Breaking News

လွဏ်းသစ်လူ - ငါး

 ငါး

လွဏ်းသစ်လူ

(မိုးမခ) သြဂုတ် ၁၂၊ ၂၀၂၀

ရေပြင်ကျယ်ဟာ ဘဝပဲဆိုပါစို့

အငြိမ်များ အရွေ့များ

ဖန်တီးတိုက်စားနေတဲ့ကြီးရင့်ဆဲဓမ္မများ

တချို့ဟာ တံငါတွေပျော်ဖို့စတေးလိုက်ကြရ

ရေပြင်ကျယ်ကြီးထဲမှာ

မလွန်ဆန်နိုင်ခြင်းတွေရှိတယ်

မသိချင်ယောင်ဆောင်ဖို့ လမ်းတွေရှိမယ်

တောက်ခေါက်နေရုံနဲ့ ကြွက်မတက်တဲ့လျှာတွေရှိမယ်

အသက်ရှုဖို့လုံလောက်နေရုံပဲ ကျေနပ်စရာဖြစ်မလား

ပြီးတော့

ရေပြင်ကျယ်ကြီးထဲက ငယ်စဉ်ကြီးစားဝါဒ

သမိုင်းဟာ မှတ်တမ်းတင်ဖို့ထက်မပိုဘူး

ဒီလို စတေးခံငါးများ

ဘယ်ဟီးရိုးငါးတွေမှလုံလောက်ခွင့်မရှိ

တချို့သမိုင်းတွေကို ဦးနှောက်လေးဖို့ဖတ်ရတယ်

ဖြစ်တည်မှုတိုင်းက ဖြစ်တည်ပျက်ပဲ

အာဏာစက်ပဲ အစဉ်တစိုက်ကြီးစိုးတယ်

ပြဋ္ဌာန်းထားတဲ့အတိုင်း

ငါးတွေဟာ ကိုယ့်ပုံစံနဲ့ကိုယ် လွတ်မြောက်နေဖို့ပဲဖြစ်တယ်။ ။