Breaking News

ဆိုင်းဗျူ - ကိုဗစ်ကပ်ကြောင့် စားနပ်​ရိက္ခာပြတ်​လပ်​​နေတဲ့ ​မြောက်​ဖျားပိုင်း နယ်​စပ်​​တောင်​​ပေါ်​ဒေသ


ဆိုင်းဗျူ  - ကိုဗစ်ကပ်ကြောင့် စားနပ်​ရိက္ခာပြတ်​လပ်​​နေတဲ့ ​မြောက်​ဖျားပိုင်း နယ်​စပ်​​တောင်​​ပေါ်​ဒေသ 

(မိုးမခ) ဩဂုတ် ၁၇၊ ၂၀၂၀

"တရုတ်​ပြည်​်​နယ်​စပ်​ဂိတ်​ကအားလုံးပိတ်​လိုက်​​တော့ ကားလည်​း သွားလို့မရ​တော့ဘူး လူ​တောင်​ဝင်​လို့မရ​တော့ဘူး ဘာမှသွားဝယ်​လို့မရဘူး ​တော်​​တေယ်​​လေးကို ဒုက္ခ​ရောက်​​နေတယ်​လို့လာ​ပြောကြတယ်​"ဟု ​ခေါင်​လန်​ဖူး ​ဒေသခံ ကို မဖန်​ဆာ​အောင်​က​ပြောသည်​။

တရုတ်​နိုင်​ငံနှင်​့ထိစပ်​​နေသည်​့ ကချင်​ပြည်​နယ်​ ပူတာအိုခရိုင်​ ​ခေါင်​လန်​ဖူးမြို့အတွင်​းရှိ ​နယ်​စပ်​​တောင်​​ပေါ်​ဒေသ ​မြောက်​ဖျားပိုင်​း ၌​နေထိုင်​​နေသည်​့ ​တောင်​​ပေါ်​ဒေသ ​ကျေးရွာများတွင်​​နေထိုင်​​နေသည်​့ ​တောင်​​ပေါ်​ဒေသများ တွင်​ စားနပ်​ရိက္ခာ များ ပြတ်​လပ်​မှုအခက်​အခဲအားရင်​ဆိုင်​ကြုံ​တွေ့​နေရ​ပါသည်​။ 

ကမ္ဘာ့ကပ်​​ရော​ဂါ​ကြောင်​့ တရုတ်​နိုင်​ငံဘက်​မှ နယ်​စပ်​ဂိတ်​များ ပိတ်​လိုက်​​သော​ကြောင်​့ စား​သောက်​ကုန်​များ တရုတ်​နိုင်​ငံထဲသို့ဝင်​၍ ဝယ်​ယူနိုင်​ခြင်​းမရှိ​သော​ကြောင်​့ ရွာသူရွာသားများ မှာ ပို၍ ခက်​ခဲသွား​လေ​တော့သည်​။ တရုတ်​ဘက်​မှ နယ်​စပ်​ဂိတ်​များအား ၁လပိုင်​းမှ စတင်​၍ ပိတ်​လိုက်​သည်​့အတွက်​​ကြောင်​့ စားနပ်​ရိက္ဃာရ ရှိမှုပို၍ ပင်​ခက်​ခဲသွား​လေ​တော့သည်​။ အရင်​အချိန်​၌ နယ်​စပ်​တ​လျှောက်​​နေထိုင်​သည်​့ရွာသူရွာများမှာ တရုတ်​နိုင်​ငံထဲသို့ဝင်​ပြီး စားနပ်​ရိက္ခာဝယ်​ယူမှုအား အားကိုးခဲ့ရ​လေသည်​။

ပူတာအို နှင်​့​ခေါင်​လန်​ဖူး​​ သို့လာ​ရောက်​ဝယ်​ယူမှုမှာ အလွန်​နည်​းပါး​လေသည်​။ ​ထိုနယ်​စပ်​​ဒေသမှ ​ခေါင်​လန်​ဖူးသို့ ဆင်​းလာလျှင်​လမ်​းခရီး၌ ၅ရက်​ခန်​့လမ်း​လျှောက်​ရ​လေသည်​။

