Breaking News

ဘုန်းနိုင်လင်း - သမိုင်းဝင်လမ်း

 KT#

သမိုင်းဝင်လမ်း

ဘုန်းနိုင်လင်း

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၂၀

အလွမ်းကလည်းရာဇဝင်

အကန်းကလည်းရာဇဝင်ဆိုပဲ

လမ်းကတော့ တူမယ်ထင်လား

အကန်း တစ်လမ်း

အလွမ်း တစ်လမ်း

မေတ္ထာလမ်းကလွဲရင်

တစ်ခေတ်ထဲအတူအကဲစမ်းနေလား

တာဝန်ဆိုတဲ့အထင်နဲ့

လက်ထဲကကိုင်ထားတဲ့ ကိုယ့်ရာဇဝင်

ကိုယ့်ဟာကိုယ်ပြန်ကြည့်ဖို့လိုမယ်ထင်

မှိုင်းဝေပြီးချစ်နေရတဲ့ဘဝလား

မှိုင်းဝပြီး လွင့်ပျံနေရတဲ့ဘဝလား

အကျိုးလိုလို့ ညောင်ရေသွန်းတဲ့ခေတ်ကြီးမှာ

လူရာဝင်နေပုံက

ထိပ်​ကပ်​နာမဟုတ်​ဘူး

ပန်းနာရင်ကြပ်မဟုတ်ဘူး

အဆဆပွားနေတဲ့ ကင်ဆာဆဲလ်

အမြစ်ကျန်ရင်တောင်

ခေတ်မှာတောင်ပြဿနာရှိ

ကိုယ့်ဘဝကိုယ်ပြန်ကြည့်ဖို့လိုမည်

အနာဂတ်​မှာ 

အခါခပ်သိမ်း ငြိမ်းရမယ့်မီးတွေ

အချစ်​ဆိုတာ ထာဝရ

လူသားအားလုံးရဲ့ ဘဝလိုအင်

ထမ်းတင်ပေးရမယ့်စွမ်းအင်

မင်းမှာ မြင်ဖို့ ရင်အသင့်ရှိပြီလား

ဒီနေ့အပြင်အဆင်ဟာ

မနက်ဖြန် ရဲ့ရာဇဝင်

မင်းရဲ့သတ္ထိကိုမြင်ရမဲ့

နှလုံးသားရဲ့သမိုင်းဝင်နေ့ရက်။

17Aug2020

12:46AM