ဟာရှိန်း - ဘဝရေးရာဇဝင် - ၄
ဘဝရေးရာဇဝင် - ၄
ဟာရှိန်း
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၂၀
တောင်တန်းတွေက ဘာခံနိုင်မှာလဲ
လယ်ယာထွန်တဲ့လက်တွေကဘယ်လိုခံနိုင်မှာလဲ
စကားလုံးအကြီးကြီးတွေနဲ့ ပစ်ပေါက်တမ်းဆော့တယ်
ကတိစကားတွေနဲ့ ထွေခင်းတယ်
ဒေါင်းဖဲလာတာတောင် မတောင်းသေးဘူးမဟုတ်လား
ခေတ်ကြီးက ဘယ်သူဘယ်ဖိနပ်စီးစီး
အာဏာစော်နံနေတုန်းပဲ
ဂျိုကာရဲ့စာလုံးပေါင်းက JOCKER ဖြစ်ပါတယ်။
ဟာရှိန်း
၂၀၂၀