ထိုနယ်​စပ်​​​တောင်​​ပေါ်​ဒေသမှ ပူတာအို နှင်​့​ခေါင်​လန်​ဖူး​ဒေသ သို့ လာ​ရောက်​ဝယ်​ယူဖို့ရန်​လည်​း လမ်​းခရီးအလွန်​ခက်​ခဲ​လေသည်​။

ပူတာအိုမှ ​ခေါင်​လန်​ဖူးထိ ကားလမ်ခရီးသွားလာလို့ရ​ပေမဲ့လည်​း မိုင်​၂၀ ခန်​့ လမ်​း​လျှောက်​ပြီးမှ​ခေါင်​လန်​ဖူးသို့​ရောက်​နိုင်​သည်​။


၎င်း​နယ်​စပ်​​တောင်​​ပေါ်​ဒေသ သို့ ကားလမ်းခရီးသွားလာလို့မရ​​ချေ လားများဖြင်​့သာ စား​သောက်​ကုန်​များအား သယ်​ယူသွားရ​လေသည်​။ ​ခေါင်​လန်​ဖူးမှ ခရီးနှင်​လျှင်​ ​တောင်​​ပေါ်လမ်​းသာဖြစ်​​သော​ကြောင်​့ အလွန်​ခက်​ခဲ​လေသည်​။

"ရှိန်​​ခေါင်​နဲ့ ဇီးထန်​့​ကျေးရွာ​တွေမှာ လမ်​းပိတ်​ထား​တဲ့အတွက်​ အစားအ​သောက်​ခက်​ခဲ​နေတယ်​ လမ်​းခရီးခက်​ခဲတဲ့အတွက်​ ​ကြောင်​့ လားနဲ့သယ်​ယူပို့​ဆောင်​ရတယ်​မိုးတွင်​းကာလဆို​တော့ ပိုမိုပြီး ခက်​ခဲတာ​တွေ ထွက်​​ပေါ်လာ​တော့မယ်​"ဟု ကို ဇနိမ်​​ဖေရမ်​က​ပြောသည်​။

တရုတ်​ပြည်​နှင်​့ထိစပ်​​နေ​သော ​ကျေးရွာများမှာ ရှိန်​​ခေါင်​​ကျေးရွာ၊ ဇန်​​ယော​ကျေးရွာ၊ ဇီးထန်​့​ကျေးရွာ၊ရှိန်​လန်​​ကျေးရွာ၊ တို့ဖြစ်​ပြီး ​ခေါင်​လန်​ဖူးမြို့နယ်​နှင်​့မိုင်​၈၀​ကျော်​ကွာ​ဝေးသည်​။ တရုတ်​နိုင်​ငံမှ ပိတ်​ထားသည့် နယ်​စပ်​ဂိတ်​များမှာ -
၃၀ အမတ်ပေါ်နယ်စပ်ဂိတ် ၊
၃၁ ရှိန်းခေါင်နယ်စပ်ဂိတ်​၊
၃၅ အလန်းနယ်စပ်ဂိတ်
၄၁ မခွမ်ကန်နယ်စပ်ဂိတ်တို့ဖြစ်​သည်​။

"​တောင်​​ပေါ်​ဒေသ ဖြစ်​တဲ့အတွက်​​ကြောင်​့ စပါးစိုက်​တာလည်​းမ​ကောင်​းဘူး၊ စိုက်​ပျိုး​ရေး ​မွေးမြူ​ရေးလည်​းမ​ကောင်​ဘူး"ဟု ​ဒေသခံကိုမဖန်​ဆာ​အောင်​က​ပြောသည်​။


