ရေးပါ ပါဝင်တယ်လို့ ကျနော်တော့နားလည်ပါတယ်။ 

၂၀၁၂ ခု အစောပိုင်းမှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် မြန်မာမီဒီယာဖွံ့ဖြိုးရေးညီလာခံ ကနေ ဒီနေ့အထိသမင်လည်ပြန် ကြည့်မယ်ဆိုရင် အတက်အကျ အနိမ့်အမြင့်တွေ နဲ့ လို့ပဲ ယေဘုယျ ပြောရမှာပါ။ 

၂၀၁၂ ခု နှစ်လည်လောက် သတင်းဂျာနယ် ၂ စောင် ခေတ္တရပ်နားဖို့ စာပေစိစစ်ရေးက အမိန့်ထုတ်ခဲ့စဥ် သတင်းသမားတွေ စုဝေးပြီး အဲဒီလို လုပ်ဆောင်မှုကို ဆန့်ကျင်ကြောင်း ရပ်နားခံရတဲ့ သတင်းဂျာနယ် ၂ စောင်ကို အားပေးမယ်ဆိုပြီး မီဒီယာဖိနှိပ်မှုရပ်ဆိုတဲ့ တီရှပ်တွေဆင်တူဝတ်ကာ လမ်းလျှောက်သွားပြီး အားပေးထောက်ခံကြောင်း ပြခဲ့ကြတယ်။ 

အဲဒီအဖြစ်အပျက်ဖြစ်ပြီးမကြာခင် ၄၈ နှစ် ကျော် သက်တမ်းရှိ စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်းခဲ့တယ်၊ မှတ်မှတ်ရရ သြဂုတ်လ ၂၀ ရက်နေ့ဖြစ်ပါတယ်၊ 

ဒီကာလတွေအတွင်းမှာပဲ သတင်းသမားအဖွဲ့အစည်းတွေ တခုပြီးတခု ပေါ်ထွက်လာခဲ့ပါတယ်၊ စတင်ခါစတော့ သတင်းသမားတွေရဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေအထိ ဦးတည်ခဲ့ပေမယ့် လွတ်လပ်ခွင့်ရလာသည်နဲ့အမျှ သတင်းလွတ်လပ်ခွင့် အတွက် ရပ်တည်တဲ့ အဖွဲ့အစည်း သတင်းသမားတွေ ဘေးကင်းရေးအတွက် လုပ်ဆောင်တဲ့အဖွဲ့တွေအဖြစ် ရပ်တည်လာကြပါတယ်။ 

စာပေစိစစ်ရေးစနစ် ကို ဖျက်သိမ်းလိုက်ခြင်းက သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းကို မြင့်တက်စေခဲ့ပါတယ်။
ဒီကာလတွေအတွင်းမှာပဲ သတင်းသမားအဖွဲ့အစည်းတွေ တခုပြီးတခု ပေါ်ထွက်လာခဲ့ပါတယ်၊ စတင်ခါစတော့ သတင်းသမားတွေရဲ့ လူမှုရေးဆိုင်ရာ ကိစ္စတွေအထိ ဦးတည်ခဲ့ပေမယ့် လွတ်လပ်ခွင့်ရလာသည်နဲ့အမျှ သတင်းလွတ်လပ်ခွင့် အတွက် ရပ်တည်တဲ့ အဖွဲ့အစည်း သတင်းသမားတွေ ဘေးကင်းရေးအတွက် လုပ်ဆောင်တဲ့အဖွဲ့တွေအဖြစ် ရည်ရွယ်ချက် လုပ်ဆောင်ချက်တွေ ပြောင်းလဲလာခဲ့ပါတယ်။ 

၂၀၁၂၊၂၀၁၃၊ ၂၀၁၄ က သတင်းလွတ်လပ်ခွင့် နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ ပေါ်ထွက်လာတာ၊ သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားကြတာ၊ စည်းရုံးလှုံ့ဆော် လုပ်ဆောင်ကြတာ၊ ဆန္ဒပြကြတာ ၊ ကန့်ကွက်ကြောင်း ထုတ်ပြန်စာ ထုတ်ကြတာတွေလည်း အများအပြား ဖြစ်ပေါ်ခဲ့တဲ့ နှစ်တွေလို့ ပြောရမှာပါ။ 

သတင်းလွတ်လပ်ခွင့်က ယေဘုယျအားဖြင့် တဖြည်းဖြည်းချင်း မြင့်တက်လာတဲ့ နှစ်လို့ပြောရမှာပါ။ ဒီကာလထဲမှာ သတင်းမီဒီယာသမား ငါးဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခဲ့ ပြစ်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ 

