Breaking News

ရာမညမင်းငြိမ်းချမ်း - ဖျံ

ဖျံ

ရာမညမင်းငြိမ်းချမ်း

(မိုးမခ) စက်တင်ဘာ ၃၊ ၂၀၂၀


ရေးထိုးလိုက်တဲ့

နှစ်ဦးသဘောတူစာချုပ်ထဲ

ပင်လယ်ဖျံများဖျံကျလွန်းတယ်

သားကောင်အနံ့ရတာနဲ့

သူတို့ကြီးစိုးသတ်ကွင်းထဲဆွဲခေါ်

နည်းမျိုးမျိုးချုပ်နှောင်ပိတ်ဆို့ထား။


ပင်လယ်ရေငန်ပေါ်

မာယာတွေနဲ့

အပြောင်းအလဲမြန်ဖျံမျိုးစိတ်များ

ယုံကြည်မှုရဖို့

ဖျံကျနည်းအမျိုးမျိုးနဲ့ဖျံကျ

သက္ကရာဇ်များကိုဆွဲဆန့်

ဖျံကျနည်းပရိယာယ်သစ်

ပုံမှားရိုက်နေ။


ကမ်းစပ်နဲ့ တဖြောင်းဖြောင်းထိခတ်

သံပတ်ပေးတဲ့စက်ရုပ်တစ်ရုပ်လို

ပင်လယ်ရေထရက်

ပင်လယ်ဖျံများ

သွေးဆာနေကြ

နေရာအနှံ့ရန်လိုနေကြ။


ပင်လယ်ဖျံတွေ

ဟန်ဆောင်ကောင်းခဲ့

ပရိယာယ်များခဲ့

ကောက်ကျစ်စဉ်းလဲခဲ့

ဖျားယောင်းသွေးဆောင်

ဖျံများရဲ့ဖျံကျမှုတွေ

ပင်လယ်ပြင်တစ်ခုလုံးလွှမ်းခြုံသွား။