၎င်း​နယ်​စပ်​​တောင်​​ပေါ်​ဒေသ သို့ စား​သောက်​ကုန်​ပစ္စည်​းများ ​ရောက်​ရှိနိုင်​ဖို့ လမ်​းခရီးကြမ်​းတမ်​း​သော​ကြောင်​့ လားများဖြင်​့အသုံးပြုရ​သော​ကြောင်​့  လားတ​ကောင်​ငှါးရမ်​းလျှင်​ ၆၀,ဝ၀ဝ ကျပ်​ကုန်​​လေသည်​။ ယခု မိုးတွင်​း၌ ပို၍ သွား​လာ​ရေး ခက်​ခဲ​နေသည်​။ ​တောင်​​စောင်​းလမ်​းဖြစ်​​သော​ကြောင်​့ ​​မြေပြိုမှုဖြစ်​ပြီး သွားလာ​ရေး အဟန်​့အတားရှိ​လေသည်​။ အလုပ်​ကိုင်​များလည်​း မရှိ​သော​ကြောင်​့ ဝမ်​း​ရေး​အတွက်​ခက်​ခဲ​နေခဲ့၏။ ကပ်​​ရောဂါမဖြစ်​ပွားလျှင်​ တရုတ်​နိုင်​ထဲသို့ဝင်​​ရောက်​ပြီ ပိုက်​ဆံရှာကြ​လေသည်​။ ယခုမှာ နယ်​စပ်​ဂိတ်​ဝင်​​ပေါက်​များ အားလုံးပိတ်​လိုက်​​သော​ကြောင်​့ တရုတ်​ပြည်​ထဲသို့အလုပ်​ဝင်​​ရောက်​လုပ်​ကိုင်​မှုခက်​ခဲသွားခဲ့​လေသည်​။ ထိုနယ်​စပ်​​ဒေသတ​လျှောက်​ ​နေထိုင်​သည်​့လူဦ​း​ရေမှာ တ​သောင်​း​ကျော်​ခန်​့​နေထိုင်​ကြ​လေသည်​။ ရဝမ်​လူမျိုးနှင်​့လီဆူလူမျိုးအများဆုံး​နေထိုင်​သည်​့ ​တောင်​​ပေါ်​ဒေသဖြစ်​၏။

ထိုနယ်​စပ်​​တောင်​​ပေါ်​ဒေသမှ ပြည်​သူများ၏ လူမှုဘဝဒုက္ခများမှာ ထိန်​့လန်​့တုန်​လှုပ်​​စရာ​ကောင်​းလှပါသည်​။ ကမ္ဘာ့ကပ်​​ရောဂါ် မှာဘယ်​အချိန်​ထိ သက်​ဆိုးရှည်​​နေအုံးမည်​မှာ မသိနိုင်​​သေးသည်​့အ​ခြေအ​နေ၌ ကြုံ​တွေ့​နေရသည်​။

ထိုကပ်​​ရောဂါနှင်​့အတူ သူတို့ဘဝမှာလည်​း စားနပ်​ရိက္ခာခက်​ခဲမှု ခံစား​နေရအုံးမည်​ဖြစ်​ပါသည်​။ ပွင်​့လင်​းရာသီ မ​ရောက်​ခင်​ချိန်​ထိ သူတို့ဘဝများ ခက်​ခဲ​နေအုံးမည်​ဖြစ်​ပါသည်​။

ယခုရက်​ပိုင်​းအတွင်း ထို​​ ​တောင်​​ပေါ်​ဒေသ ​​ခေါင်​လန်ဖူးခရီးစဉ်​သို့ စားနပ်​ရိက္ခာများ သွား​ရောက်ကူညီပို့​ဆောင်​​ပေးခဲ့စဉ်​အခက်​အခဲနှင်​့ ​ဒေသခံတို့၏ အ​ကြောင်​းတ​စေ့တ​စောင်​းကိုလည်း အဆို​တော်​ကိုထူးအယ်​လင်​း၏ လူမှုကွန်​ရက်​စာမျက်​နှာတွင်​သွား​ရောက်​ကြည်​့ရှုခံစား ​တွေ့မြင်​နိုင်​ပါသည်​။

ဓာတ်​ပုံ -Sar Aung Marphang