ကျနော်ကိုယ်တိုင်လည်းပဲ အချို့သော အဖြစ်အပျက်တွေထဲမှာ ပါဝင်နေခဲ့တဲ့ သူ တဦးဖြစ်ခဲ့ပါတယ်။ တချို့သော ဆန္ဓပြပွဲတွေကို အများတာဝန်ပေးလို့ ဦးဆောင်ခဲ့ရပါတယ်။ တခုသော ဆန္ဒပြပွဲ/ ဆုတောင်းပွဲအတွက် ငြိမ်းစုစည်နဲ့ စွဲဆိုတော့ ကျနော့်ကိုယ်စား လျှောက်လွှာသွားတင်ပေးတဲ့ မရွှေမှုန်ကို အမှုဖွင့်ခဲ့ပြီး မရွှေမှုန်က အမှုကို တနှစ် နီးပါး ရင်ဆိုင်ခဲ့ရပါတယ်။ နိုဝင်ဘာလ ၄ ရက်နေ့ကျရောက်တဲ့ သတင်းသမားများအပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးမခံရပဲ လွတ်မြောက်နေမှု အဆုံးသတ်ရေး အထိမ်းအမှတ်နေ့ ဆူးလေမှာ လုပ်တဲ့ စုဝေးမှုအတွက်ဖြစ်ပါတယ်။ 

သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးပြောမယ်ဆို ၂၀၁၂ ကနေ ၂၀၁၅၊ ၂၀၁၆ လောက်အထိ မြင့်တက်လာပေမယ့် ၂၀၁၇ နှောင်းပိုင်းကနေ ၂၀၁၈၊ ၂၀၁၉ အထိ ကျဆင်းတာတွေလည်း အများအပြားရှိပါတယ်။ နေ့စဥ် သတင်းစာထုတ်ဝေခွင့်က ၂၀၁၃ မှာ ရခဲ့ပြီး ရုပ်/သံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၆ အန်အယ်လ်ဒီအစိုးရတက်လာချိန်မှာ ပြင်ဆင်ဖို့ ထပ်မံလုပ်ဆောင်ရာက ၂၀၁၈ နှစ်လည်မှာ ပြင်ဆင်ချက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ 

သို့သော်လည်း ယနေ့အချိန်ထိ နည်းဥပဒေ ထွက်ရှိမလာသေးပါဘူး။ 

ဒီလို အချက်မျိုးတွေက သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် လိုအပ်တဲ့ ဥပဒေဆိုင်ရာမူဘောင်တွေကို အားနည်းစေတာ ဖြစ်ပါတယ်။ 

သတင်းမီဒီယာဥပဒေပြင်ဆင်ရေးဆိုရင်လည်း အခုအစိုးရလက်ထက်မှာ အတော်ေလးနှောင့်နေးနေတာ မို့လို့ ဒီလိုဥပဒေဆိုင်ရာ မူဘောင်တွေ ဘက်ကသုံးသပ်ရင် ၂၀၁၅/၁၆ နောက်ပိုင်း တိုးတမှု မရှိသလောက်လို့ ဆိုရမှာပါ။
သတင်းမီဒီယာသမားတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်လာခြင်း ရှိမရှိ ဆိုတာကလည်း သတင်းမီဒီယာဖွံ့ဖြိုးမှုကို တိုင်းတာရမယ့် ပေတံတခုပါ။ 

သတင်းမီဒီယာတိုက်တွေ ဝင်ငွေကျဆင်းလာခြင်းကြောင့် မီဒီယာတိုက်တွေက အရည်အသွေးမြှင့်တင်ရေးအတွက် ငွေကြေးသုံးစွဲမှု ကျဆင်းတာ လုံးဝမသုံးတော့တာမျိုးတွေ့နေရလို့ ကျနော့်အနေနဲ့ သတင်းသမားတွေရဲ့ စွမ်းဆောင်ရည် ကျလာတယ်လို့ သုံးသပ်မိပါတယ်။ 

ဒီနေရာမှာ အစိုးရရဲ့ အခန်းကဏ္ဌက ဘာလဲလို့ မေးခွန်းရှိလာပါလိမ့်မယ်။ အစိုးရအနေနဲ့ နိုင်ငံပိုင်မီဒီယာကို အများပြည်သူဝန်ဆောင်မှု အဖြစ် မပြောင်းဘဲ နိုင်ငံပိုင်အဖြစ်ပဲ ဆက်လက်ကိုင်စွဲ ထားခြင်းကလည်း သတင်းလွတ်လပ်ခွင့် မီဒီယာဖွံ့ဖြိုးမှုကို ထိခိုက်စေတာဖြစ်ပါတယ်။ 

(အားရင် ဆက်ရေးပါဦးမယ်)