Breaking News

ဘုန်းနိုင်လင်း - လယ်စောင့်တဲ

 လယ်စောင့်တဲ

ဘုန်းနိုင်လင်း 

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၀


ဝဋ်ဆင်းရဲ ကိုမသိနိုင်တော့သလို

လယ်စောင့်တဲလေး

သူ့ပေါ်ကျတာ ချစ်ခြင်းတွေချည်းပဲ

ခေတ်အဆက်ဆက်။

နင်းပြားဘဝကို

မင်းသားလို့ဆိုသူတွေကဆိုရဲ့

အသံတွေဘယ်လိုပြောင်းပြောင်း

ဝဋ်ဆင်းရဲ အပေါင်းခညောင်းမြဲ

ကျေးလက်ရဲ့နေ့ရက်တွေထဲ

ရာသီနဲ့မြေဆီမှာ 

ပိုးမွှာဟာ နောက်ဆုံးတိုက်ပွဲ။

မူလတန်းဖတ်စာအုပ်ထဲကလို

ကြည်နူးခြင်းကို မျှော်မိ

မိုးရေတတ်ရေ တဖွေးဖွေး

ကွင်းကျယ်အဝေးဝေး

ဆွေးနေတဲ့ခြေတံလေးတွေနဲ့

မိုးကုပ်အောက်မှာ

နွားနဲ့အတူ ဘဝတွေ တဖွေးဖွေး

အဝေးဆီငဲ့နေတဲ့ သူ့အငေးထဲမှာ။


31Aug2020

3:40AM