Breaking News

စိုးနောင်(မုံရွာ) - ဝါဆိုသင်္ကန်း


ဝါဆိုသင်္ကန်း
စိုးနောင်(မုံရွာ)
(မိုးမခ) သြဂုတ် ၂၊ ၂၀၂၀

ကျွန်​တော်က
အ​မေ့ဆီ
ဝါဆိုသင်္ကန်းဖိုးလှမ်းလွှဲပေးတယ်
အ​မေ က
အဘွား ဆီ
ဝါဆိုသင်္ကန်းဖိုးသွားကန်တော့တယ်
အဘွားက
ရွာဦးဘုန်းကြီးဆီ
ဝါဆိုသင်္ကန်းသွားကပ်တယ်
ကျွန်​တော်
တစ်ယောက်တည်း
ဝါဆိုသင်္ကန်း(၃)ထည်ဖိုးမတတ်နိုင်တဲ့အခါ။    ။