Breaking News

ခက် ဦး - စစ်ပြန်

စစ်ပြန်

ခက် ဦး

(မိုးမခ) စက်တင်ဘာ ၂၁၊ ၂၀၂၀


ကျစ်ကျစ်ပါအောင်ညှစ်ခဲ့တဲ့ခလုတ်နေရာအစား

ချိူင်းထောက်လက်ကိုင်ကို ပြောင်းကိုင်လိုက်တယ်

အရင်က ပစ် .. တက်.. အော်ခဲ့ရာက

အခု နာကျင်ရတိုင်း ဆူဆဲနေမိတယ်

အရင်က အထွေးလိုက်အပြိုလိုက်

ပစ်လိုက်ပြီးမှ ရှင်သန်တယ်

အခု မျှတပါတယ်... တရားပါတယ်ခင်ဗျ

အသံတစာစာ ညံနေအောင်ထွက်တဲ့

တိုက်ကားတွေ ဘူဇွာလက်သစ်တွေဆီတည့်တည့်

စိတ်ကျည်ဆန်တွေပစ်ချရင်း ဆက်ရှင်တယ်

ခြေထောက်လေးကိုဆိုတာထက်

အိပ်မက်တွေလွဲခဲ့ရတာကိုပဲနှမြောတယ်

နာကျည်းတယ်ဆိုတာထက်

လောင်းရိပ်ကိုကောင်းကင်ထင်ခဲ့မိတာကိုပဲ

ကြေကွဲတယ် ။


၂၁. ၉. ၂၀၂၀