Breaking News

ဟာရှိန်း - တောင်ပေါ်သား

KT#
တောင်ပေါ်သား
ဟာရှိန်း
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၂၀


အခြေအနေအရ...
တောထဲက ထွက်လာတယ်
တောင်ယာထဲက ထွက်လာတယ်
လင့်စင်ပေါ်က ဆင်းလာတယ်
ဂူထဲက ထွက်လာတယ်။

အခြေအနေအရ...
ဓားပုလိုင်းထားခဲ့တယ်
လက်လုပ်သေနတ် ထားခဲ့တယ်
ရိုးသားမှုကို ထားခဲ့တယ်
တိမ်တွေကို ထားခဲ့တယ်။

ဒီနေ့အဖို့ အသက်ရှင်ပြီး
မနက်ဖြန်အကြောင်း တွေးတောစဉ်းစားနေနိုင်ရင် 
ဘဝမှာ ဉာဏ်အလင်းပေါက်ခွင့်ရှိမယ် ထင်တယ်
ခက်နေတာတွေက မလွယ်ဘူး
ညတွေဟာ ကြည်လင်ပြီး နေ့တွေဟာ မှောင်မိုက်နေတယ်
ဆိုင်ကယ်ကို လေယာဉ်နဲ့တိုက်ပစ်လို့ရတဲ့နောက်ပိုင်း
စက်ဘီးတွေဟာ ရေယာဉ်ဆို ကြောက်နေကြပြီ
လမ်းတွေဟာ ဖိနပ်ကို ကြောက်နေကြပြီ။

အခြေအနေအရ...
လေးနဲ့မြားကို စိတ်ထဲ တပြင်ပြင်
တောင်တန်းတွေကိုတော့ မထားခဲ့နိုင်ပါဘူး။

ဟာရှိန်း

၂၀၁၉။